Mastercard၊ Visa ကတ်များဖြင့် KBZPay သို့ ငွေသွင်းပါ

KBZPay အဆင့် (၂) အသုံးပြုသူများအတွက် အခုဆိုရင် KBZPay မှာ  နှစ်သက်ရာ Visa/Mastercardများမှ (KBZ Visa/Mastercard မှ အပ) လွယ်ကူစွာ ငွေသွင်းနိုင်ကြောင်း သတင်းကောင်းပါးပါရစေ။ တစ်ရက်လျှင် ၁၀သိန်းကျပ်အထိ ငွေသွင်းနိုင်မှာဖြစ်ပြီး ငွေတစ်ခါသွင်းလျှင် အနည်းဆုံးပမာဏ ၃သောင်းကျပ်မှစတင်၍ အများဆုံး ပမာဏ ၃သိန်းကျပ်အထိ ငွေသွင်းနိုင်ပါပြီ။ 

ပထမဆုံး အသုံးပြုသူများအနေနှင့် “ကတ်ဖြင့် တစ်ကြိမ်ငွေသွင်းရန်” နှင့် “ကတ်အား ချိတ်ဆက်ပြီး ငွေသွင်းရန်” စသည့် နည်းလမ်း နှစ်မျိုးဖြင့် ငွေသွင်းနိုင်မှာဖြစ်ပါတယ်။   ကတ်၏ အချက်အလက်များကို မသိမ်းဆည်းထားပဲ လိုအပ်သည့်အချိန်မှ အသုံးပြုလိုသူများအနေနှင့် “ကတ်ဖြင့် တစ်ကြိမ်ငွေသွင်းရန်”ကို ရွေးချယ် ငွေသွင်းနိုင်ပါတယ်။ ကတ်၏ အချက်အလက်များကို တစ်ခါဖြည့်သွင်းပြီး နောက်ပိုင်းတွင် ထပ်မံဖြည့်သွင်းစရာမလိုပဲ OTPဖြင့်သာ လွယ်ကူစွာ ငွေသွင်းလိုသူများအနေနှင့် “ကတ်အား ချိတ်ဆက်ပြီး ငွေသွင်းရန်”ကို ရွေးချယ်ပြီး အချက်အလက်များ ဦးစွာဖြည့်သွင်းကာ ငွေသွင်းနိုင်ပါပြီ။ 

KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J