“ပျော်ရွှင်ဆင်နွှဲ KBZPay ရဲ့ တန်ဆောင်တိုင်ပွဲ” Campaign ၏စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ ယခု “ပျော်ရွှင်ဆင်နွှဲ KBZPay ရဲ့ တန်ဆောင်တိုင်ပွဲ” Campaign သည် ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့ မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၈ ရက် ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာ ဖြစ်ပြီး မီးပုံးပျံရောင်စုံများကို KBZPay မုန့်ဖိုး များ အား ဖွင့်ရမည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက် မတိုင်မီ စုဆောင်းထားဖို့လိုအပ်ပါသည်။ 

၂။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး   Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း Customer များသည် တန်ဆောင်တိုင် မုန့်ဖိုး အား ရယူရန် ရောင်စုံ ( အဝါ၊အစိမ်း၊အနီ၊အပြာ၊ခရမ်း) မီးပုံးပျံ ၅ခု  ကို စုဆောင်းထားရမည်ဖြစ်ပါသည်။ 

၄။ မီးပုံးပျံများရရှိရန် ဤ Campaign အတွက်  KBZPay မှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား KBZPay Customer များမှ ပြီးမြောက်အောင်ပြုလုပ်ပြီးဆောင်ရွက်ခြင်းဖြင့် Mystery Box များကို ဖောက်ကာ မီးပုံးပျံအရောင်စုံများကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း Mystery Box အား ဖွင့်ဖောက်နိုင်မှာ ဖြစ်ပြီး Mystery Box အတွင်းမှာ 

  • မီးပုံးပျံ ရောင်စုံများ 
  • ၁၀၀,၀၀၀ ကျပ် အထိ ပြန်အမ်းငွေများ 
  • KBZPay Market မှ ၃၀၀၀ ကျပ်တန် ကူပွန်များ
  • 1875 မှ ကူပွန်များ ကို ရယူ နိုင်မှာဖြစ်ပါတယ်။ 

Campaign Page ထဲမှာ မီးလင်းနေသည့် မီးပုံးပျံများအား နှိပ်ကာ မိမိစုဆောင်းရရှိထားသော မီးပုံးပျံ အရေအတွက်ကို သိရှိနိုင်မှာ ဖြစ်ပြီး ပြန်အမ်းငွေမှာ မိမိ KBZPay Wallet ထဲသို့ လည်းကောင်း ၊ ရရှိလာသော ကူပွန်များကို “My profile” အောက်ရှိ “My coupons “ တွင်ပြန်လှည်ကြည့်ရှုနိုင်ပါသည်။ KBZPay Market မှ ၃၀၀၀ ကျပ်တန် ကူပွန်အား ၃၀,၀၀၀ ကျပ် ဖိုး နှင့် အထက် ဝယ်ယူပြီး အသုံးပြုနိုင်မှာဖြစ်ပါသည်။ 1875 မှ ၅၀၀ ကျပ်တန်၊ ၁၅၀၀ ကျပ်တန် နှင့် ၂၀၀၀ ကျပ်တန် ကူပွန်များကို ရရှိနိုင်မှာ ဖြစ်ပြီး ရရှိသည့် ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

၅။ မီးပုံးပျံများအား လုပ်ဆောင်ချက်များ ပြုလုပ်ပြီး စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း ၊ မိတ်ဆွေများကြား ဝေမျှ၊ လက်ခံ ရယူနိုင်မှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာများ ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး မီးပုံးပျံ  ၄ ခု သာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ပါဝင်သူတွင် မီးပုံးပျံ၁ လုံးတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ 

၆။ နိုဝင်ဘာလ ၄ ၊ ၅ ၊ ၆ ရက်များတွင် စုဆောင်းထားသော မီးပုံးပျံများ ဖြင့် နိုဝင်ဘာလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့ ည ၈ နာရီတွင်  စတင်ကာ ဆုလက်ဆောင်များ ဖွင့်ဖောက် ကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့ နှင့် ၈ ရက်နေ့ ည ၈ နာရီတိုင်း  Customer မှ စုဆောင်းထားသည့် မီးပုံးပျံများဖြင့် မုန့်ဖိုးများ ရယူကံစမ်းနိုင်မှာ ဖြစ်ပါတယ်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုး များကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၇။ Customer သည် ရောင်စုံ မီးပုံးပျံ ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း တန်ဆောင်တိုင် မုန့်ဖိုးရယူရမည့်ရက် ည ၈:၀၀ တွင် မဖွင့်ဖောက် မိလျှင် နောက်ရက် ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော ရောင်စုံမီးပုံးပျံများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်မုန့်ဖိုး ပေးအပ်မည့် ရက်အတွက် မီးပုံးပျံများ အား အစမှ ပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၈။ Customer များသည် တန်ဆောင်တိုင် မုန့်ဖိုး ပမာဏ များများ ရရှိနိုင်ရန် မိမိ နှင့် ချစ်ခင်ရင်းနှီးရသော မိတ်ဆွေ၊ သူငယ်ချင်းများကို KBZPay အကောင့်ဖွင့်ရန် ပိုမိုဖိတ်ခေါ်နိုင်ပြီး ဖိတ်ခေါ်ခံရသူများမှ KBZPay အဆင့် ၁.၅ သို့မဟုတ် အဆင် ၂ အား အောင်မြင်စွာဖွင့်လှစ်နိုင်လျှင် Customer အနေဖြင့် ရောင်စုံမီးပုံးပျံများအား ပိုမိုစုဆောင်းနိုင်မည်ဖြစ်သည်။ 

၉။ ဤ Campaign တွင် ပါဝင်သည့် Customerမှ ဖိတ်ခေါ်လိုက်သည့် ဖိတ်ခေါ်ခံရသူများမှ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာဖွင့်လှစ်နိုင်သည့်အရေအတွက်အပေါ်တွင် မူတည်၍ ဖိတ်ခေါ်သူ Customerသည် Daily ranking list တွင်လည်း ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ 

၁၀။ Ranking List အဆင့်သတ်မှတ်ချက်အား KBZPay ၏ Campaign စာမျက်နှာတွင်  အချိန်နှင့် တစ်ပြေးညီ နေ့စဉ် ကြည့်ရူနိုင်သော်လည်း KBZPay Operation Team ၏ စိစစ်အတည်ပြုချက်နှင့် ကိုက်ညီတဲ့ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂   သို့  အောင်မြင်စွာ ဖွင့်လှစ်ပြီးမှသာ ဆုလက်ဆောင်များ ရရှိနိုင်မှာဖြစ်ပါတယ်။  နောက်ဆုံး စီစစ် အဆင့်သတ်မှတ်ချက်များအား နိုဝင်ဘာလ (၁၅) ရက်နေ့ မှသာ ဖော်ပြပေးမည်ဖြစ်ပြီး ထိုအဆင့်သတ်မှတ်ချက်များသာလျှင်အတည်ဖြစ်သည်။ 

၁၁။ Ranking list အတွက် ငွေသားဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • 1st on daily ranking list – ၁၀၀,၀၀၀ ကျပ် 
  • 2nd on daily ranking list – ၅၀,၀၀၀ ကျပ် 
  • 3rd on daily ranking list -၂၀,၀၀၀ ကျပ်
  • 4th to 20th on daily ranking list – ၅,၀၀၀ ကျပ်

၁၂။ နောက်ဆုံး Ranking List ပါ အဆင့်သတ်မှတ်ချက်များအတိုင်း ဆုကြေးငွေရရှိသည့် ဆုရရှိသူများသည် နောက်ဆုံး ရလဒ် သိရှိပြီး အလုပ်ဖွင့်ရက် ၇ ရက် အတွင်း ဆုကြေးငွေများကို  ဆုရရှိသူများ၏ KBZPay Wallet သို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZ ဘဏ်မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုး တွင် ငွေသားဆုငွေများအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၁၃။ Customerများသည် မီးပုံးပျံ၁ ခု ကို လျှော့ဈေး ကူပွန် တစ်ခုရရှိမည်ဖြစ်ပြီး သတ်မှတ်ထားသည့် အရောင်းမိတ်ဖက်ဆိုင်များတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ ကူပွန်များအား ပြန်လည်အသုံးပြုရာတွင် အပိုဒ်(၄) တွင် ဖော်ပြထားသည့် သတ်မှတ်ချက်နှင့်အညီ အသုံးပြုနိုင်မည်ဖြစ်သည်။

၁၄။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ 

၁၅။ ကူပွန်အား သက်ဆိုင်ရာ ကုန်သည်ကြီးများ၏ အရောင်းဆိုင်များတွင် KBZPay QR Code ဖြင့် ပေးချေပြီးမှသာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

၁၆။ ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၇။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၈။ ဤ Campaignကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၄ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၂၀။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၆။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။