





ဆန်းသစ်တဲ့ Idea တွေကနေ တကယ့် Mini App တစ်ခုဖြစ်လာတဲ့အထိ ဖန်တီးနိုင်မယ့် "AppCube Developers Bootcamp with Hackathon" သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့တဲ့ သင်တန်းသားများအတွက် ကျေးဇူးတင်ဂုဏ်ပြု ဆုချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်၊ Lotte Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
သင်တန်းကာလတစ်လျှောက် ကြိုးစားအားထုတ်တက်ရောက်ခဲ့ကြတဲ့ အဖွဲ့ (၁၁) ဖွဲ့ထဲကမှ…
🏆 ပထမဆု ငွေကျပ် သိန်း ၂၀ ကို Swift Fix Mini App ကို ဖန်တီးခဲ့တဲ့ “Group 9” မှ လည်းကောင်း
🏆 ဒုတိယဆု ငွေကျပ် ၁၅ သိန်းကို EverAfter Mini App ကို ဖန်တီးခဲ့တဲ့ “Group 5” မှ လည်းကောင်း
🏆 တတိယဆု ငွေကျပ် ၁၀ သိန်းကို Go Pay Mini App ကို ဖန်တီးခဲ့တဲ့ “Group 6” မှ လည်းကောင်း လက်တွေ့ ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့မှုတွေအတွက် အသီးသီး ဆုများ ချီးမြှင့်ခံခဲ့ရပါတယ်။
ဒါ့အပြင် နှစ်သိမ့်ဆုအနေနဲ့ သင်တန်းပြီးဆုံးတဲ့အထိ ကြိုးစားသင်ယူယှဥ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ (၈) ဖွဲ့ကို ငွေကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။
နည်းပညာကို အခြေခံတဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ဆိုရင် ထူးချွန်တဲ့ တီထွင် ဖန်တီးသူတွေ များစွာလိုအပ်တဲ့အတွက် KBZ Bank အနေနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စွမ်းရည်ကို အပြည့်အဝ ယုံကြည်ပြီးပံ့ပိုးပေးနိုင်မယ့် အခုလို အစီအစဥ်တွေကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။