KBZPay Application ကနေ ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ရယူလိုက်ပါ

ပြောင်းလဲလာတဲ့ ကျန်းမာရေး လိုအပ်ချက်တွေနဲ့ အညီ ထိုင်ရာကမထ မိမိအိမ်ထဲမှတင် ကျန်းမာရေးအတွက် ဆွေးနွေးစောင့်ရှောက်မှုရယူနိုင်ပြီး ငွေပေးချေမှု အပိုင်းမှာလည်း KBZPay ဖြင့် လွယ်ကူအဆင်ပြေစွာ ပေးချေနိုင်မည့် အွန်လိုင်းကျန်းမာရေး စောင့်ရှောက်မှု တစ်ခုဖြစ်တဲ့ “My-Medicine” အား မေလ ၁၇ ရက်နေ့မှ စတင်ပြီး KBZPay Application အတွင်းမှာ စတင်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ 

My-Medicine သည် မြန်မာနိုင်ငံရှိ သုံးစွဲသူများကို ယုံကြည်စိတ်ချရပြီး လွယ်ကူသက်သာသည့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်ရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေး နယ်ပယ်အတွင်းမှ အတွေ့အကြုံ ရင့်ကျက်သည့် ဆရာဝန်များ နှင့် ဝန်ထမ်းများ ဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် အွန်လိုင်း ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ 

My-Medicine ၏ လက်ရှိ ပေးအပ်နေသည့် ဝန်ဆောင်မှုများမှာ 

  • အထွေထွေဆရာဝန်များဖြင့် ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • မြန်မာနိုင်ငံ၏ နာမည်ကြီး အထူးကုဆရာဝန်များဖြင့် ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • My-Medicine ၏ In-House အထွေထွေဆရာဝန်များဖြင့် အချိန်တိုအတွင်း ကျန်းမာရေးဆွေးနွေးနိုင်ခြင်း 
  • ဆေးဝါး နှင့် ဝန်ဆောင်မှုများအကြောင်းကို မနက် ၉ မှ ည ၁၂ အထိ ဖြေရှင်းပေးမည့် ဆေးဝါးအထူးကျွမ်းကျင်ပညာရှင်များမှ အသင့်ရှိနေခြင်း 
  • ကျန်းမာရေးစောင့်လျှောက်မှုများ အပြီး လိုအပ်သည့် ဆေးဝါးများကို အလွယ်တကူအွန်လိုင်းမှ ဝယ်ယူနိုင်ခြင်း အစရှိသည်တို့ဖြစ်ပါသည်။

လက်ရှိတွင် ရန်ကုန် နှင့် မန္တလေးမြို့ရှိ KBZPay အသုံးပြုသူများသာ My-Medicine ၏ ဝန်ဆောင်မှုများ အား အသုံးပြုနိုင်ဦးမှာ ဖြစ်သော်လည်း မကြာမီအချိန်အတွင်း မြန်မာတစ်နိုင်ငံလုံးရှိ KBZPay အသုံးပြုသူများမှ အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ 

My-Medicine ၏ ဝန်ဆောင်မှုကို ရယူနိုင်ရန်အတွက်  KBZPay Application အား နောက်ဆုံးလယ်ဗယ်သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ KBZPay Application အား အဆင့်မြှင့်တင်ရန်အတွက် အောက်ဖော်ပြပါ လင့်ခ့်များအား နှိပ်ပါ။ 
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J

My-Medicine နှင့် ပတ်သတ်သည့် အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် 09 779995588 ကို ဆက်သွယ်နိုင်ပါသည်။  KBZPay နှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးမြန်းနိုင်ရန်အတွက် 3211 ကို ဆက်သွယ်နိုင်ပါသည်။