KBZPay Center များအား အမျိုးသားနေ့ရုံးပိတ်ရက်တွင် ဖွင့်လှစ်မှာဖြစ်ပါတယ်

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးကို အမျိုးသားနေ့ရုံးပိတ်ရက်အပါအဝင် ပိတ်ရက်မရှိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါတယ်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (တနင်္လာနေ့မှ စနေနေ့အထိသာ) (appointment အား KBZPay branch appointment မှ ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိပါမည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း တို့ဖြစ်ပါသည်။

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Branch Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏအား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။ထပ်မံတိုးချဲ့ထားသော KBZPay Center များနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။