KBZPay Task Campaign ၏စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZPay Task Campaign အစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင် ၁၇ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay မည်သည့် Level နှင့် Version အသုံးပြုသူမဆို ပါဝင်နိုင်မည်ဖြစ်သော်လည်း ရရှိသည့် Top-Up ကူပွန်များကို အသုံးပြုနိုင်ရန်အတွက် KBZPay အသုံးပြုသူများသည် Level 1.5 နှင့် အထက် ရှိရပါမည်။

၃။ ယခုအစီအစဉ်တွင် ပါဝင်နိုင်ရန်အတွက် လုပ်ဆောင်ရမည့် အဓိက Task အမျိုးအစား ၂ မျိုး ရှိပါသည်။ 

(.) ပထမ ၁ ခု မှာ Check-In Task ဖြစ်ပြီး အသုံးပြုသူများမှ Campaign Page တွင် နေ့စဉ် Check-In ဝင်ခြင်းအားဖြင့် Top-Up ကူပွန်များ ရရှိနိုင်မည့်အခွင့်အရေးဖြစ်သည်။ ၁ ပတ်လျှင် Check-In အမျိုးအစား ၃ မျိုးအထိ ပြုလုပ်နိုင်မှာ ဖြစ်ပြီး 

  • ပထမဆုံးတစ်ကြိမ် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန်
  • ၃ ရက် ဆက်တိုက် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန် နှင့် ၅၀ ကျပ်တန် Top-Up ကူပွန်
  • ၇ ရက် ဆက်တိုက် Check-In အတွက် ၂၀ ကျပ်တန် Top-Up ကူပွန် ၊ ၅၀ ကျပ်တန် Top-Up ကူပွန် နှင့် Cash Back ၁၀၀ ကျပ် ရရှိမည်ဖြစ်သည်။ 

Check-In Task အား ၁ ပတ်လျှင် ၁ ကြိမ် နှုန်းဖြင့် (၄) ခါ အသစ် ပြန်လည်ပြုလုပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်ထားသည့် ရက်သတ္တပတ်အတွင်း ရရှိထားသည့် ကူပွန်များသည် ရပြီးပြီးချင်း (၇) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး (၇) ရက် ကျော်သွားသည့်အခါတွင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ ရရှိသော Top-Up ကူပွန်များအား ဖုန်းဘေလ် သို့မဟုတ် ဒေတာ Package များဝယ်သည့်အခါတွင် အသုံးပြုနိုင်ပါသည်။ သို့သော် ဝယ်ယူသည့် Package သည် ရရှိထားသည့် ကူပွန်၏ တန်ဖိုးထက် ပမာဏပိုများရပါမည်။ 

(.) ဒုတိယ ၁ ခု မှာ သတ်မှတ်ထားသည့် Main Business Task များကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ KBZPay အသုံးပြုသူများသည် တစ်နေ့လျှင် Task ၇ ခု အထိ ပြုလုပ်နိုင်မည်ဖြစ်ပြီး ၂ ပတ်လျှင် တစ်ကြိမ် လုပ်ဆောင်ရမည့် Task စာရင်းများအား ပြောင်းလဲသွားမည် ဖြစ်သည်။ သို့သော် Task တစ်မျိုးအား Campaign ပြုလုပ်နေသည့် ကာလတစ်လျှောက် နေ့စဉ် ပြုလုပ်ရမည် ဖြစ်သည်။ 

  • Campaign ကာလတစ်လျှောက်လုံးပြုလုပ်ရမည့် Task တစ်မျိုးမှာ အသုံးပြုသူ အသစ်များ ရရှိအောင် ပြုလုပ်ခြင်းဖြစ်သည်။ အသုံးပြုသူအသစ် တစ်ယောက်အား ဖိတ်ခေါ်တိုင်း Mystery Box (၁) ကြိမ် ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အောင်မြင်သော Level 1.5 အသုံးပြုသူတစ်ဦးရတိုင်း Cash Back ၅၀၀ ကျပ်ကို ဖိတ်ခေါ်သူက ပြန်လည်ရရှိမည်ဖြစ်သည်။ 
  • KBZPay အသုံးပြုသူသည် အခြားသော Task များအား လုပ်ဆောင်ပြီးမြောက် ပြီးပါက Mystery Box အား ဖွင့်လှစ်ကံစမ်းနိုင်မှာ ဖြစ်ပါသည်။ Mystery Box အား Task ပြီးမြောက်ပြီးချိန်တွင် တစ်ချိန်တည်း ဖွင့်ဖောက်ကံစမ်းနိုင်သကဲ့သို့ သတ်မှတ်ထားသည့် ရက်သတ္တပတ်အတွင်း အချိန်မရွေး ဖွင့်ဖောက်ကံစမ်းနိုင်မှာ ဖြစ်သည်။ သို့သော် သတ်မှတ်ထားသည့် ရက်သတ္တပတ်ကျော်သွားလျှင် ဖွင့်လှစ်ကံစမ်းနိုင်ခွင့် မရှိတော့ပါ။ Campaign အား အပတ်စဉ် တနင်္လာနေ့တွင် စတင်ပြီး တနင်္ဂနွေနေ့တွင် အဆုံးသတ်မည်ဖြစ်သည်။ Task များအား နှစ်ပတ်လျှင် (၁) ကြိမ် ပြောင်းလဲ သွားမှာ ဖြစ်ပြီး စုစုပေါင်းကြာမြင့်ချိန်မှာ (၄) ပတ်ဖြစ်ပါသည်။ 
  • KBZPay အသုံးပြုသူသည် Mystery Box အားဖွင့်လှစ်ပြီး ရရှိသည့် Top-Up ကူပွန်များအား ရရှိပြီးပြီးချင်း (၇) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး (၇) ရက်ကျော်ပါက အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ သို့သော ပြန်အမ်းငွေများအား မည်သည့်အချိန်တွင်မဆို အသုံးပြုနိုင်မည် ဖြစ်သည်။ 

၄။ Mystery Box အတွင်းတွင် ဆုကြီးများအနေဖြင့် မြန်မာငွေကျပ် ၁ သိန်းအထိ ပြန်အမ်းငွေနှင့် Samsung ၅၅ လက်မ TV တို့ကိုပါ ကံစမ်းခွင့်ရယူနိုင်မည်ဖြစ်ပါသည်။ 

၅။ Samsung ၅၅ လက်မ TVအား ဆွတ်ခူးသွားသည့် ဆုရရှိသူအား KBZPay မှ SMS မက်ဆေ့စ် ပို့ အကြောင်းကြားသွားမည်ဖြစ်သည်။ SMS လက်ခံရရှိပြီးသူသည် လက်ခံရရှိသည့် SMS နှင့် ကိုယ်ရေး အချက်အလက်များကို [email protected] ထံ emailပေးပို့ပြီး ဆုအား Campaign ကာလပြီးဆုံးပြီးနောက် ရုံးဖွင့်ရက်(၃၀ )ရက်အတွင်း လာရောက်ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ 

၆။ ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုနှင့်ပတ်သက်၍ ချို့ယွင်းမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၇။ ဆုရရှိသူသည် ၎င်းတို့ရရှိသောဆုအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၉။ ဤ Campaignကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၃၏ အပိုဒ်ခွဲ ၃.၁ နှင့် အပိုဒ်ခွဲ ၃.၂ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။