KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign သည် ဇွန်လ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ်မှ အောက်တိုဘာလ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ်ထိဖြစ်ပါသည်။ 

၂။  KBZPay ဖြင့် MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Customerများအားလုံး MMBus Ticket မှ ကားလက်မှတ်များ အဆင်ပြေလွယ်ကူစွာဝယ်ယူရင်း ချောင်းသာ စရိတ်ငြိမ်း ခရီးစဉ် နှင့် ကျပန်းလျှော့ဈေး ကူပွန်များ ကံစမ်းနိုင်ရန်ရည်ရွယ် ပါသည်။ 

၃။   KBZPay အဆင့် ၁၊ အဆင့် ၁.၅ နှင့် အဆင့် ၂ Customer အားလုံးသည်KBZPay အက်ပလီကေးရှင်း၏ Travel စာမျက်နှာရှိ MMBus portal မှ တစ်ဆင့် ခရီးသွားလက်မှတ်များ အလွယ်တကူဝယ်ယူနောက်တွင် အစီအစဉ်စာမျက်နှာရှိ Spin Wheel အားလှည့်လည်ခွင့် တစ်ကြိမ် ရရှိမည်ဖြစ်ပါသည်။ 

၄။ Spin Wheel လှည့်ခွင့်ရရှိရန် Customer များပြုလုပ်ရမည့်နည်းလမ်းအဆင့်ဆင့်မှာ  – 

KBZPay အက်ပလီကေးရှင်းရှိ MMBus portal မှ ခရီးသွားလက်မှတ် ဝယ်ယူပြီးနောက် လက်မှတ် အတည်ပြုစာမျက်နှာရှိ Campaign banner ကိုနှိပ်ကာ Campaign page သို့ဝင်ရောက်ပြီး Spin Wheelလှည့်လည်နိုင်ပါသည် (သို့မဟုတ်) KBZPay အက်ပလီကေးရှင်း၏ Home page စာမျက်နှာမှ တစ်ဆင့်လည်း Campaign page သို့ဝင်ရောက်ကာ Spin Wheel အား လှည့်လည်နိုင်ပါသည်။ 

၅။ Spin Wheel ဆုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ၂ ည အိပ်၃ ရက် စရိတ်ငြိမ်းချောင်းသာခရီးစဉ် ( ၂ ဦးစာ) 
  • ၈၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၂,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၅,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်
  • ၁၀,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်

အထက်ပါလျှော့ဈေးကူပွန်များအား MMBus ticket များဝယ်ယူရာတွင်သာပြန်လည် အသုံးပြုနိုင်မည်ဖြစ်ပြီး ဝယ်ယူသည့်ပမာဏသည် ကူပွန်ပမာဏထက် ပိုမိုရန်လိုအပ်ပါသည်။  

၆။ စရိတ်ငြိမ်း ချောင်းသာခရီးစဉ် ကံထူးသူများအား  KBZPay မှ SMS ပေးပို့ဆက်သွယ်ပါမည်။ 

ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူအားဆုလက်ဆောင် လာရောက်ထုတ်ယူနိုင် မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၇။ KBZPay Customer များသည်ချောင်းသာခရီးစဉ် ဆုလက်ဆောင်အား ၃၁ ရက် ဒီဇင်ဘာလ၂၀၂၂ ခုနှစ် နောက်ဆုံးထား ထုတ်ယူနိုင်ပြီး ၃၁ ရက် ဇန်နဝါရီလ ၂၀၂၃ ခုနှစ် အထိ နောက်ဆုံးထားပြီး ခရီးသွားနိုင်ပါသည်။ 

၈။ ခရီးစဉ်ကံထူးသူ Customerသည် မိမိ ခရီးသွားလိုသော ​နေ့ရက်အား ၂ ပတ် ကြိုတင်၍ MMBus Ticket သို့ အကြောင်းကြားရန်လိုအပ်ပါသည်။ 

၉။ လျှော့ဈေး ကူပွန်များအား လက်ခံရရှိပြီး ရက် ၉၀ အတွင်းအသုံးပြုနိုင်မည်ဖြစ်ပြီး ရက် ၉၀ ကျော်လွန်ပါက အသုံးပြု၍မရနိုင်ပါ။ 

၁၀။ KBZPay Customerများသည် ရရှိလာသော လျှော့ဈေး ကူပွန်များအား တစ်စောင်လျှင် ဈေးဝယ်ယူမှုတစ်ခု အတွက်သာ အသုံးပြုနိုင်ပြီး MMBus ticket ပြန်လည်ဝယ်ယူရာတွင်သာ အသုံးပြုနိုင်ပါသည်။ 

၁၁။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaignကာလအတွင်းသာလျှင် KBZPay Customerများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများနှင့် လျော့ဈေး ကူပွန်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ရက် ၉၀ အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၁၂။ MMBus Ticket မှ ခရီးစဉ်လက်မှတ်ဝယ်ယူထားသော Customerများမှ ဝယ်ယူပြီး လက်မှတ်များအား အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေတောင်းခံခြင်းများ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက MMBus Ticketနှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။

၁၃။ KBZPay အဆင့် ၁ Customerများသည် MMBus လျော့ဈေးကူပွန်များအား အသုံးပြုရန် အဆင့် ၁.၅ သို့မဟုတ် အဆင့် ၂ သို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။ 

၁၄။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP၊  PIN သို့မဟုတ် KBZPay အကောင့်​နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၅။ KBZPay နဲ့ MMBus Ticket ကနေ ကားလက်မှတ်များဝယ်ယူရင်း Tour Package တွေနဲ့ လျှော့ဈေး ကူပွန်တွေ ကံစမ်းလိုက်ပါ Campaign ကာလအတွင်း  မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုပါ။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၆။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

 ၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

(ဤ Campaign တွင်ပါဝင်ရန် Customer များသည် KBZPay ​၏ နောက်ဆုံး Version ကိုအဆင့်မြှင့်တင် ထားရန်လိုအပ်ပါသည်)