“အမေများနေ့မှာ လက်ဆောင်ဝယ်ယူရင်း (၁) သိန်း ကျပ်အထိ လက်ဆောင်ကူပွန်တွေ ရယူလိုက်ပါ” Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ အမေများနေ့မှာ လက်ဆောင်ဝယ်ယူရင်း (၁) သိန်း ကျပ်အထိ လက်ဆောင်ကူပွန်တွေရယူလိုက်ပါ Campaign ကို ၂၀၂၃ခုနှစ် မေလ ၁၀ ရက်နေ့မှ ၂၀၂၃ခုနှစ် မေလ ၁၄ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay နှင့်အကျိုးတူပူးပေါင်းပါဝင်ထားသော မိတ်ဖက်ဆိုင်များနှင့် Website များတွင် KBZPay QR Code ကို scan ဖတ်၍ သော်လည်ကောင်း၊ မိတ်ဖက်ဆိုင်၏ shortcode ကိုထည့်သွင်း၍သော်လည်းကောင်း၊ သက်ဆိုင်ရာ Website တွင် KBZPay နှင့် ငွေရှင်းမှုအားရွေးချယ်ပြီး ငွေပေးချေမှုများပြုလုပ်ခြင်းဖြင့် လျှော့‌စျေးကူပွန်များ ရရှိနိုင်ရန် ပြုလုပ်ခြင်းဖြစ်ပါသည်။ 

၄။ ဤ Campaign အရ လျှော့‌စျေးကူပွန်များရရှိသူတိုင်းသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်သည်။

၅။ ရရှိနိုင်သော လျှော့‌စျေးကူပွန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

အမျိုးအစားဝယ်ယူမှုနှုန်းလျှော့စျေးကူပွန်ပမာဏသုံးစွဲနိုင်သောပေးချေမှုပမာဏ
Level 1.5 and Level 2 ၃,၀၀၀၁၀၀၃,၀၀၀ နှင့်အထက်
၂၀၀၃,၀၀၀ နှင့်အထက်
၁၀,၀၀၀၁၀,၀၀၁ နှင့်အထက်
၁၀၀,၀၀၀၁၀၀,၀၀၁ နှင့်အထက်

၆။ ဤ Campaign တွင်ပါဝင်ရန် အသုံးပြုသူများအနေဖြင့် transaction တစ်‌ကြောင်းလျှင် အနည်းဆုံး စုစုပေါင်းငွေကျပ် ၃,၀၀၀ ကျပ်နှင့်အထက်ဝယ်ယူ၍ ထိုအရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code အား Scan ဖတ်၍ (သို့) မိတ်ဖက်ဆိုင်၏ shortcode ကိုထည့်သွင်း၍ (သို့) သက်ဆိုင်ရာ Website တွင် KBZPay နှင့် ငွေရှင်းမှုအားရွေးချယ်ပြီး ငွေပေးချေရန် လိုအပ်ပါသည်။ ၃,၀၀၀ ကျပ်အောက် ဝယ်ယူပေးချေမှုများနှင့် QR Codeအား scan ဖတ်၍ (သို့) မိတ်ဖက်ဆိုင်၏ shortcode ကိုထည့်သွင်း၍ (သို့) သက်ဆိုင်ရာ Website တွင် KBZPay နှင့် ငွေရှင်းမှုအားရွေးချယ်ပြီး ငွေပေးချေခြင်းမဟုတ်သည့်ဝယ်ယူမှုများအတွက် လျှော့စျေးကူပွန်များကို ရရှိနိုင်မည်မဟုတ်ပါ။

၇။    လျှော့စျေးကူပွန်တစ်ခု၏ သက်တမ်းမှာ (၇) ရက်ဖြစ်ပြီး Campaign တွင်ပါဝင်သူများအနေဖြင့် KBZPay    အကောင့်တစ်ခုလျှင် လျှော့စျေးကူပွန် တစ်ခုကို တနေ့လျှင် တစ်ကြိမ်သာ ရရှိနိုင်ပါသည်။ Campaign တွင်ပါဝင်သူများအနေဖြင့် ၎င်းတို့ရရှိသောလျှော့စျေးကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။  လျှော့စျေးကူပွန်များကို KBZPay ၏မိတ်ဖက်ဆိုင်များအားလုံးတွင် အသုံးပြုနိုင်ပါသည်။

၉။   ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း    သတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ  ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်က်ပါဝင်နိုင်ပါသည်။

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၆။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် မိတ်ဖက်ဆိုင်များ၏   စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၈။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် မိတ်ဖက်ဆိုင်များ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။