KBZPay ကနေ နှစ်သစ်မှာကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ကနေ နှစ်သစ် မှာကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ Campaign ကာလ သည် ဒီဇင်ဘာလ ၂၆ နေ့မှ  ရက်နေ့ မှ ဇန်န၀ါရီလ ၁  ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay မည့်သည့် Level Customer မဆိုပါဝင်နိုင်ပြီး နှစ်သစ် လက်တောင်ဗူးလေး ၅ ခု အား KBZPay pocket money အား ဖွင့်ရမည့် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ  ၃၀၊ ၃၁ နှင့် ၂၀၂၂ခုနှစ် ဇန်န၀ါရီလ ၁  ရက်နေ့ မတိုင်မီ စုဆောင်းထားဖို့လိုအပ်ပါသည်။ 

၂။ KBZPay ကနေ နှစ်သစ် မှာကျပ်သိန်းပေါင်း ၁၀၀၀ ကျော် အထိမုန့်ဖိုးမျှဝေရယူပါ  Campaign ၏ရည်ရွယ်ချက် မှာ KBZPay အား အသုံးပြုနေသည့် မည်သည့်  Level  Customer မဆို နှစ်သစ် ကာလအတွင်း မုန့်ဖိုးများ နှင့် အထူးအရောင်းမိတ်ဖက် ဆိုင်များ ၏ လျှော့ဈေး  ကူပွန်များ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၃။ Campaign ကာလအတွင်း Customer များသည် နှစ်သစ် မုန့်ဖိုးအား ရယူရန် နှစ်သစ်လက်ဆောင်ဗူး  ၅ခု တစ်စုံ ကို အစုံလိုက် စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ နှစ်သစ်လက်ဆောင်ဗူးလေးများအားစုဆောင်းနေစဉ် Customer များသည် အချို့သော နှစ်သစ်လက်ဆောင်ဗူးလေးများတွင်ပါ၀င်သော  အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် ရရှိမည်ဖြစ်ပြီး ယင်း အရောင်းမိတ်ဖက်ဆိုင်များတွင်သာ  Online (short code နှင့်ဈေးဝယ်ယူခြင်း)၊ Offline (QR scan ဖြင့်ဈေးဝယ်ယူခြင်း) စသောဈေးဝယ်ယူမှု များတွင် လျှော့ဈေးကူပွန်ကို ပြန်လည်အသုံးပြု နိုင်မည်ဖြစ်ပါသည်။  လျှော့ဈေးကူပွန်များရယူရန်၊ Customer သည် နှစ်သစ်လက်ဆောင်ဗူးလေးများကို ရရှိပြီးသည်နှင့်မိမိစုဆောင်းရရှိထားသော လက်ဆောင်ဗူးလေးများကို  Campaign page ထဲတွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ မိမိစုဆောင်းထားသော လက်ဆောင်ဗူးကို တစ်ဖက်သို့လှန်ကာ Digital ခဲခြစ်ကဒ်ပြားအားရယူနိုင်ပါသည်။ ထို့နောက်ယင်း ကဒ်ပြားအား ခြစ်၍ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေး ကူပွန်ရယူနိုင်ပြီဖြစ်ပါသည်။ ရရှိလာသော ကူပွန်များကို “My Profile” အောက်ရှိ “My Coupons “ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ 

၅။ လက်ဆောင်ဗူးတစ်ခုလျှင်  KBZPay ၏ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် နှင့် KBZPay ​၏ အရောင်းမိတ်ဖက်လျှော့ဈေးကူပွန်များအား ကိုယ်စားပြုပါသည်။ အကယ်၍ Customer များသည် အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ ကူပွန်ကိုရရှိခဲ့ပါက အဆိုပါ ကူပွန်အားသက်ဆိုင်ရာ အရောင်းမိတ်ဖက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၆။ လက်ဆောင်ဗူးတစ်ခုလျှင်သက်ဆိုင်ရာအထူးအရောင်းမိတ်ဖက်ဆိုင်တစ်ဆိုင်ကို  အောက်ပါအတိုင်း ကိုယ်စားပြုမည်ဖြစ်မည်ဖြစ်သည်။

  • အပြာရောင် လက်ဆောင်ဗူးသည်  Telenor  လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန် အား Telenor ဒေတာ Package ဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • အစိမ်းရောင်လက်ဆောင်ဗူးသည်  KBZPay ၏ လျှော့ဈေး ကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်များအား အရောင်းမိတ်ဖက်ဆိုင်များတွင် Online / Offline ဈေးဝယ်ခြင်းနှင့် KBZPay app မှတဆင့် ဒေတာ Package ဝယ်ယူခြင်း၊ Gift Card ဝယ်ယူခြင်း တို့အတွက် ပေးချေရာတွင်   ပြန်လည်အသုံးပြုနိုင်ပါသည်။
  • အဝါရောင်လက်ဆောင်ဗူးသည် 528 Pharmacy & Drugstore လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား 528 Pharmacy & Drugstore အရောင်းဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လှည်အသုံးပြုနိုင်ပါသည်။ 
  • ခရမ်းရောင်လက်ဆောင်ဗူးသည် Medicare လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား Medicare အရောင်းဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လှည်အသုံးပြုနိုင်ပါသည်။ 
  •  အနီရောင်လက်ဆောင်ဗူးသည်  ERKE လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား ERKE အရောင်းဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လှည်အသုံးပြုနိုင်ပါသည်။ 

၇။ Campaign ကာလအတွင်း KBZPay အကောင့် အသစ်ဖွင့်သော Customer များအနေဖြင့် ကူပွန်များကို စာရင်းသွင်းစစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၈။ Customer များသည် ပိုနေသော လက်ဆောင်ဗူးလေးများအား သူငယ်ချင်းများထံသို့ပေးပို့ရာတွင် လက်ဆောင်ဗူးလေး၏ နောက်ကျောဘက်တွင်ပါရှိသော Digital ခဲခြစ်ကဒ်အား မခြစ်ရသေးဘဲ ပေးပို့ပါက အဆိုပါကဒ်သည် သူငယ်ချင်းထံသို့ လက်ဆောင်ဗူးနှင့်  အတူ လျှော့ဈေးကူပွန် ရယူနိုင်သော Digital ခဲခြစ်ကဒ် ရောက်ရှိသွားမည်ဖြစ်ပြီး ၊ Digital ခဲခြစ် ကဒ် အား ခြစ်ကာ ကူပွန်အား ရယူပြီးပါက လက်ခံသူ သူငယ်ချင်းသည် လက်ဆောင်ဗူးကို သာရရှိမည်ဖြစ်ပြီး Digital ခဲခြစ်ကဒ် နှင့် ကူပွန်ကိုမူ ရရှိမည် မဟုတ်ပါ။ 

၉။ နှစ်သစ် မုန့်ဖိုး အား ဖွင့်ဖောက်ရယူရန် လက်ဆောင်ဗူး  ၅ ခု ဝါ၊စိမ်း၊နီ၊ပြာ၊ ခရမ်း  တို့တွင် တစ်ရောင်အနည်းဆုံး  စုဆောင်းထားရန်လိုအပ်ပြီး မုန့်ဖိုးများများရယူရန် လက်ဆောင်ဗူး  အရောင်စုံ ၅ ရောင်တစ်စုံ ၊ နှစ်စုံ၊ သုံးစုံ စသဖြင့် စုဆောင်းထားရန်လိုအပ်ပါသည်။ 

၁၀။ Customer များသည် စုဆောင်းထားသော လက်ဆောင်ဗူး ၅ ခု တစ်စုံကို မုန့်ဖိုးဖွင့်ဖောက်ရယူခြင်း တစ်ကြိမ်အတွက်သာအသုံးပြုနိုင်ပြီး နောက်တစ်ကြိမ်မုန့်ဖိုးဖွင့်ဖောက်ရယူခြင်းများအတွက် လက်ဆောင်ဗူးလေးများအား အစမှ ပြန်လည် စုဆောင်းရမည်ဖြစ်သည်။ 

၁၁။ လက်ဆောင်ဗူးလေးများအား အောက်ဖော်ပြပါ နည်းလမ်းများမှ စုဆောင်းရယူနိုင်ပါသည်။ 

  • KBZPay အသုံးမပြုသော သူငယ်ချင်းများအား KBZPay Application အား register ပြုလုပ်ကာ Campaign တွင်ပါဝင်လာစေခြင်းဖြင့် အောင်မြင်စွာ register ပြုလုပ်ပြီးသော ဖိတ်ခေါ်ခံရသူ လူ ၁ ဦးလျှင် ကျပန်း လက်ဆောင်ဗူး ၁ ခု  ၊ လူ၂ ဦးအားဖိတ်ခေါ်ပြီးလျှင် ကျပန်း လက်ဆောင်ဗူး ၂ ခု နှင့် လူ ၃ ယောက်ဖိတ်ခေါ်ပြီး ခြင်းအတွက် ကံကောင်းခြင်း လက်ဆောင်ဗူး တစ်ခု ( Rainbow color Gift Box ) အားရရှိမည်ဖြစ်ပြီး ၊ လူ ၃ ဦးတစ်ခါ ပြည့်တိုင်း ကံကောင်းခြင်း လက်ဆောင်ဗူး တစ်ကြိမ်စီ ရရှိမည်ဖြစ်ပါသည်။ ထို့အတူ ဖိတ်ခေါ်ခံရသူမှလည်း Campaign တွင်ပါဝင်လိုက်သည်နှင့် ကံကောင်းခြင်း လက်ဆောင်ဗူး တစ်ခုရရှိမည်ဖြစ်ပါသည်။ ကံကောင်းခြင်း လက်ဆောင်ဗူး ရရှိသော Customer သည် ဝါ၊စိမ်း၊နီ၊ပြာ၊ခရမ်း အရောင် ၅ ရောင် မှ မိမိကြိုက်နှစ်သက်ရာ လက်ဆောင်ဗူး အရောင်သို့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ 
  • KBZPay 5.x version နှင့်အထက် အသုံးပြုသူ Customer များသည် KBZPay Official Account အောက်ရှိ နှစ်သစ် မုန့်ဖိုးဆောင်းပါးအားများ တစ်နေ့တစ်ကြိမ် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် ကျပန်း လက်ဆောင်ဗူးတစ်ခုရရှိမည်ဖြစ်ပါသည်။ 
  • KBZPay 5.2 version နှင့်အထက် အသုံးပြုသူ Customer များသည် KBZPay message page မှတစ်ဆင့် သူငယ်ချင်း ၃ ယောက်အား ဖိတ်ခေါ်ခြင်းဖြင့် ကျပန်း လက်ဆောင်ဗူး တစ်ခုကိုရရှိမည်ဖြစ်ပြီး အဆိုပါ လုပ်ဆောင်ချက်အားပြီးမြောက်ရန် သူငယ်ချင်း ၃ ဦး လုံးမှ ဖိတ်ခေါ်ချက်အား လက်ခံရန်လိုအပ်ပါသည်။ 
  • Customer များသည် Campaign အကြောင်းအား သူငယ်ချင်းများထံသို့ အသိပေး မျှဝေခြင်းဖြင့်လည်း ကျပန်းလက်ဆောင်ဗူး တစ်ခုအား တစ်နေ့တစ်ကြိမ်ရယူနိုင်ပါသည်။ 
  • KBZPay 5.1 version နှင့် အထက် အသုံးပြုသူ Customer များအနေဖြင့် KBZPay Market ထဲသို့ တစ်နေ့လျှင် တစ်ကြိမ်ဝင်ရောက်ပြီး KBZPay Market ထဲမှ ပစ္စည်း (item) တစ်ခုအား Wishlist (သို့) shopping cart ထဲသို့ထည့်ခြင်းဖြင့် ကျပန်း လက်ဆောင်ဗူး တစ်ခု ကိုရယူနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်အတွက် Customer သည် Campaign page ထဲမှ တစ်ဆင့် ထိုလုပ်ဆောင်ချက်ကိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Campaign page ထဲမှ တစ်ဆင့် KBZPay Market သို့ဝင်ရောက်ရမည်ဖြစ်ပြီး ၊ Campaign page ထဲသို့ ပြန်လည်ဝင်ရောက်သော အခါတွင် ကျပန်း လက်ဆောင်ဗူး တစ်ခု ရရှိမည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay application မှ ဖုန်းငွေဖြည့်ခြင်းအား  အနည်းဆုံး ၅၀၀၀ ကျပ်အသုံးပြုခြင်းဖြင့် ကျပန်း လက်ဆောင်ဗူး  တစ်ခု ကို တစ်နေ့တစ်ကြိမ် ရယူနိုင်မည်ဖြစ်ပါသည်။ 
  • Customer များသည် အနည်းဆုံး ၄၅၀၀ ကျပ်အသုံးပြု၍ Gift Card ဝယ်ယူခြင်းဖြင့် ကျပန်း လက်ဆောင်ဗူး တစ်ခုကို တစ်နေ့တစ်ကြိမ်ရရှိမည်ဖြစ်ပါသည်။ 

၁၂။ Customer တစ်ဦးလျှင် အများဆုံး တစ်နေ့လျှင် လက်ဆောင်ဗူး  ၃၀ ခု ရယူနိုင်ပြီး ၊ Campaign ကာလ တစ်ခုလုံးအတွက်လက်ဆောင်ဗူး  ၉၀ ခု စုဆောင်းနိုင်ပါသည်။ 

၁၃။ Customer များသည် မိမိတို့​၏ လက်ဆောင်ဗူး များအား သူငယ်ချင်းများထံသို့ Social media application များမှတစ်ဆင့် ပေးပို့နိုင်ပြီး၊ သူငယ်ချင်းများ ထံမှလည်းပြန်လည် လက်ခံရယူနိုင်ပါသည်။

၁၄။ Customers များသည် ၂၀၂၁ခုနှစ်  ဒီဇင်ဘာလ ၃၀၊၃၁ နှင့် ၂၀၂၂ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့ ည ၈:၀၀ နာရီတိတိတွင် မုန့်ဖိုးအား ဖွင့်ဖောက်ယူနိုင်မည်ဖြစ်ပြီး မုန့်ဖိုးအားဖွင့်နိုင်ရန် အနည်းဆုံးလက်ဆောင်ဗူး  ၁ ခု အား ည ၇:၃၀ တွင်နောက်ဆုံးထား စုဆောင်းထားရမည်ဖြစ်သည်။ စုဆောင်းထားသော လက်ဆောင်ဗူး  အစုံလိုက် အရေအတွက်ပေါ်မူတည်ပြီး ရရှိသည့် မုန့်ဖိုးသည် ကွဲပြားနိုင်ပါသည်။

၁၅။ Pocket money အားဖွင့်ဖောက်ပြီးသည်နှင့် KBZPay အားလက်ရှိအသုံးပြုနေသော Customer များ နှင့် KBZPay အားအသစ်အသုံးပြုသူ Customerများသည် မိမိ၏ KBZPay Wallet Account ထဲသို့ မုန့်ဖိုးအားအနည်းဆုံး မိနစ် ၃၀ အကြာတွင် လက်ခံရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် KBZPay အားအသစ်အသုံးပြုသူ Customer သည် ၎င်းတို့၏ KBZPay Wallet Account ထဲမှမုန့်ဖိုး ပိုက်ဆံအား အသုံးပြုနိုင်ရန် KBZPay ၏ စာရင်းသွင်းလုပ်ငန်းစဉ် အတည်ပြုပြီးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ KYC issues (အသုံးပြုသူတို့၏ အချက်အလက်များ) စစ်ဆေးရာတွင် အကြောင်းတစ်စုံတရာ မမှန်ကန်မှု အားတွေ့ရှိခဲ့ပါက KBZPay သည် အဆိုပါ KBZPay အကောင့်အသစ်များအား ရပ်စဲခြင်း/ ဆိုင်းငံ့ခြင်း  နှင့် ဆုငွေ မုန့်ဖိုးအား ရုတ်သိမ်းခြင်း များ ပြုလုပ်ခွင့်ရှိပါသည်။ 

၁၆။ Customer များသည် KBZPay ​၏ မုန့်ဖိုးအား Website မှ တစ်ဆင့် login ဝင်ရောက်၍ ရယူနိုင်သော်လည်း ၊ မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay account အား မိမိ၏ မှန်ကန်သော အချက်အလက်များထည့်သွင်းကာ ဖွင့်ရမည်ဖြစ်ပါသည်။ အကယ်၍ Customer သည် KBZPay account အား မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay Account အား မဖွင့်ပါက KBZPay သည် အဆိုပါ မုန့်ဖိုးအား ပြန်လှည်ရုပ်သိမ်း ခွင့်ရှိပါသည်။ 

၁၇။ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၈။ Customer များသည် မုန့်ဖိုးပမာဏ များများ ရရှိနိုင်ရန် လက်ဆောင်ဗူးအစုံလိုက် ပိုမိုစုဆောင်းနိုင်ပြီး သူငယ်ချင်းများအားလည်း ပိုမို ဖိတ်ခေါ်နိုင်ပါသည်။ 

၁၉။ Customer သည်လက်ဆောင်ဗူး ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း မုန့်ဖိုးအား ရယူရမည့်ရက် ၈:၀၀ တွင် မဖွင့်ဖောက်မိလျှင် နောက်တစ်ကြိမ်ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ 

၂၀။ ဖိတ်ခေါ်သူ Customer များသည် Daily Ranking List ဖြင့်လည်း မိမိ အောင်မြင်စွာ ဖိတ်ခေါ်ပြီးသူ အရေအတွက် ပေါ်မူတည်၍ အပိုဆောင်း ငွေသားဆုများ ထပ်မံရရှိမည်ဖြစ်ပါသည်။ 

Daily ranking list အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • 1st on daily ranking list – ၁၀၀,၀၀၀ ကျပ် 
  • 2nd on daily ranking list – ၅၀,၀၀၀ ကျပ် 
  • 3rd on daily ranking list -၃၀,၀၀၀ ကျပ်
  • 4th to 10th on daily ranking list – ၁၀,၀၀၀ ကျပ်
  • 11th to 50th on daily ranking list -၅,၀၀၀ကျပ်
  • 51st to 100th on daily ranking list – ၃,၀၀၀ ကျပ်

Daily Ranking List အတွက် ဆုငွေများအား Customer များ၏ KBZPay Wallet Account ထဲသို့ Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် ၇ ရက်အတွင်း အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၂၁။ Customerများသည် လက်ဆောင်ဗူး ၁ ခု ကို အရောင်းမိတ်ဖက်တစ်ဆိုင်​၏ လျှော့ဈေးကူပွန်ရ ရှိမည်ဖြစ်ပြီး ထိုအရောင်းမိတ်ဖက်ဆိုင်တွင်သာ  KBZPay app ဖြင့်  Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay ​၏ လျှော့ဈေးကူပွန်ကို ရရှိခဲ့လျှင် KBZPay၏ မည်သည်အရောင်းမိတ်ဖက်ဆိုင်တွင်မဆို Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ကူပွန်များအား အသုံးပြုရာတွင် ဈေးဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက် ပိုမိုရန်လိုအပ်ပါသည်။ 

၂၂။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး   ၁၄ ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ သက်တမ်းမကုန်မီ KBZPay ၏ အထူးအရောင်းမိတ်ဖက် ဆိုင်များတွင်  အသုံးပြုနိုင်ပါသည်။ 

၂၃။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၂၂ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၁၄ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၄။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၂၅။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆိုဤအစီအစဉ်မှ ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၆။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၂၇။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၂၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၃၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၃၁။KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၃၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

( ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)