“KBZPay အကောင့်အသစ်များများ ဖွင့်ပေးပြီး ဆုကြေးအများဆုံး ၁၀သိန်းကျပ်အထိရယူလိုက်ပါ” အစီအစဉ်၏ စည်ကမ်းသတ်မှတ်ချက်များ

၁။ KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအတွက် “KBZPay အကောင့်အသစ်များများ ဖွင့်ပေးပြီး ဆုကြေးအများဆုံး ၁၀သိန်းကျပ်အထိရယူလိုက်ပါ” အစီအစဉ်ကာလသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ အထိဖြစ်ပါသည်။

၂။ E-commerce အရောင်းဆိုင်များနှင့် KBZ ဝန်ထမ်းကိုယ်စားလှယ်များမှလွဲ၍ KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များ အားလုံးသည် ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။  

၃။ ဤအစီအစဉ် ကာလအတွင်း KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည်  Customer များအား KBZPay အကောင့်အသစ်အား  Level 2 ထိ အောင်မြင်စွာဖွင့်ပေးခြင်းဖြင့် ဆုငွေများကို ရယူနိုင်မှာဖြစ်ပါသည်။ အစီအစဉ်ကာလအတွင်း Customer များအား KBZPay အသုံးပြုသူ Level 2အကောင့်အသစ်အများဆုံး အောင်မြင်စွာဖွင့်ပေးနိုင်သော အရောင်းကုန်ဆိုင် (သို့မဟုတ်) မိတ်ဖက်ကိုယ်စားလှယ်များသည် အဆင့်သတ်မှတ်ချက်အတွင်း အကျုံးဝင်မည်ဖြစ်ပြီး ဆုငွေအများဆုံး ၁၀သိန်းကျပ်ထိ ရရှိနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤအစီအစဉ်တွင် ပါဝင်သော KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည် အဆင့်သတ်မှတ်ချက်များကို KBZPay ပါတနာ အက်ပလီကေးရှင်းထဲရှိ အစီအစဉ်စာမျက်နှာတွင် မြင်ရမည်ဖြစ်ပါသည်။

၅။ ဤအစီအစဉ်၏အဆင့်သတ်မှတ်ချက်စာရင်း(Ranking list) တွင်ပါဝင်နိုင်ရန် KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည် Customer များအား  KBZPay အကောင့်အသစ်ကို Level 2 ထိ အောင်မြင်စွာဖွင့်ပေးနိုင်ရမည် ဖြစ်ပါသည်။ အဆင့်သတ်မှတ်ချက်များအား Ranking list တွင် အချိန်နှင့်တစ်ပြေးညီပြနေမည်ဖြစ်သော်လည်း အဆင့်သတ်မှတ်ချက်များသည် KBZPay မှ Customerများ၏ ကိုယ်ရေးအချက်အလက်များကို စီစစ်အတည်ပြုပြီးသည်နှင့် ပြောင်းလဲမှုရှိနိုင်ပါသည်။

၆။ KBZPay အကောင့်အသစ် Level 2 Customer များ၏ ကိုယ်ရေးအချက်အလက်များကို စီစစ်အတည်ပြုပြီးနောက် အကောင့်အသစ် Level 2 ကို အမှန်တကယ် အောင်မြင်စွာ ဖွင့်ပေးနိုင်သည့် KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအား ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ တွင် Campaign Bannerရှိ နောက်ဆုံး အဆင့်သတ်မှတ်ချက်စာရင်းတွင် ဖော်ပြမည်ဖြစ်သည်။ ထိုအဆင့်သတ်မှတ်ချက်စာရင်းတွင်ပါရှိမည့် KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များထဲမှ ဆုရရှိခွင့်ရှိသည့် KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များကိုသာလျှင် ဖော်ပြပါ အဆင့်သတ်မှတ်ချက်အလိုက် ဆုကြေးငွေအား ပေးအပ်သွားမည်ဖြစ်သည်။

၇။ အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအတွက် ဆုကြေးအဆင့်သတ်မှတ်ချက်များ

အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များအတွက် ဆုကြေးအဆင့်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ဆုငွေ ၁,၀၀၀,၀၀၀ ကျပ်အတွက် ကံထူးရှင်တစ်ဦးရွေးချယ်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူအကောင့်အသစ်အများဆုံး အောင်မြင်စွာ ဖွင့်ပေးရမည်ဖြစ်ပါသည်။ (KBZPay အကောင့်အသစ်အသုံးပြုသူ အရေအတွက်အနည်းဆုံး အယောက် ၅၀ နှင့်အထက် အောင်မြင်စွာဖွင့်လှစ်ပေးမှသာအကျုံးဝင်ပါသည်) 
  • ဆုငွေ ၂၀၀,၀၀၀ ကျပ်အတွက် ကံထူးရှင် ၅ယောက် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူအကောင့်အသစ်များအား ဒုတိယအများဆုံးအစဉ်လိုက် အောင်မြင်စွာဖွင့်ပေးနိုင်သူ၅ယောက်ရရှိပါမည်။
  • ဆုငွေ ၁၀၀,၀၀၀ ကျပ်အတွက် ကံထူးရှင် ၁၀ယောက် ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူအကောင့်အသစ်များအား တတိယအများဆုံးအစဉ်လိုက် အောင်မြင်စွာဖွင့်ပေးနိုင်သူ၁၀ယောက်ရရှိပါမည်။ 
  • ဆုငွေ ၅၀,၀၀၀ ကျပ်အတွက် ကံထူးရှင် ၂၀ ယောက်အား ရွေးချယ်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူအကောင့်အသစ်များအား စတုတ္ထအများဆုံးအစဉ်လိုက် အောင်မြင်စွာဖွင့်ပေးနိုင်သူများရရှိပါမည်။
  • ဆုငွေ ၁၀,၀၀၀ ကျပ်အတွက် ကံထူးရှင် ၂၄ ယောက်အားရွေးချယ်ပေးသွားမည်ဖြစ်ပြီး အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူအကောင့်အသစ်များအား ပဉ္စမအများဆုံးအစဉ်လိုက် အောင်မြင်စွာဖွင့်ပေးနိုင်သူရရှိပါမည်။

၈။ ပထမဆုအတွက် အကျုံးဝင်သော အရောင်းကုန်ဆိုင် (သို့) မိတ်ဖက်ကိုယ်စားလှယ်သည် တစ်ဦးထက်ပိုနေ ပြီး KBZPay အကောင့်အသစ်ဖွင့်လှစ်ပေးထားသော ပမာဏပါတူညီနေပါက အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူ Level 2အကောင့်အသစ်အများဆုံးကို အရင်ဆုံးအောင်မြင်စွာ ဖွင့်ပေးနိုင်သောသူကိုသာ ရွေးချယ်သွားမည် ဖြစ်ပါသည်။

၉။ ဤအစီအစဉ်တွင် ပါဝင်ခွင့်ရသော KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည်သာ Campaign Banner မှတစ်ဆင့် အစီအစဉ်တွင်ဝင်ရောက်ပါဝင် နိုင်မည်ဖြစ်ပြီး အစီအစဉ်နှင့် ပတ်သက်သော Notification များကို ရရှိမှာဖြစ်ပါသည်။

၁၀။ KBZPay အသုံးပြုမည့် Customer အသစ်များအား KBZPay Level 2 အကောင့်အသစ် အောင်မြင်စွာဖွင့်ပေးသော KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များကိုသာလျှင် အဆင့်သတ်မှတ်ချက်စာရင်းတွင် ထည့်သွင်းတွက်ချက်မည်ဖြစ်သည်။ KBZPay အရောင်း ကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များမှ KBZPay Level 1 နှင့် Level 1.5 Customer များကို Level 2 သို့ အဆင့်မြှင့်ရန် ကူညီပေးခြင်းတို့အား ဤ Campaign ၏ အဆင့်သတ်မှတ်ချက်စာရင်းတွင် ထည့်သွင်းတွက်ချက်မည် မဟုတ်ပါ။

၁၁။ ဆုငွေရရှိသော KBZPay အရောင်းကုန်ဆိုင်များနှင့် မိတ်ဖက်ကိုယ်စားလှယ်များသည် ဆုငွေများကို အစီအစဉ်ကာလပြီးဆုံးပြီး ရုံးဖွင့်ရက်၇ရက်အတွင်း မိမိ၏ ပါတနာ အပ်ပလီကေးရှင်း မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ လက်ခံရရှိမည်ဖြစ်ပါသည်။ ဆုကြေးငွေအား ရုံးဖွင့်ရက် (၇)ရက်အတွင်း ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။ 

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN များကိုတောင်းခံမည်မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို ဤအစီအစဉ်မှ ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ KBZPay  အရောင်းကုန်ဆိုင်များ၊ မိတ်ဖက်ကိုယ်စားလှယ်များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၅။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း မိတ်ဖက် များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၆။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZ အနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။