KBZPay x 1875 Tarot Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay x 1875 Tarot Campaign ကာလသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ KBZPay x 1875 Tarot Campaign ၏ရည်ရွယ်ချက် မှာ KBZPay  Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး ဤ Campaign မှတစ်ဆင့် အခမဲ့တားရော့မေးမြန်းပြီး 1875 ဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူရာတွင် ပြန်လည်အသုံးပြုနိုင်မည့် လျှော့ဈေးကူပွန်များကို ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၄။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသည် ဤ Campaign ကာလအတွင်း KBZPay Blue Application မှတစ်ဆင့် အခမဲ့တားရော့ (၅) ကြိမ်အထိမေးမြန်းနိုင်မည်ဖြစ်ပြီး 1875 ဗေဒင်လျှော့ဈေးကူပွန်တစ်ကြိမ် ကံစမ်းနိုင်မည် ဖြစ်ပါသည်။

၅။ အခမဲ့တားရော့မေးမြန်းရာတွင် မေးခွန်းအမျိုးအစား (၅) မျိုးရွေးချယ်နိုင်မည်ဖြစ်ပြီး 

  • အချစ်ရေး
  • အလုပ်အကိုင်
  • ငွေကြေးကံ
  • ကျန်းမာရေး
  • နိုင်ငံခြားကံ စသည့်အကြောင်းအရာများကို မေးခွန်းတစ်ခုလျှင် တစ်ကြိမ်စီ အခမဲ့ ၅ ကြိမ်အထိ မေးမြန်းနိုင်မည်ဖြစ်သည်။

၆။ 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ကံစမ်းရာတွင် ရရှိမည့်လျှော့ဈေးကူပွန်ငွေပမာဏကို ကျပန်း ကံစမ်းရရှိနိုင်မည်ဖြစ်ပြီး ကံစမ်းနိုင်မည့် လျှော့ဈေးကူပွန်များမှာ

  • ၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၈၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၀၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန်
  • ၁,၅၀၀ ကျပ်တန် 1875 ဗေဒင်လျှော့ဈေးကူပွန် တို့ဖြစ်ပါသည်။

၇။ KBZPay အသုံးပြုသူများသည် 1875 ဗေဒင်လျှော့ဈေးကူပွန်ကို ချက်ချင်းလက်ခံရရှိမည် ဖြစ်ပြီး KBZPay “My Coupon” တွင်လည်း ပြန်လည်ရှာဖွေနိုင်မည်ဖြစ်သည်။ 

၈။  KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော 1875 ဗေဒင်လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေဝယ်ယူသည့် ဝန်ဆောင်ခပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုများရန်လိုအပ်ပါသည်။ 

၉။ 1875 ဗေဒင်လျှော့ဈေးကူပွန်များ၏သက်တမ်းမှာ အသုံးပြုသူ လက်ခံရရှိသည့် နေ့ရက်မှစ၍ (၁၄) ရက် အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ 1875 ဗေဒင် ၏ မည်သည့်ဝန်ဆောင်မှုအမျိုးအစားကိုမဆို KBZPay မှတဆင့် ဝယ်ယူခြင်းတွင် ပြန်လည်အသုံးပြုနိုင်ပါသည်။ 

၁၀။ အဆိုပါ 1875 ဗေဒင်ကဒ်လျှော့စျေးကူပွန်ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ငွေပေးချေမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  

၁၁။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ အဆင့်မြှင့်တင်ထားရန် လိုအပ်ပါသည်။ 

၁၂။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၉) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၄။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

 ၁၆။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။