မြန်မာနိုင်ငံရှိ KBZPay Center များမှထုတ်ယူနိုင်သော ငွေသားပမာဏ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးတွင် နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ KBZPay Center များအားလုံးတွင် KBZPay အေးဂျင့်မှငွေထုတ်ယူခြင်း ဝန်ဆောင်မှုအား KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ် ဖြင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်မှ စတင်၍ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking (KBZPay အေးဂျင့်မှငွေထုတ်ခြင်း) အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ်) အား သတ်မှတ် ထားသော အေးဂျင့်  ဝန်ဆောင်ခ (ကျပ်၂,၄၀၀) ပေးဆောင်၍ ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9