ဘဏ်ခွဲများနှင့် KBZPay Center မှ ငွေသားထုတ်ယူရန် KBZPay Book Appointment မှ booking ရယူပါ

Branch တွင် ဘိုကင် ရယူနိုင်ရန်အတွက် လူကြီးမင်းတွင် အသုံးပြုလို့ရသည့် ငွေစုဘဏ်အပ်ငွေစာရင်းနံပါတ် (သို့) စာရင်းရှင်အပ်ငွေစာရင်း နံပါတ် (သို့) ခေါ်ယူအပ်ငွေစာရင်းနံပါတ် တစ်ခု ရှိရန် လိုအပ်ပါသည်။ KBZPay Center တွင် ဘိုကင်ရယူနိုင်ရန်အတွက် Level 1.5 နှင့် အထက်ရှိသော KBZPay Account ရှိရန် လိုအပ်ပါသည်။ 

KBZPay အတွင်းရှိ “Book Appointment” လုပ်ဆောင်ချက်အား ရွေးပြီး ငွေသားထုတ်ယူလိုသည့် အမျိုးအစား အား ရွေးချယ်ပါ။ ထို့နောက် မြို့နယ် ၊ ငွေသားသွားရောက်ထုတ်ယူလိုသည့် တည်နေရာ ၊ အချိန်အား ရွေးချယ်ပြီး “Book Now” အား နှိပ်ပါ။ 

ဘဏ်ခွဲများ အတွက် Booking အား တနင်္ဂနွေနေ့ မှ ကြာသပတေးနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။

KBZPay Center များမှ ငွေသား ထုတ်ယူနိုင်မည့် ဘိုကင် အား တနင်္ဂနွေနေ့ မှ သောကြာနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။

“Branch/KBZPay Center Booking” ၏ တိုကင်များအား ထို့နေ့ ည ၁၀ နာရီ တွင် ထုတ်ပေးသွားမည်ဖြစ်ပါသည်။ တိုကင်ရရှိသည့် Customer များကိုလည်း  SMS မှ တစ်ဆင့် အကြောင်းကြားသွားမည်ဖြစ်ပြီး  KBZPay အတွင်းသို့ ည ၁၀ နာရီ နောက်ပိုင်းတွင်လည်း ဝင်ရောက် ကြည့်ရှု စစ်ဆေးနိုင်ပါသည်။

“KBZPay Cash Out” မှ ငွေသားထုတ်ယူနိုင်မည့် တိုကင် ဖြင့် မြန်မာငွေကျပ် ၃၀၀,၀၀၀ အထိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ “Individual Account Withdrawal (MMK/USD) မှ ငွေသား ထုတ်ယူနိုင်မည့် တိုကင်ဖြင့် မြန်မာငွေကျပ် ၅၀၀,၀၀၀ အထိ ထုတ်ယူနိုင်မည်ဖြစ်ပါသည်။ 

Branch Appointment အတွက် Booking အား တနင်္ဂနွေနေ့ မှ ကြာသပတေးနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။ KBZPay Center များမှ KBZPay Cash Out အတွက် Booking အား တနင်္ဂနွေနေ့ မှ သောကြာနေ့  မနက် ၉ နာရီ မှ ည ၉ နာရီကြားအတွင်းတွင် ပြုလုပ်နိုင်ပါသည်။ ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားထုတ်ယူသည့် ရက်မှ ၇ ရက်အကြာတွင် ပြန်လည် booking တင်နိုင်မည်ဖြစ်ပါသည်။ အပါတ်စဉ် ငွေသားထုတ်ယူရန် booking ရရှိသော customer များသည် ငွေသားအား အပါတ်စဉ်ထုတ်ယူနိုင်မည့် အခွင့်အရေးရရှိမည် ဖြစ်ပါသည်။

တိုကင် ရရှိပြီးလျှင် customer များသည် သတ်မှတ်ထားသည့် Branch/KBZPay Center များတွင် သတ်မှတ်ထားသည့် နေ့ရက် ၊ အချိန် အတွင်း သွားရောက် ထုတ်ယူနိုင်ပါသည်။ လူကြီးမင်း ငွေသား ထုတ်ယူနိုင်မည့် နေ့ရက် ၊ အချိန် နှင့် နေရာ ကို KBZPay အတွင်းသို့ ထိုနေ့ ည ၁၀ နာရီ နောက်ပိုင်းတွင် ပြန်လည် ဝင်ရောက်ပြီး စစ်ဆေးနိုင်ပါသည်။