Medicare မှာ ကြိုက်နှစ်သက်ရာ ပစ္စည်းတွေ ဝယ်ယူပြီး ဒီဂျစ်တယ် ခဲခြစ်ကူပွန်များရယူလိုက်ပါ အစီစဉ်၏ စည်ကမ်းသတ်မှတ်ချက်များ

၁။ Medicare ဆိုင်တိုင်းမှာ KBZPay QR နဲ့ ဈေးဝယ်ပြီး လျှော့ဈေး ကူပွန်တွေရယူလိုက်ပါ

 Campaign ကာလသည် စက်တင်ဘာလ ၁၈ ရက်နေ့ မှ အောက်တိုဘာလ ၁၈ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ Medicare ဆိုင်တိုင်းမှာ KBZPay QR နဲ့ ဈေးဝယ်ပြီး လျှော့ဈေး ကူပွန်တွေရယူလိုက်ပါ

Campaign ၏ရည်ရွယ်ချက် မှာ KBZPay Level အဆင့် ၁.၅ နှင့် ၂ Customer များ မည်သည့် Medicare ဆိုင်တွင် မဆို QR ဖြင့်ဈေးဝယ်ယူရင်း လျှော့ဈေးကူပွန်များ ပြန်လည်ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၃။ Customer များသည် Medicare ဆိုင်များတွင် ၅၀၀ ကျပ်နှင့် အထက်  QR ဖြင့် ဈေးဝယ်ယူရင်း Digital ခဲခြစ် ကဒ် များရရှိနိုင်မည်ဖြစ်ပါသည်။ QR ဖြင့်ငွေပေးချေပြီးသည်နှင့် တစ်ပြိုင်တည်း Digital ခဲခြစ်ကဒ်ပြား ရရှိမည်ဖြစ်ကြောင်း အကြောင်းကြားစာ ကိုလက်ခံရရှိမည်ဖြစ်ပြီး Customer အနေဖြင့် ယင်းမှ တစ်ဆင့် Campaign page ထဲသို့ဝင်ရောက်ကာ ခဲခြစ်ကံစမ်းနိုင်ပြီး QR ဖြင့် ဈေးဝယ်ယူရန် ကျပန်းလျှော့ဈေး ကူပွန်များရရှိမည်ဖြစ်ပါသည်။ 

၄။ ရရှိနိုင်သော QR ဖြင့်ဈေးဝယ်ယူရန် ကျပန်းလျှော့ဈေးကူပွန်များမှာ – ၁၀၀ ကျပ်တန်ကူပွန်၊ ၁၅၀ ကျပ်တန် ကူပွန်၊ ၂၀၀ ကျပ်တန်ကူပွန် ၊ ၃၀၀ ကျပ်တန်ကူပွန် ၊ ၅၀၀ ကျပ်တန် ကူပွန် ၊ ၇၀၀၀ ကျပ်တန်ကူပွန် တို့ဖြစ်ပါသည်။ ထိုကူပွန်များအား KBZPay application ၏ My profile အောက်ရှိ “My Coupons “ တွင် ကြည့်ရှုနိုင်ပါသည်။ 

၅။ ကူပွန်တစ်စောင်လျှင် ဝယ်ယူမှု တစ်ကြိမ်အတွက်သာ အသုံးပြုနိုင်ပြီး ရရှိထားသော ကူပွန်များအား စုဆောင်းကာ ဝယ်ယူမှု တစ်ကြိမ်အတွက် အသုံးမပြု နိုင်ပါ။ ဥပမာ Customer သည် ၅၀၀ ကျပ်တန်ကူပွန်အား အသုံးပြုရန် ဈေးဝယ်ယူသည်ပမာဏသည် ၅၀၀ ကျပ်ထက် ပိုမိုရန်လိုအပ်ပါသည်။ 

၆။ Customer များသည်Digital ခဲခြစ် ကဒ် အား တစ်နေ့လျှင် ၃ ကြိမ်ရယူနိုင်ပါသည်။

၇။ Customer များသည် Campaign page (သို့) KBZPay application ပင်မ စာမျက်နှာမှ Campaign Banner မှတစ်ဆင့်လည်းကောင်း Official Account ( 5.x version အသုံးပြုသူများအတွက်) မှလည်းကောင်း in-app notification (3.x version အသုံးပြုသူများအတွက်) မှ လည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၈။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး  ၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါပြီး၊ သက်တမ်းမကုန်မီ မည်သည့် Medicare ဆိုင်တွင်မဆို အသုံးပြုနိုင်ပါသည်။ 

၉။ ရရှိထားသော Digital ခဲခြစ် ကဒ်များအား Campaign ကာလ မကုန်ဆုံးခင်အချိန်အထိ မခြစ်ဘဲ ထားရှိနိုင်ပြီး နောက်ထပ်ရရှိလာသော ခဲခြစ်ကဒ်များနှင့် အတူတကွ စုပေါင်းခြစ်၍လည်း အသုံးပြုနိုင်ပါသည်။ ဥပမာ ပထမနေ့တွင်ရရှိလာသော Digital ခဲခြစ်ကဒ် အား မခြစ်ဘဲထားရှိကာ နောက်နေ့တွင် ထပ်မံရရှိလာသော ခဲခြစ်ကဒ် များနှင့် အတူတကွ ခြစ်၍ အစီအစဉ်ကာလ မပြီးဆုံးခင်အတွင်း အသုံးပြုနိုင်ပါသည်။ 

၁၀။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၁။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၂။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၄။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၅။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် Data package လျှော့ဈေး ကူပွန် သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၆။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၇။ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။