ငွေထုတ်ယူခြင်းဝန်ဆောင်မှု ရယူနိုင်သော KBZPay Center များနှင့် ထုတ်ယူနိုင်သော ငွေသားပမာဏ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center (၁၄)ခုတွင် ငွေထုတ်ယူခြင်းဝန်ဆောင်မှုအား ၂၂.၁၁.၂၀၂၁ နေ့ ရက် မှ စတင်၍ ထပ်မံတိုးချဲ့လိုက်ပါပြီ။ 

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Branch Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၂၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။ထပ်မံတိုးချဲ့ထားသော KBZPay Center များနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။