KBZPay Skynet Exclusive Cashback Campaign ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ KBZPay Blue App မှတဆင့် Skynet ၏ DTH Packages ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ရယူပါ Campaign ကာလသည်  ၂၀၂၂ ခုနှစ် ဇွန်လ (၁၈) ရက်နေ့ မှ  ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁၆) ရက်နေ့ အထိဖြစ်ပါသည်။

၂။ ​KBZPay Level 1, 1.5 နှင့် Level 2 အသုံးပြုသူ များအားလုံးသည် KBZPay အက်ပလီကေးရှင်းမှတဆင့် Skynet ၏ DTH Packagesအတွက်ငွေပေးချေရာတွင် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းကို Campaign ကာလအတွင်း ရရှိနိုင်မည် ဖြစ်ပါသည်။ Skynet ၏ DTH Packages (Monthly Packages) ဝယ်ယူမှုများအတွက်သာ ပြန်အမ်းငွေ ၁၀ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ပြီး SKYPREMIER HD Packages ဝယ်ယူမှုများသည် ပြန်အမ်းငွေရရှိရန် ဤ Campaign တွင် အကျုံးမဝင်ပါ။  

၃။ ဤCampaignအရ ပြန်အမ်းငွေရရှိခွင့်ရှိသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ Skynet DTH Packagesဝယ်ယူခြင်းအတွက် ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်း ကို ဤCampaign ကာလအတွင်း KBZPay Account တစ်ခုလျှင် နှစ်ကြိမ်အထိသာ ရယူနိုင်မည်ဖြစ်သည်။

၅။ ဤCampaign အား  KBZPay Blue App အသုံးပြု၍ Skynet DTH Packages ဝယ်ယူသော KBZPay အသုံးပြုသူ များကို ပြန်အမ်းငွေ ၁၀ ရာခိုင်နှုန်းရရှိစေလိုသည့် ရည်ရွယ်ချက်အတွက်သာ ပြုလုပ်ခြင်း ဖြစ်ပြီး အသုံးပြုသူမှ ဝယ်ယူပြီး Packages အား ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေပြန်လည်တောင်းခံခြင်းများကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက Skynet နှင့် KBZPay အသုံးပြုသူများ နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ 

၆။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား ဗားရှင်း ၃.၀.၃ နှင့်အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၈။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။


၁၆။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။