KBZPay Blue App မှတဆင့် 1875 Bay Din တွင် Baydin Service များ ဝယ်ယူပြီး ဆုကြေးငွေ အမြင့်ဆုံး 100,000 ကျပ်အထိ ရယူပါ အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် 1875 Bay Din တွင် Baydin Service များ ဝယ်ယူပြီး ဆုကြေးငွေ အမြင့်ဆုံး 100,000 ကျပ်အထိ ရယူပါ ( ဆုကြေးငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖိုး) Campaign ကာလသည် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့မှ  မေလ ၁ ရက်နေ့အထိ ဖြစ်ပါသည်။

၂။ KBZPay အသုံးပြုသူ Level 2 Customers များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် 1875 Bay Din တွင် နှစ်သက်ရာ ဗေဒင်ဝန်ဆောင်မှုများ အား  transaction တစ်ကြောင်းလျှင် အနည်းဆုံးပမာဏ ၂၀၀၀ ကျပ်နှင့် အထက် ဝယ်ယူခြင်းဖြင့် Lucky Draw ဆုကြေးငွေ အမြင့်ဆုံး ငွေ 100,000 ကျပ်အထိ အား Campaign ကာလအတွင်း ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။ ဆုကြေးငွေ စုစုပေါင်း ၁၀ သိန်းကျပ်ဖိုး ကံစမ်းခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။

၃။ Lucky Draw ဆုကြေးငွေ အား ဤ Campaign အရ Lucky Draw ဆုကြေးငွေ ရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ 1875 Bay Din မှ KBZPay ဖြင့် ဗေဒင်ဝန်ဆောင်မှုအား ဝယ်ယူထားသော Customerများ၏ KBZPay Level 2 Account Number များကို အခြေခံ၍ ကံထူးသူများကို 1875 Bay Din ၏ KBZPay Official Account တွင် တနင်္ဂနွေနေ့တိုင်း တစ်ပတ်အတွင်း ဝယ်ယူထားသော Customer များထဲမှ  Winner များအား ရွေးချယ်၍ Winner စာရင်းကို ကြေငြာပေးမည်ဖြစ်ပြီး တနင်္လာနေ့တိုင်းတွင် ကံထူးသည့် Winner များ၏ KBZPay  Account ထဲသို့ ၎င်းတို့ရရှိသည့် Lucky Draw ဆုကြေးငွေ ပမာဏအသီးသီးအား ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ (ပထမအပတ်တွင် ဝယ်ယူထားသူသည် ပထမအပတ်တွင်သာ ကံစမ်းခွင့်ရှိသည်။ နောက်တစ်ပတ်တွင် ထပ်မံကံစမ်းလိုပါက နောက်တစ်ပတ်တွင် ထပ်မံဝယ်ယူရပါမည်။) Lucky Draw ဆုကြေးငွေ ထည့်သွင်းပေးမည့် ရက်သည် အများပြည်သူ အလုပ်ပိတ်ရက်အတွင်း ကျရောက်ပါက သို့မဟုတ် ဘဏ်၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခြားသောကိစ္စရပ်များရှိပါက ပြောင်းလဲမှုရှိနိုင်ပါသည်။

၅။ ဤ Campaign အား   KBZPay  အသုံးပြု၍ 1875 Baydin တွင် ဝယ်ယူသော KBZPay Customer များကို ပြန်အမ်းငွေ 100,000 ကျပ်အထိ ရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး Customer မှ ဝယ်ယူပြီး service အား ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက 1875 Baydin နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၆။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၇။ KBZ  ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၈။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၉။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၀။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

 ၁၂။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၃။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၄။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၅။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။