သီတင်းကျွတ် မှာ KBZPay ကနေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိ မုန့်ဖိုးမျှဝေရယူပါ အစီအစဉ်၏ စည်ကမ်းသတ်မှတ်ချက်များ

၁။ သီတင်းကျွတ် မှာ KBZPay ကနေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ Campaign ကာလသည် အောက်တိုဘာလ ၁၅ ရက်နေ့ မှ အောက်တိုဘာလ ၂၁ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign သည် KBZPay မည့်သည့် Level မဆိုပါဝင်နိုင်ပြီး ရောင်စုံဆီမီးလေးများအား KBZPay pocket money အား ဖွင့်ရမည့် ရက် ၁၉,၂၀,၂၁ ရက် မတိုင်မီ စုဆောင်းထားဖို့လိုအပ်ပါသည်။ 

၂။ သီတင်းကျွတ် မှာ KBZPay ကနေကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ Campaign ၏ရည်ရွယ်ချက် မှာ KBZPay မည်သည့်  Level  Customer မဆို သီတင်းကျွတ်ကာလအတွင်း မုန့်ဖိုးများ နှင့် လျှော့ဈေး  ကူပွန်များ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၃။  Campaign ကာလအတွင်း Customer များသည် သီတင်းကျွတ် မုန့်ဖိုးအား ရယူရန် ရောင်စုံ ( အဝါ၊အစိမ်း၊အနီ၊အပြာ၊ခရမ်း) ဆီမီး ၅ခု  ကို စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။   ဆီမီးလေးများစုဆောင်းနေစဉ်၊ Customer များသည် ဆီမီးအရောင်တစ်ခုလျှင် လျှော့ဈေးကူပွန် တစ်ခု ရရှိမည်ဖြစ်ပြီး အရောင်းမိတ်ဖက်ဆိုင်များတွင် Online (short code နှင့်ဈေးဝယ်ယူခြင်း) ၊ Offline ( QR scan ဖြင့်ဈေးဝယ်ယူခြင်း) ဈေးဝယ်ယူမှု များအတွက် ပြန်လည်အသုံးပြု နိုင်မည်ဖြစ်ပါသည်။  လျှော့ဈေးကူပွန်များရယူရန်၊ Customer သည် ဆီမီးကိုရရှိပြီးသည်နှင့် Campaign Page ထဲမှ “ Check my lamp” အား နှိပ်ကာ မိမိစုဆောင်းရရှိထားသော ဆီမီးများကိုတွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ မိမိစုဆောင်းထားသော ဆီမီးကဒ်ကို တစ်ဖက်သို့လှန်ကာ Digital ခဲခြစ်ကဒ်ပြားအားရယူနိုင်ပါသည်။ ထို့နောက်ယင်း ကဒ်ပြားအား ခြစ်၍ လျှော့ဈေး ကူပွန်ရယူနိုင်ပြီဖြစ်ပါသည်။ ရရှိလာသော ကူပွန်များကို “My profile” အောက်ရှိ “My coupons “ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ 

Campaign ကာလအတွင်း KBZPay အကောင့် အသစ်ဖွင့်သော Customer များအနေဖြင့် ကူပွန်များကို စာရင်းသွင်းစစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၅။ Customer များသည် ဆီမီးလေးများအား သူငယ်ချင်းများထံသို့ပေးပို့ရာတွင် ဆီမီးကဒ် ၏ နောက်ကျောဘက်တွင်ပါရှိသော Digital ခဲခြစ်ကဒ်အား မခြစ်ရသေးဘဲ ပေးပို့ပါက အဆိုပါကဒ်သည် သူငယ်ချင်းထံသို့ ဆီမီးနှင့် အတူ လျှော့ဈေးကူပွန် ရယူနိုင်သော Digital ခဲခြစ်ကဒ် ရောက်ရှိသွားမည်ဖြစ်ပြီး ၊ Digital ခဲခြစ် ကဒ် အား ခြစ်ကာ ကူပွန်အား ရယူပြီးပါက လက်ခံသူ သူငယ်ချင်းသည် ဆီမီးကဒ် ကိုသာရရှိမည်ဖြစ်ပြီး Digital ခဲခြစ်ကဒ် နှင့် ကူပွန်ကိုမူ ရရှိမည် မဟုတ်ပါ။ 

၆။ သီတင်းကျွတ်မုန့်ဖိုး အား ဖွင့်ဖောက်ရယူရန် အရောင် ၅ ရောင် သော ဝါ၊စိမ်း၊နီ၊ပြာ၊ ခရမ်း  ဆီမီးလေးများကို အပြည့်အစုံ စုဆောင်းထားရန်လိုအပ်ပါသည်။ 

၇။ ရောင်စုံဆီမီးလေးများအားအောက်ဖော်ပြပါ နည်းလမ်းများမှ စုဆောင်းရယူနိုင်ပါသည်။ 

  • Campaign page တွင် နေ့စဉ် Check-In ဝင်ရောက်၍ ကျပန်း ရရှိသော ဆီမီးခွက် ၁ ခု ကို တစ်နေ့ တစ်ကြိမ် ရယူနိုင်ပါသည်။ 
  • KBZPay အသုံးမပြုသော သူငယ်ချင်းများအား KBZPay Application အား register ပြုလုပ်ကာ Campaign တွင်ပါဝင်လာစေခြင်းဖြင့် အောင်မြင်စွာ ဖိတ်ခေါ်ခံရသူ လူ ၁ ဦးလျှင် ကျပန်း ဆီမီးခွက်တစ်ခု ၊ လူ၂ ဦးအားဖိတ်ခေါ်ပြီးလျှင် ကျပန်း ဆီမီးခွက် ၂ ခု နှင့် လူ ၃ ယောက်ဖိတ်ခေါ်ပြီး ခြင်းအတွက် ကံကောင်းခြင်း ဆီမီး ( Rainbow Lamp) အားရရှိမည်ဖြစ်ပြီး ၊ လူ ၃ ဦးတစ်ခါ ပြည့်တိုင်း ကံကောင်းခြင်း ဆီမီး တစ်ကြိမ်စီ ရရှိမည်ဖြစ်ပါသည်။ ထို့အတူ ဖိတ်ခေါ်ခံရသူမှလည်း Campaign တွင်ပါဝင်လိုက်သည်နှင့် ကံကောင်းခြင်း ဆီမီး တစ်ခုရရှိမည်ဖြစ်ပါသည်။ ကံကောင်းခြင်း ဆီမီးရရှိသော Customer သည် ဝါ၊စိမ်း၊နီ၊ပြာ၊ခရမ်း အရောင် ၅ ရောင် မှ မိမိကြိုက်နှစ်သက်ရာ ဆီမီးအရောင်သို့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ 
  • KBZPay 5.0 version နှင့်အထက် အသုံးပြုသူ Customer များသည် KBZPay Official Account ရှိ သီတင်းကျွတ် မုန့်ဖိုး ဆောင်းပါးမှတစ်ဆင့် Campaign page ထဲသို့ ဝင်ရောက်ကာ ကျပန်း ဆီမီး တစ်ခု ကို တစ်နေ့ တစ်ကြိမ် ရယူနိုင်ပါသည်။ 
  • Customer များသည် KBZPay ဖြင့် အနည်းဆုံးပမာဏ ၅၀၀၀ ထောင် ကျပ် အသုံးပြု၍ ဖုန်းငွေဖြည့်ခြင်း၊ ၊ ​ဒေတာ Package ဝယ်ယူခြင်း အရောင်းမိတ်ဖက် ဆိုင်များတွင် Online/offline ( QR scan / short code) ငွေပေးချေဝယ်ယူခြင်းဖြင့် ကျပန်းဆီမီး တစ်ခုကိုယူနိုင်ပါသည်။ ထို့အတွက် အများဆုံး တစ်နေ့လျှင် ကျပန်းဆီမီး ၃ ခု ကို ယူနိုင်ပါသည်။ 

၈။ Customer တစ်ဦးလျှင် အများဆုံး တစ်နေ့လျှင် ဆီမီး ၂၀ ခု ရယူနိုင်ပြီး ၊ Campaign ကာလ တစ်ခုလုံးအတွက် ဆီမီး ၅၀ ခု စုဆောင်းနိုင်ပါသည်။ 

၉။ Customer များသည် မိမိတို့​၏ ဆီမီးခွက်များအား သူငယ်ချင်းများထံသို့ Social application များမှတစ်ဆင့် ပေးပို့နိုင်ပြီး၊ သူငယ်ချင်းများ ထံမှလည်းပြန်လည် လက်ခံရယူနိုင်ပါသည်။ ဆီမီးခွက်များအား သူငယ်ချင်းများထံသို့ ပို့ခြင်း နှင့် လက်ခံရယူခြင်း အရေအတွက်ကန့်သတ်ထားခြင်းမရှိပါ။

၁၀။ ဆီမီးအရောင်စုံ  ၅ ခု စုဆောင်း ပြီးသော  Customer များသည် မုန့်ဖို့ရယူ မည့်ရက် ၁၉၊ ၂၀၊ ၂၁ ည ၈:၃၀ တွင် ဖွင့်ဖောက်ရယူနိုင်ပြီး အနည်းဆုံးဆီမီး အရောင်စုံ ၅ ခု တစ်စုံ အား ၈:၀၀ တိတိတွင် နောက်ဆုံးထား စုဆောင်းထားရန်လိုအပ်ပါသည်။ 

၁၁။ Pocket money အားဖွင့်ဖောက်ပြီးသည်နှင့် KBZPay အားလက်ရှိအသုံးပြုနေသော Customer များ နှင့် KBZPay အားအသစ်အသုံးပြုသူ Customerများသည် မိမိ၏ KBZPay wallet account ထဲသို့ မုန့်ဖိုးအားအနည်းဆုံး မိနစ် ၃၀ အကြာတွင် လက်ခံရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် KBZPay အားအသစ်အသုံးပြုသူ Customer သည် ၎င်းတို့၏ KBZPay wallet account ထဲမှမုန့်ဖိုး ပိုက်ဆံအား အသုံးပြုနိုင်ရန် KBZPay ၏ စာရင်းသွင်းလုပ်ငန်းစဉ် အတည်ပြုပြီးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ KYC issues ( အသုံးပြုသူတို့၏ အချက်အလက်များ ) စစ်ဆေးရာတွင် အကြောင်းတစ်စုံတရာ မမှန်မကန်မှု အားတွေ့ရှိခဲ့ပါက KBZPay သည် အဆိုပါ KBZPay အကောင့်အသစ်များအား ရပ်စဲခြင်း/ ဆိုင်းငံ့ခြင်း  နှင့် ဆုငွေ မုန့်ဖိုးအား ရုတ်သိမ်းခြင်း များ ပြုလုပ်ခွင့်ရှိပါသည်။

 ၁၂။ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၃။  Customer များသည် သီတင်းကျွတ် မုန့်ဖို့ ပမာဏ များများ ရရှိနိုင်ရန် ရောင်စုံဆီမီး အစုံလိုက် ပိုမိုစုဆောင်းနိုင်ပြီး သူငယ်ချင်းများအားလည်း ပိုမို ဖိတ်ခေါ်နိုင်ပါသည်။ 

၁၄။ Customer သည် ရောင်စုံ ဆီမီး ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း သီတင်းကျွတ် မုန့်ဖိုးအား ရယူရမည့်ရက် ၈:၃၀ တွင် မဖွင့်ဖောက် မိလျှင် နောက် ရက် ဖွင့်ဖောက်ရမည့် အကြိမ်ထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ 

၁၅။ ဖိတ်ခေါ်သူ customer များသည် Daily ranking list ဖြင့်လည်း မိမိ အောင်မြင်စွာ ဖိတ်ခေါ်ပြီးသူ အရေအတွက် ပေါ်မူတည်၍ အပိုဆောင်း ငွေသားဆုများ ထပ်မံရရှိမည်ဖြစ်ပါသည်။ 

Daily ranking list အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • 1st on daily ranking list – ၁၀၀,၀၀၀ ကျပ် 
  • 2nd on daily ranking list – ၅၀,၀၀၀ ကျပ် 
  • 3rd on daily ranking list -၃၀,၀၀၀ ကျပ်
  • 4th to 10th on daily ranking list – ၁၀,၀၀၀ ကျပ်
  • 11th to 50th on daily ranking list -၅,၀၀၀ကျပ်
  • 51st to 100th on daily ranking list – ၃,၀၀၀ ကျပ်

Daily ranking list အတွက် ငွေသားဆုငွေများအား Customer များ၏ KBZPay mobile wallet account ထဲသို့ Daily ranking တစ်နေ့တာပြီးဆုံးပြီးနောက် ၂၄ နာရီအတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၁၆။ Customerများသည် ဆီမီး ၁ ခု ကို လျှော့ဈေး ကူပွန် တစ်ခုရရှိမည်ဖြစ်ပြီး Online/ offline အရောင်းမိတ်ဖက်ဆိုင်များတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ ကူပွန်များအား အသုံးပြုရာတွင် ဈေးဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက် ပိုမိုရန်လိုအပ်ပါသည်။ 

၁၇။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး  ၇ ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ သက်တမ်းမကုန်မီ KBZPay ၏ အရောင်းမိတ်ဖက် ဆိုင်များတွင်  အသုံးပြုနိုင်ပါသည်။ 

၁၈။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၅ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၉။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၂၀။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၂၂။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၂၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)