KBZPay မှတဆင့် Flymya တွင် ဘိုကင်တင်ပြီး ၂,၀၀၀ ကျပ် ပြန်လည်ရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှတဆင့် Flymya တွင် ဘိုကင်တင်ပြီး ပြန်အမ်းငွေ ၂,၀၀၀ကျပ် အထိရယူပါအစီအစဉ် ကာလသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှ  ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၅) ရက်နေ့ အထိဖြစ်ပါသည်

၂။ ​KBZPay အသုံးပြုသူ Level 1, 1.5 နှင့် 2 Customers များအားလုံးသည် Flymya တွင် လေကြောင်းခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များအား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၅၀,၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် ပြန်အမ်းငွေ ၂,၀၀၀ ကျပ်အား အစီအစဉ်ကာလအတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ၅၀,၀၀၀ကျပ်နှင့်အထက် မည်မျှကျသင့်စေကာမူ ပြန်အမ်းငွေ ၂,၀၀၀ ကျပ်ကိုသာလျှင် ပြန်လည်ထည့်သွင်းပေးမည်ဖြစ်သည်။

၃။ ပြန်အမ်းငွေအား ဤအစီအစဉ်အရ ပြန်အမ်းငွေရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်ကာလအတွင်း KBZPay အားအသုံးပြု၍ Flymya တွင် ဝယ်ယူသော KBZPay Customer များအား ပြန်အမ်းငွေ ၂,၀၀၀ ကျပ်အားရရှိစေရန်ဖြစ်ပြီး Customer မှ ဝယ်ယူပြီး လေကြောင်းခရီးစဉ်လက်မှတ်များနှင့် ဟိုတယ်ဘိုကင်များအား အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Flymya နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၅။ ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၆။KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၇။ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၈။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

 ၉။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၀။  KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ပြန်အမ်းငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

 ၁၁။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၂။ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၃။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။