KBZPay Center များအား သင်္ကြန် ပိတ်ရက်များအတွင်း ဖွင့်လှစ်ပေးထားပါတယ်

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များကို သင်္ကြန် ပိတ်ရက်များအတွင်း ဖွင့်လှစ်ပေးထားပါတယ်။

KBZPay Center များအားလုံးတွင် ၂၀၂၂ ခုနှစ် ဧပြီလ ၉ရက်နေ့မှ ၁၂ရက်နေ့အထိ နေ့စဉ် မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါသည်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း (appointment အား KBZPay book appointment မှ တစ်ရက်ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိနိုင်ပါသည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း 

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Book Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၃၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။

ငွေသားထုတ်ယူရန် Appointment ကို တစ်ရက်ကြိုတင်ပြီး ရယူနိုင်ပါတယ်။မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။