ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ customer များအနေဖြင့် KBZPay မှတဆင့် ဘဏ်ခွဲ appointment ရယူနိုင်ပါပြီ



KBZPay အသုံးပြုသူ – အဆင့် ၁.၅ နှင့် ၂ ရှိသူများအနေဖြင့် KBZPay မှတဆင့် ဘဏ်ခွဲ appoinment ရယူနိုင်ပြီဖြစ်ပါသည်။ငွေသားထုတ်ယူခြင်းဝန်ဆောင်မှု ရယူလိုသော customer များအနေဖြင့် KBZPay ၏ ‘Branch Appointments’ မှတဆင့် ကြိုတင်စာရင်းပေးကာ ဝန်ဆောင်မှုရယူနိုင်ပါသည်။ ငွေသားထုတ်ယူခြင်းဝန်ဆောင်မှုမှအပ အခြားသောဝန်ဆောင်မှုများအားလုံးအတွက် customer များအနေဖြင့် ကမ္ဘောဇဘဏ်ခွဲများသို့ ဘဏ်ဖွင့်ချိန် နံနက် ၉ နာရီခွဲမှ ညနေ ၃ နာရီအထိ ကြိုတင်ချိန်းဆိုမှု မလိုအပ်ပဲ ဝန်ဆောင်မှုရယူနိုင်ပါသည်။

ငွေသားထုတ်ယူရန် appointment များရယူရာတွင် မိမိ၏ကိုယ်ပိုင် KBZPay အကောင့်ဖြင့် booking ပြုလုပ်ခြင်းကိုသာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အခြားသူ၏ အကောင့်မှ booking ယူထားသော appointment များအတွက် ဝန်ဆောင်မှုမရရှိနိုင်ကြောင်း အသိပေးအပ်ပါသည်။ ငွေသားထုတ်ယူသည့် ဝန်ဆောင်မှုများအတွက် customer များသည် မိမိတို့၏ ကိုယ်ပိုင်ဘဏ်အကောင့်နံပါတ်ကိုဖြည့်သွင်းပြီး appointment ရယူရန်လိုအပ်ပါသည်။

KBZPay ဖြင့် Branch Appointment ရယူပုံအဆင့်ဆင့်ကို ဤဗွီဒီယိုတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://youtu.be/VAnJ4zpPa6E

KBZPay ဒေါင်းလုတ်ရယူရန် 
iOS – https://apple.co/31igRU9
Android – http://bit.ly/2RP3U0N

အခုဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် KBZPay အကောင့်ကိုအဆင့် ၁.၅ သို့မြှင့်တင်ထားရန်လိုအပ်ပါတယ်။ အဆင်မြှင့်တင်ရန် နေရာကို ကြည့်ပါ။