Grab မှာ မုန့်မှာပြီး KBZPay နဲ့ ရှင်းမယ်

ရန်ကုန် နဲ့ မန္တလေး မှာ ရှိတဲ့ KBZPay အသုံးပြုတဲ့သူတွေ အနေနဲ့ ဇွန်လ (၁၇) ရက်နေ့ ကနေစတင်ပြီးတော့ Grab ကနေ မုန့်မှာပြီး KBZPay နဲ့ ငွေပေးချေနိုင်တော့မှာ ဖြစ်ပါတယ်။ 

KBZPay နဲ့ ပေးချေနိုင်ဖို့ လုပ်ဆောင်ရမှာကတော့ 
အဆင့် (၁) စားစရာမှာဖို့ Food ပုံကို နှိပ်ပါ။
အဆင့် (၂) မိမိအကြိုက်စားသောက်ဆိုင်ကိုရှာပြီး မှာချင်တဲ့ စားစရာတွေကို Add to Basket ကို နှိပ်ပြီးမှာပါ။
အဆင့် (၃) ငွေပေးချေမှုကို Cash သာ ရွေးပါ။
အဆင့် (၄) Place Order ကို နှိပ်ပါ။ 
အဆင့် (၅) အစားအသောက်ပို့ဆောင်သူထံမှ KBZPay QR Code ကို ဖတ်ပြီး ငွေပေးချေလိုက်ပါ။

အစားအသောက်လာပို့တဲ့ Grab Rider တွေ အကုန်လုံးမှာ KBZPay QR Code တွေ ပါလာမှာ ဖြစ်တဲ့အတွက် Grab Rider တွေဆီက QR Code ကို scan ဖတ်ပြီး ငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အစားအသောက် မှာ ယူတဲ့ အချိန်မှာ ငွေသားကိုင်ဆောင်စရာ မလိုတော့သလို ငွေပြန်အမ်းရတဲ့ အခက်အခဲကိုလည်း ဖြေရှင်းပြီးသား ဖြစ်ပါတယ်။