KBZPay Blue App မှတဆင့် Flymya တွင် လေယာဉ်လက်မှတ် (သို့) ဟိုတယ်ဘိုကင် (သို့) ကားလက်မှတ်များ ဝယ်ယူပြီး ပြန်အမ်းငွေ ၄,၀၀၀ကျပ် ရယူပါအစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် Flymya တွင် လေယာဉ်လက်မှတ် (သို့) ဟိုတယ်ဘိုကင် (သို့) ကားလက်မှတ်များ ဝယ်ယူပြီး ပြန်အမ်းငွေ ၄,၀၀၀ကျပ် ရယူပါအစီအစဉ် ကာလသည် ၂၀၂၂ ခုနှစ် မတ်လ (၃၀) ရက်နေ့ မှ  ၂၀၂၂ ခုနှစ် မေလ (၁၃) ရက်နေ့ အထိဖြစ်ပါသည်။

၂။ ​KBZPay အသုံးပြုသူ Level 1, 1.5 နှင့် 2 Customers များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် Flymya တွင် လေကြောင်းခရီးစဉ်လက်မှတ်များ (သို့) ဟိုတယ်ဘိုကင်များ (သို့) ကားလက်မှတ်များ အား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၃၀,၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် ပြန်အမ်းငွေ ၄,၀၀၀ ကျပ်အား အစီအစဉ်ကာလအတွင်း ရယူနိုင်မည် ဖြစ်ပါသည်။ ၃၀,၀၀၀ကျပ်နှင့်အထက် မည်မျှကျသင့်စေကာမူ ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ကိုသာလျှင် ပြန်လည်ထည့်သွင်းပေးမည်ဖြစ်သည်။

၃။ ပြန်အမ်းငွေအား ဤအစီအစဉ်အရ ပြန်အမ်းငွေရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ကို အစီအစဉ်ကာလအတွင်း နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်သည်။

၅။ ဤအစီအစဉ်အား  KBZPay  အသုံးပြု၍ Flymya တွင် ဝယ်ယူသော KBZPay Customer များကို ပြန်အမ်းငွေ ၄,၀၀၀ ကျပ်ရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး Customer မှ ဝယ်ယူပြီး လေကြောင်းခရီးစဉ်လက်မှတ်များ ၊ ဟိုတယ်ဘိုကင်များ နှင့် ကားလက်မှတ်များ အား နေ့ရက်နှင့်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Flymya နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၆။ ဤအစီအစဉ် ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၇။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၈။ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ KBZPay Customer များ နှင့် KBZPay  တို့အကြားပေါ်ပေါက်သည့် အငြင်းပွားမှု တစ်စုံတစ်ရာ ရှိခဲ့လျှင် KBZ တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၀။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ။

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကို မျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိ သည်။

 ၁၂။  KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။