ငွေသွင်းခြင်းနှင့် ငွေလွှဲခြင်းအတွက် ပြောင်းလဲသက်မှတ်လိုက်သောပမာဏများ

လူထူထပ်ရာကိုရှောင်ကြဉ်ရန် သင်နှင့်သင့်မိသားစုအား အထောက်အပံ့ပေးသည့်အနေဖြင့် ငွေသွင်းခြင်းနှင့်သုံးစွဲသူအချင်းချင်းငွေလွှဲခြင်း Limit အား KBZPay မှ ယနေ့မှစ၍ ထိရောက်စွာတိုးမြှင့်လိုက်ပါသည်။

ထိုသို့ ပြောင်းလဲသတ်မှတ်လိုက်ခြင်းဖြင့် အသုံးပြုသူများအနေဖြင့် အေးဂျင့်ဆိုင်များနှင့် အရောင်းဆိုင်များအား မကြာခဏ သွားရောက်ရန်မလိုဘဲ လူကြီးမင်း၏ KBZPay အကောင့်ထဲသို့ငွေဖြည့်ခြင်း သို့မဟုတ် မိမိချစ်ခင်ရသူများထံသို့ငွေလွှဲခြင်းများကို KBZPay နှင့်အတူ အဆင်ပြေလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

လူအချင်းချင်းတွေ့ဆုံမှုကို လျော့ချခြင်းဖြင့် COVID -19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို အတူကူညီကာကွယ်ကြပါစို့။

ငွေသွင်းခြင်း (Cash In) အတွက် ပြောင်းလဲသတ်မှတ်လိုက်သော ပမာဏများ

  • Level 1 အသုံးပြုသူများ – ယခင် ၂၀၀,၀၀၀ ကျပ် မှ ယခု ၄၀၀,၀၀၀ ကျပ် သို့
  • Level 2 အသုံးပြုသူများ – ယခင် ၁,၀၀၀,၀၀၀ ကျပ် မှ ယခု ၂,၀၀၀,၀၀၀ ကျပ် သို့

သုံးစွဲသူအချင်းချင်း ငွေလွှဲခြင်း (P2P Transfer) အတွက် ပြောင်းလဲသတ်မှတ်လိုက်သော ပမာဏများ

  • Level 1 အသုံးပြုသူများ – ယခင် ၂၀၀,၀၀၀ ကျပ် မှ ယခု ၄၀၀,၀၀၀ ကျပ် သို့