KBZPay  ကြိုတင်လစာဖြင့် လစာရဲ့ ၅၀ %အထိ လမကုန်ခင်လစာထုတ်ယူနိုင်ခြင်း၏ မေးလေ့မေးထရှိသော မေးခွန်းများ

PayAdvance (ကြိုတင်လစာ) ဆိုသည်မှာ KBZPay၏ ဝန်ဆောင်မှုအသစ်ဖြစ်ပြီး လခစားဝန်ထမ်းများအနေဖြင့် မိမိတို့၏လစာတစ်ဝက် (အများဆုံး ၅၀၀,၀၀၀ ကျပ်)ကို ကြိုတင်ထုတ်ယူခြင်း ဖြစ်ပါသည်။

PayAdvance (ကြိုတင်လစာ) ဝန်ဆောင်မှုသည် ဝန်ထမ်းများ၏ ရေတိုငွေရေးကြေးရေးဆိုင်ရာ လိုအပ်ချက်များကို လစာထုတ်ရက်မတိုင်ခင် လစာတစ်ဝက်ကို ကြိုတင်ထုတ်ယူပြီး ဖြေရှင်းနိုင်ရန် ရည်ရွယ်ပါသည်။

PayAdvance (ကြိုတင်လစာ) ကို လုပ်ငန်းရှင် (ကုမ္ပဏီ) ကြိုတင်ပေးထားသည့် ပုံစံဖြစ်ပါသည်။

အသုံးပြုနိုင်မည့်သူသည် KBZPay L1.5 (သို့မဟုတ်) L2 အသုံးပြုနေသူ ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။

ကျေးဇူးပြု၍ မိမိ၏ ကုမ္ပဏီဝန်ထမ်းရေးရာဌာနနှင့် ဆက်သွယ်မေးမြန်းပါ။

PayAdvance (ကြိုတင်လစာ)ကို ရယူလိုပါက အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုကို အသုံးပြုနေပြီး KBZPay L1.5 (သို့မဟုတ်) L2 လည်း ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။ သို့မှသာလျှင် အသုံးပြုသူမှာ KBZPay Application တွင် PayAdvance ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

မိမိတို့ ရရှိသော လစာ၏ တ၀က် ကို ထုတ်ယူနိုင်ပြီး အများဆုံး ထုတ်ယူနိုင်သော ပမာဏမှာ ၅၀၀,၀၀၀ ကျပ်ဖြစ်ပါသည်။

PayAdvance (ကြိုတင်လစာ)ကို ရယူလိုပါက အသုံးပြုသူသည် ကမ္ဘောဇဘဏ်၏ Payroll ဝန်ဆောင်မှုကို အသုံးပြုနေပြီး KBZPay L1.5 (သို့မဟုတ်) L2 လည်း ဖြစ်ရပါမည်။ ထို့အပြင် ၎င်း၏ လုပ်ငန်းရှင်သည်လည်း ကမ္ဘောဇဘဏ်နှင့် PayAdvance (ကြိုတင်လစာ) စာချုပ်ချုပ်ဆိုထားရပါမည်။ သို့မှသာလျှင် အသုံးပြုသူမှာ KBZPay Application တွင် PayAdvance ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။

လစာထုတ်ယူနိုင်သော အချိန်မှစ၍ KBZPay Blue App တွင် လူမှုဘ၀ ၀န်ဆောင်မှု(Life) သို့သွားပြီး ငွေကြေးနှင့် ချေးငွေ ၀န်ဆောင်မှုများ (Finance and Loan Services) မှ ကြိုတင်လစာ (PayAdvance) ထဲသို့ ၀င်ရောက်၍ တောင်းခံ ရယူနိုင်ပါသည်။

ကြိုတင်လစာ ထုတ်ယူနိုင်သောအချိန်မှာ ကုမ္ပဏီ၏ လစာပေးမည့် နေ့ရက်ပေါ်  မူတည်၍ ယေဘူယျအားဖြင့် လစဥ် ၁၆ရက်နေ့မှ ၂၁ ရက်နေ့ထိ ၆ရက်ခန့်န့် ထုတ်ယူရရှိနိုင်ပါသည်။ 

သင်သည် PayAdvance (ကြိုတင်လစာ)အတွက် Eligible ဖြစ်ပြီးသားသူဖြစ်ပါက  သင်၏ ကုမ္ပဏီမှ သတ်မှတ်ထားသော နေ့မှ စတင်၍ KBZPay Blue App မှ တဆင့တဆင့် ကြိုတင်လစာကို ချက်ချင်းရယူနိုင်ပါသည်။

PayAdvance (ကြိုတင်လစာ)သည် ရာနှုန်းပြည့် ဒီဂျစ်တယ်ဝန်ဆောင်မှု ဖြစ်ပါသည်။ ဖောင်ဖြည့်ရန် မလိုပါ။ ဘဏ်ကိုသွားရန် မလိုပါ။

မိမိ၏ ထုတ်ယူနိုင်သော ပမဏအတွင်း ၂ကြိမ်ထိ ထုတ်ယူနိုင်ပါသည်။

မရပါ။

တစ်ကြိမ်တွင် အနည်းဆုံး ၁၀,၀၀၀ကျပ်မှ အများဆုံး ၅၀၀,၀၀၀ကျပ်။ မှတ်ချက်။ ။ အများဆုံးထုတ်ယူနိုင်သည် ငွေပမာဏသည် မိမိရရှိသော လစာတ၀က်ထက် ကျော်လွန် ၍သော်လည်းကောင်း၊ စုစုပေါင်း ထုတ်ယူခွင့် ပြုလုပ်ထားသောပမာဏ ၅၀၀,၀၀၀ကျပ် ထက် ကျော်လွန်၍ မရပါ။

ထုတ်ယူမှု အတွက်  တကြိမ်လျှင်  ၅၀၀ ကျပ်ဖြစ်ပါသည်။

ကြိုတင်ထုတ်ယူထားသော လစာကို လစာပေးမည့်နေ့တွင် ကုမ္ပဏီသည်  မိမိလစာထဲမှ ဖြတ်ထားမည် ဖြစ်ပါသည်။