KBZPay ချေးငွေ ၃လ ဆိုင်းငံ့ပေးသည့်အစီအစဉ်

KBZPay ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေအား လျှောက်ထားရယူခဲ့သော သုံးစွဲသူများအနေဖြင့် မိမိတို့ချေးငွေပြန်ဆပ်မှု၏ နောက် ၃လအတွက် ချေးငွေ ဆိုင်းငံ့ပေးသည့်အစီအစဉ်ကို ရယူခံစားနိုင်ပါပြီ။ (ဥပမာ – မိမိလစဉ်ပြန်ဆပ်မှုကို မတ်လအတွက်နောက်ဆုံး ပြုလုပ်ထားပါက ဧပြီ၊ မေ၊ ဇွန် ၃လအတွက် ချေးငွေကိုဆိုင်းငံ့နိုင်မည်ဖြစ်ပါသည်။)

ချေးငွေဆိုင်းငံ့ပေးသည့် ၃လအတွင်း ဒဏ်ကြေး၊ နောက်ကျကြေး တို့ကိုလည်းပေးဆောင်ရန်မလိုအပ်ပါ။ ချေးငွေ ဆိုင်းငံ့ပေးသည့်အစီအစဉ်ပြီးဆုံး၍ ချေးငွေပြန်ဆပ်မှုများ ပြန်လည်စတင်ပါက ပြန်လည်စတင်မည့်ရက်မတိုင်ခင် ဆက်သွယ်အကြောင်းကြားပေးသွားမည် ဖြစ်ပါတယ်။

KBZPay ဈေးဝယ်ချေးငွေနှင့် ကိုယ်ပိုင်ချေးငွေအား အသုံးပြုခြင်းအတွက် ကျေးဇူးတင်ပါတယ်။