သင်္ကြန်မှာ KBZPay ကနေ ကျပ်သိန်းပေါင်း ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ Campaign သည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ  ဧပြီလ ၁၇ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay မည့်သည့် Level Customer မဆိုပါဝင်နိုင်ပြီး သင်္ကြန် ပစ္စည်း ၅ ခု အား KBZPay pocket money ဖွင့်ရမည့် ဧပြီလ ၁၅၊၁၆၊၁၇ ရက် မတိုင်မီ စုဆောင်းထားဖို့လိုအပ်ပါသည်။ 

၂။  KBZPay ကနေ သင်္ကြန်မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါ Campaign ၏ရည်ရွယ်ချက် မှာ KBZPay အား အသုံးပြုနေသည့် မည်သည့်  Level  Customer မဆို သင်္ကြန် ကာလအတွင်း မုန့်ဖိုးများ နှင့် အထူးအရောင်းမိတ်ဖက် ဆိုင်များ ၏ လျှော့ဈေး  ကူပွန်များ ရယူနိုင်ရန် ရည်ရွယ်ပါသည်။ 

၃။  Campaign ကာလအတွင်း Customer များသည် သင်္ကြန်မုန့်ဖိုးအား ရယူရန် သင်္ကြန်ပစ္စည်း ၅ခု တစ်စုံ ကို အစုံလိုက် စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ သင်္ကြန်ပစ္စည်းလေးများအား စုဆောင်းနေစဉ်၊ Customer များသည် အချို့သော သင်္ကြန်ပစ္စည်းလေးများတွင်ပါဝင်သော အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် ရရှိမည်ဖြစ်ပြီး ယင်း အရောင်းမိတ်ဖက်ဆိုင်များတွင်သာ  Online (short code နှင့်ဈေးဝယ်ယူခြင်း)၊ Offline (QR scan ဖြင့်ဈေးဝယ်ယူခြင်း) စသောဈေးဝယ်ယူမှု များတွင် လျှော့ဈေးကူပွန်ကို ပြန်လည်အသုံးပြု နိုင်မည်ဖြစ်ပါသည်။  လျှော့ဈေးကူပွန်များရယူရန်၊ Customer သည် သင်္ကြန်ပစ္စည်းလေးကို ရရှိပြီးသည်နှင့်မိမိစုဆောင်းရရှိထားသော ပစ္စည်းလေးများကို Campaign page ထဲတွေ့ရှိရမည်ဖြစ်ပြီး အဆိုပါ မိမိစုဆောင်းထားသောသင်္ကြန် ပစ္စည်းကို တစ်ဖက်သို့လှန်ကာ Digital ခဲခြစ်ကဒ်ပြားအားရယူနိုင်ပါသည်။ ထို့နောက်ယင်း ကဒ်ပြားအား ခြစ်၍ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေး ကူပွန်ရယူနိုင်ပြီဖြစ်ပါသည်။ ရရှိလာသော ကူပွန်များကို “My Profile” အောက်ရှိ “My Coupons “ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ 

၅။ သင်္ကြန်ပစ္စည်းတစ်ခုလျှင်  KBZPay ၏ အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ လျှော့ဈေးကူပွန် နှင့် KBZPay ​၏ အရောင်းမိတ်ဖက်လျှော့ဈေးကူပွန်များအား ကိုယ်စားပြုပါသည်။ အကယ်၍ Customer များသည် အထူးအရောင်းမိတ်ဖက်ဆိုင်များ၏ ကူပွန်ကိုရရှိခဲ့ပါက အဆိုပါ ကူပွန်အားသက်ဆိုင်ရာ အရောင်းမိတ်ဖက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၆။ သင်္ကြန်ပစ္စည်းတစ်ခုလျှင်သက်ဆိုင်ရာအထူးအရောင်းမိတ်ဖက်ဆိုင်တစ်ဆိုင်ကို  အောက်ပါအတိုင်း ကိုယ်စားပြုမည်ဖြစ်မည်ဖြစ်သည်။

  • သင်္ကြန် ရေပုံးလေး သည်  MMBus လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား KBZPay application ရှိ MMBus portal တွင် Bus ticket ဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • အုန်းလက် သည် KBZPay ၏ လျှော့ဈေး ကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်များအား အရောင်းမိတ်ဖက်ဆိုင်များတွင် Online / Offline ဈေးဝယ်ခြင်းနှင့် KBZPay application မှတဆင့် ဒေတာ Package ဝယ်ယူခြင်း၊ Gift Card ဝယ်ယူခြင်း၊ တို့အတွက် ပေးချေရာတွင်   ပြန်လည်အသုံးပြုနိုင်ပါသည်။
  • ရေတိုင်ကီ သည် Flymya လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား KBZPay application ရှိ Flymya portal တွင်ဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • မုန့်လုံးရေပေါ် ဗန်းလေး သည် Unique Mandalay လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား Unique Mandalay ဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 
  • သင်္ကြန်ရေ ဖလားလေးသည် Fudo Bakery လျှော့ဈေးကူပွန်ကို ကိုယ်စားပြုခြင်းဖြစ်ပြီး ထိုကူပွန်အား Fudo Bakery အရောင်းဆိုင်တိုင်းတွင် ဈေးဝယ်ယူမှုတိုင်းအတွက်ပြန်လည်အသုံးပြုနိုင်ပါသည်။ 

၇။ Campaign ကာလအတွင်း KBZPay အကောင့် အသစ်ဖွင့်သော Customer များအနေဖြင့် ကူပွန်များကို စာရင်းသွင်းစစ်ဆေးခြင်း လုပ်ငန်းစဉ် ပြီးဆုံးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၈။ Customer များသည် ပိုနေသော သင်္ကြန်ပစ္စည်းလေးများအား သူငယ်ချင်းများထံသို့ ပေးပို့ရာတွင် သင်္ကြန်ပစ္စည်းလေး၏ နောက်ကျောဘက်တွင်ပါရှိသော Digital ခဲခြစ်ကဒ်အား မခြစ်ရသေးဘဲ ပေးပို့ပါက အဆိုပါကဒ်သည် သူငယ်ချင်းထံသို့ အလှဆင်ပစ္စည်းနှင့် အတူ လျှော့ဈေးကူပွန် ရယူနိုင်သော Digital ခဲခြစ်ကဒ် ရောက်ရှိသွားမည်ဖြစ်ပြီး ၊ Digital ခဲခြစ် ကဒ် အား ခြစ်ကာ ကူပွန်အား ရယူပြီးပါက လက်ခံသူ သူငယ်ချင်းသည် သင်္ကြန်ပစ္စည်းကိုသာရရှိမည်ဖြစ်ပြီး Digital ခဲခြစ်ကဒ် နှင့် ကူပွန်ကိုမူ ရရှိမည် မဟုတ်ပါ။ 

၉။ သင်္ကြန်မုန့်ဖိုးအား ဖွင့်ဖောက်ရယူရန် သင်္ကြန်ပစ္စည်း ၅ ခု သင်္ကြန်ရေပုံး၊ သင်္ကြန်ရေဖလား၊ ရေတိုင်ကီ၊ မုန့်လုံးရေပေါ် ဗန်း၊ အုန်းလက်၊ တို့တွင် တစ်ခု အနည်းဆုံး  စုဆောင်းထားရန်လိုအပ်ပြီး မုန့်ဖိုးများများရယူရန် ပစ္စည်း ၅ ခုတစ်စုံ ၊ နှစ်စုံ၊ သုံးစုံ စသဖြင့် စုဆောင်းထားရန်လိုအပ်ပါသည်။ 

၁၀။ Customer များသည် စုဆောင်းထားသော သင်္ကြန်ပစ္စည်းတစ်စုံကို မုန့်ဖိုးဖွင့်ဖောက်ရယူခြင်း တစ်ကြိမ်အတွက်သာအသုံးပြုနိုင်ပြီး နောက်တစ်ကြိမ်မုန့်ဖိုးဖွင့်ဖောက်ရယူခြင်းများအတွက် ပစ္စည်းလေးများအား အစမှ ပြန်လည် စုဆောင်းရမည်ဖြစ်သည်။ 

၁၁။ သင်္ကြန်ပစ္စည်းလေးများအားအောက်ဖော်ပြပါ နည်းလမ်းများမှ စုဆောင်းရယူနိုင်ပါသည်။ 

  • KBZPay အသုံးမပြုသော သူငယ်ချင်းများအား KBZPay application အား register ပြုလုပ်ကာ Campaign တွင်ပါဝင်လာစေခြင်းဖြင့် အောင်မြင်စွာ register ပြုလုပ်ပြီးသော ဖိတ်ခေါ်ခံရသူ လူ ၁ ဦးလျှင် ကျပန်း သင်္ကြန်ပစ္စည်းတစ်ခု ၊ လူ၂ ဦးအားဖိတ်ခေါ်ပြီးလျှင် ကျပန်း သင်္ကြန်ပစ္စည်း ၂ ခု နှင့် လူ ၃ ယောက်ဖိတ်ခေါ်ပြီး ခြင်းအတွက် ပိတောက်ပန်းတစ်ခု အားရရှိမည်ဖြစ်ပြီး ၊ လူ ၃ ဦးတစ်ခါ ပြည့်တိုင်း  ပိတောက်ပန်း တစ်ကြိမ်စီရရှိမည်ဖြစ်ပါသည်။ထို့အတူ ဖိတ်ခေါ်ခံရသူမှလည်း Campaign တွင်ပါဝင်လိုက်သည်နှင့်  ပိတောက်ပန်းတစ်ခုရရှိမည်ဖြစ်ပါသည်။  ပိတောက်ပန်း ရရှိသော Customer သည် မိမိကြိုက်နှစ်သက်ရာ သင်္ကြန်ပစ္စည်းတစ်ခုသို့ တစ်ကြိမ်ပြောင်းလဲနိုင်မည်ဖြစ်ပါသည်။ Customer များသည်  ပိတောက်ပန်းနှင့်အတူ ဖုန်းငွေဖြည့်ကူပွန် (၃၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်) တို့ကို ကျပန်းရရှိမည်ဖြစ်ပြီး ရရှိပြီးသည်နှင့် ၂၁ ရက်အတွင်း ဖုန်းငွေဖြည့်ရာတွင်လျှော့ဈေးပြန်လည်ရရှိရန် အသုံးပြုနိုင်ပါသည်။
  • Customer များသည် Campaign အကြောင်းအား သူငယ်ချင်းများထံသို့ အသိပေး မျှဝေခြင်းဖြင့်လည်း သင်္ကြန်ပစ္စည်းတစ်ခုအား တစ်နေ့တစ်ကြိမ်ရယူနိုင်ပါသည်။ 
  • KBZPay 5.1 version နှင့် အထက် အသုံးပြုသူ Customer များအနေဖြင့် KBZPay Market ထဲသို့ တစ်နေ့လျှင် တစ်ကြိမ်ဝင်ရောက်ပြီး KBZPay Market ထဲမှ ပစ္စည်း (item) တစ်ခုအား Social Media တွင် မျှ‌‌‌ေ၀ခြင်းဖြင့် ကျပန်းသင်္ကြန်ပစ္စည်းတစ်ခု ကိုရယူနိုင်ပါသည်။ အဆိုပါ လုပ်ဆောင်ချက်အတွက် Customer သည် Campaign page ထဲမှ တစ်ဆင့် ထိုလုပ်ဆောင်ချက်ကိုလုပ်ဆောင်ရမည်ဖြစ်ပါသည်။ Campaign page ထဲမှ တစ်ဆင့် KBZPay Market သို့ဝင်ရောက်ရမည်ဖြစ်ပြီး ၊ Campaign page ထဲသို့ ပြန်လည်ဝင်ရောက်သော အခါတွင် ကျပန်း သင်္ကြန်ပစ္စည်း တစ်ခု ရရှိမည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay application မှ ဖုန်းငွေဖြည့်ခြင်းအား  အနည်းဆုံး ၂၀၀၀ ကျပ်အသုံးပြုခြင်းဖြင့် ကျပန်း ပစ္စည်း တစ်ခု ကို တစ်နေ့ ၂ ကြိမ် ရယူနိုင်မည်ဖြစ်ပါသည်။ 
  • Customer များသည် အနည်းဆုံး ၂၀၀၀ ကျပ်အသုံးပြု၍ Gift Card ဝယ်ယူခြင်းဖြင့် ကျပန်း သင်္ကြန်ပစ္စည်းတစ်ခုကို တစ်နေ့ ၂ ကြိမ် ရှိမည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay အရောင်းမိတ်ဖက်များထံတွင် (အနည်းဆုံး ၂၀၀၀ ကျပ် အသုံးပြုကာ) ဈေးဝယ်ယူခြင်းများအတွက် ကျပန်းသင်္ကြန် ပစ္စည်းတစ်ခု တစ်နေ့ လျှင် ၂ ကြိမ်ထိရယူနိုင်ပါသည်။ 
  • Customer များသည် KBZPay application ရှိ KBZPay Skincare ကိုအသုံးပြု၍ အသားအရေစစ်ဆေးကာ ရလဒ်အား မျှဝေခြင်းဖြင့် ကျပန်းသင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့လျှင် တစ်ကြိမ်ရရှိနိုင်မည်ဖြစ်ပါသည်။ 
  • Customer များသည် KBZPay ၏ အကောင့်လုံခြုံရေးဆိုင်ရာ မေးခွန်းများအား မှန်ကန်စွာဖြေဆိုခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်း တစ်ခုအား တစ်နေ့လျှင်တစ်ကြိမ်ရရှိနိုင်ပါသည်။ 
  • Customer များသည် KBZPay application မှ တစ်ဆင့် မည်သည်  Data Package ကိုမဆိုဝယ်ယူခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့လျှင် နှစ်ကြိမ်ရယူနိုင်သည်။
  • Customer များသည် KBZPay ရှိ Mini ဂိမ်းအား စက္ကန့် ၃၀ ခန့် ကစားခြင်းဖြင့် ကျပန်း သင်္ကြန် ပစ္စည်းတစ်ခုကို တစ်နေ့တစ်ကြိမ်ရရှိနိုင်ပါသည်။ 

၁၂။ Customer တစ်ဦးလျှင် အများဆုံး တစ်နေ့လျှင် သင်္ကြန် ပစ္စည်း ၃၀ ခု ရယူနိုင်ပြီး ၊ Campaign ကာလ တစ်ခုလုံးအတွက် သင်္ကြန် ပစ္စည်း ၉၀ ခု စုဆောင်းနိုင်ပါသည်။ 

၁၃။ Customer များသည် မိမိတို့​၏ သင်္ကြန် ပစ္စည်းလေးများအား သူငယ်ချင်းများထံသို့ Social application များမှတစ်ဆင့် ပေးပို့နိုင်ပြီး၊ သူငယ်ချင်းများ ထံမှလည်းပြန်လည် လက်ခံရယူနိုင်ပါသည်။

၁၄။ Customers များသည် ဧပြီလ ၁၅၊၁၆၊၁၇ ရက်နေ့ ည ၈:၀၀ နာရီတိတိတွင် မုန့်ဖိုးအား ဖွင့်ဖောက်ယူနိုင်မည်ဖြစ်ပြီး မုန့်ဖိုးအားဖွင့်နိုင်ရန် အနည်းဆုံး သင်္ကြန် ပစ္စည်း ၁ ခု အား ည ၇:၃၀ တွင်နောက်ဆုံးထား စုဆောင်းထားရမည်ဖြစ်သည်။ စုဆောင်းထားသော သင်္ကြန်ပစ္စည်း အစုံလိုက် အရေအတွက်ပေါ်မူတည်ပြီး ရရှိသည့် မုန့်ဖိုးသည် ကွဲပြားနိုင်ပါသည်။

၁၅။ Pocket money အားဖွင့်ဖောက်ပြီးသည်နှင့် KBZPay အားလက်ရှိအသုံးပြုနေသော Customer များ နှင့် KBZPay အားအသစ်အသုံးပြုသူ Customerများသည် မိမိ၏ KBZPay Wallet Account ထဲသို့ မုန့်ဖိုးအားအနည်းဆုံး မိနစ် ၃၀ အကြာတွင် လက်ခံရရှိမည်ဖြစ်ပါသည်။ သို့ရာတွင် KBZPay အားအသစ်အသုံးပြုသူ Customer သည် ၎င်းတို့၏ KBZPay Wallet Account ထဲမှမုန့်ဖိုး ပိုက်ဆံအား အသုံးပြုနိုင်ရန် KBZPay ၏ စာရင်းသွင်းလုပ်ငန်းစဉ် အတည်ပြုပြီးမှသာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အကယ်၍ KYC issues (အသုံးပြုသူတို့၏ အချက်အလက်များ) စစ်ဆေးရာတွင် အကြောင်းတစ်စုံတရာ မမှန်မကန်မှု အားတွေ့ရှိခဲ့ပါက KBZPay သည် အဆိုပါ KBZPay အကောင့်အသစ်များအား ရပ်စဲခြင်း/ ဆိုင်းငံ့ခြင်း  နှင့် ဆုငွေ မုန့်ဖိုးအား ရုတ်သိမ်းခြင်း များ ပြုလုပ်ခွင့်ရှိပါသည်။ 

၁၆။ Customer များသည် KBZPay ​၏ မုန့်ဖိုးအား Website မှ တစ်ဆင့် login ဝင်ရောက်၍ ရယူနိုင်သော်လည်း ၊ မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay account အား မိမိ၏ မှန်ကန်သော အချက်အလက်များထည့်သွင်းကာ ဖွင့်ရမည်ဖြစ်ပါသည်။ အကယ်၍ Customer သည် KBZPay account အား မုန့်ဖိုးရယူပြီး ၇ ရက်အတွင်း KBZPay Account အား မဖွင့်ပါက KBZPay သည် အဆိုပါ မုန့်ဖိုးအား ပြန်လှည်ရုပ်သိမ်း ခွင့်ရှိပါသည်။ 

 ၁၇။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၈။  Customer များသည် မုန့်ဖိုးပမာဏ များများ ရရှိနိုင်ရန် သင်္ကြန်ပစ္စည်း အစုံလိုက် ပိုမိုစုဆောင်းနိုင်ပြီး သူငယ်ချင်းများအားလည်း ပိုမို ဖိတ်ခေါ်နိုင်ပါသည်။ 

၁၉။ Customer သည် သင်္ကြန်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း မုန့်ဖိုးအား ရယူရမည့်ရက် ၈:၀၀ တွင် မဖွင့်ဖောက်မိလျှင် နောက်တစ်ကြိမ်ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ 

၂၀။ ဖိတ်ခေါ်သူ Customer များသည် Daily Ranking List ဖြင့်လည်း မိမိ အောင်မြင်စွာ ဖိတ်ခေါ်ပြီးသူ အရေအတွက် ပေါ်မူတည်၍ အပိုဆောင်း ငွေသားဆုများ ထပ်မံရရှိမည်ဖြစ်ပါသည်။ 

၂၁။ Daily ranking list အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • 1st on daily ranking list – ၁၀၀,၀၀၀ ကျပ် 
  • 2nd on daily ranking list – ၅၀,၀၀၀ ကျပ် 
  • 3rd on daily ranking list -၃၀,၀၀၀ ကျပ်
  • 4th to 10th on daily ranking list – ၁၀,၀၀၀ ကျပ်
  • 11th to 50th on daily ranking list -၅,၀၀၀ကျပ်
  • 51st to 100th on daily ranking list – ၃,၀၀၀ ကျပ်

၂၂။ Daily Ranking List အတွက် ဆုငွေများအား Customer များ၏ KBZPay Wallet Account ထဲသို့ Campaign ကာလ ပြီးဆုံးပြီးနောက် ရုံးဖွင့်ရက် ၇ ရက်အတွင်း အတွင်း ထည့်သွင်းပေးမည်ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၂၃။ Customerများသည် သင်္ကြန်ပစ္စည်း ၁ ခု ကို အရောင်းမိတ်ဖက်တစ်ဆိုင်​၏ လျှော့ဈေးကူပွန်ရ ရှိမည်ဖြစ်ပြီး ထိုအရောင်းမိတ်ဖက်ဆိုင်တွင်သာ  KBZPay application ဖြင့်  Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ KBZPay ​၏ လျှော့ဈေးကူပွန်ကို ရရှိခဲ့လျှင် KBZPay၏ မည်သည်အရောင်းမိတ်ဖက်ဆိုင်တွင်မဆို Online/Offline ဖြင့် စျေးဝယ်ယူရာ၌ ပြန်လည်အသုံးပြုနိုင်ပါသည်။ကူပွန်များအား အသုံးပြုရာတွင် ဈေးဝယ်ယူသည့် ပမာဏ သည် ကူပွန်ပမာဏ ထက် ပိုမိုရန်လိုအပ်ပါသည်။ 

၂၄။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး   ၂၁ ရက်အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး၊ သက်တမ်းမကုန်မီ KBZPay ၏ အထူးအရောင်းမိတ်ဖက် ဆိုင်များတွင်  အသုံးပြုနိုင်ပါသည်။ 

၂၅။ ဤKBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါCampaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၂၄ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၂၁ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၂၆။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၇။ ဤ KBZPay ကနေ သင်္ကြန် မှာကျပ်သိန်းပေါင်း  ၁၀၀၀ အထိမုန့်ဖိုးမျှဝေရယူပါCampaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၈။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၂၉။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၃၀။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၃၁။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၃၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၃၃။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၃၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)