၁။ KBZPay သည် ၂၀၂၅ ခုနှစ် မတ်လ (၁၀) ရက်နေ့ မှ ၂၀၂၅ ခုနှစ် မတ်လ (၂၉) ရက်နေ့ အထိကို “ခရီးသွားရင်း ကံထူးနိုင်မယ့် ကျပ် (၁၀) သိန်း အထိပြန်အမ်းငွေများ” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 and Level 2 အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက် တွင် ပါဝင်သော မိမိကြိုက်နှစ်သက်ရာ Travel Mini App တစ်ခု တွင်ဈေးဝယ်ပါက ၁,၀၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ၊ ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ ၊၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ ၊၁,၀၀၀ ကျပ် ပြန်အမ်းငွေ၊ ၁,၀၀၀ ကျပ်တန်ကူပွန် ၊ ၁၀,၀၀၀ ကျပ်တန် ကူပွန် ၊ ၁၀၀,၀၀၀ ကျပ်တန်ကူပွန်၊ ကျေးဇူးတင်ပါသည် စသည်တို့ကို ကံထူးနိုင်သည့် အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။
၄။ အစီအစဥ်ကာလအတွင်း Travel Mini Apps များကို အထူးလျော့ဈေး သို့မဟုတ် ပရိုမိုးရှင်းဖြင့်ရောင်းချ ပေးသော Travel Mini Apps များ နှင့် ပုံမှန်နှုန်းထားများဖြင့်ရောင်းချသော Travel Mini Apps ဟူ၍ အမျိုးအစား (၂)မျိုးခွဲခြားထားပါသည်။ အထူးလျော့ဈေး သို့မဟုတ် ပရိုမိုးရှင်းဖြင့်ရောင်းချ ပေးသော Mini Apps များ တွင် ဝယ်ယူပါက ဝယ်ယူမှု (၁) ကြိမ် လျှင် သက်ဆိုင်ရာ Mini Apps Merchant ၏ အထူးလျော့ဈေး သို့မဟုတ် ပရိုမိုးရှင်းများကိုခံစားခွင့်အပြင် ဤအစီအစဥ်တွင် ပါရှိသော ကံစမ်းခွင့်အရေအတွက် (၂)ကြိမ် ရရှိမည်ဖြစ်ပြီး ပုံမှန်နှုန်းထားများဖြင့် ရောင်းချသော Mini Apps များတွင် ဝယ်ယူပါက ဝယ်ယူမှု (၁) ကြိမ် လျှင် ဤအစီအစဥ်တွင် ပါရှိသော ကံစမ်းခွင့်အရေအတွက် (၁)ကြိမ် သာရရှိမည်ဖြစ်ပါသည်။
၅။ ကံစမ်းခွင့်ရယူရန်အတွက် ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံး ပမာဏ သတ်မှတ်ထားခြင်း မရှိပါ။ သို့သော် အသုံးပြုသူတစ်ယောက်သည် အစီအစဥ်ကာလအတွင်း အများဆုံးကံစမ်းခွင့် (၆)ကြိမ်သာ(အထူးလျော့ဈေးဖြင့်ရောင်းချပေးသော Mini Apps တွင် ဝယ်ယူပါက ၄ ကြိမ် နှင့်ပုံမှန်နှုန်းထားများဖြင့် ရောင်းချသော Mini Apps များတွင် ဝယ်ယူပါက (၂) ကြိမ်) ရရှိနိုင်မည် ဖြစ်ပါသည်။
၆။အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော Mini App များတွင်ဈေးဝယ်ပါက Mini App တစ်ခုခြင်းစီ အလိုက်သတ်မှတ်ထားသော အထူးလျော့ဈေးခံစားခွင့်များပါရရှိမည်ဖြစ်ပါသည်။
စဉ် | Mini Apps ဈေးဆိုင်စာရင်း | ရရှိနိုင်သောအထူးလျော့ဈေးများ |
၁ | Oway | လက်မှတ်တိုင်းအတွက် ၅၀% အထူးလျှော့ဈေး ( အများဆုံး ပြန်အမ်းငွေ ၂၀,၀၀၀ကျပ်အထိသာ) |
၂ | Flymya | လက်မှတ်တိုင်းအတွက် ၅၀% အထူးလျှော့ဈေး ( အများဆုံး ပြန်အမ်းငွေ ၂၀,၀၀၀ကျပ်အထိသာ) |
၃ | Elite | ခရီးစဉ်အားလုံးအတွက် ကားလက်မှတ် တစ်စောင်လျှင် 1,500 Ks ပြန်အမ်းငွေ (တစ်ရက်လျှင် ကားလက်မှတ်အစောင်ရေ (၁၃၀) အတွက်သာ) |
၄ | Prince Hotel | ၄၀% လျှော့ဈေး |
၅ | Nug War | လက်မှတ်တိုင်းအတွက် ၁,၀၀၀ ကျပ်အထူးလျော့ဈေး |
၆ | Hotel Yangon | ၁၀% လျော့ဈေး |
၇။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၈။ ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
စဉ် | ကူပွန်ပမာဏ | ပြန်လည်အသုံးပြုနိုင်သော ပမာဏ |
၁။ | ၁,၀၀၀ ကျပ် | ၈,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
၂။ | ၁၀,၀၀၀ ကျပ် | ၁၀၀,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
၃။ | ၁၀၀,၀၀၀ ကျပ် | ၁,၀၀၀,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
မိမိရရှိထားသော ကူပွန်အား KBZPay ရှိ ကူပွန်များ နေရာတွင် သွားရောက်ရယူ နိုင်မည်ဖြစ်ပါသည်။ ကူပွန်တစ်ခု၏ သက်တမ်းမှာ စတင်ရရှိသည့်ရက်မှ (၇)ရက်အထိ ဖြစ်ပါသည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ ကူပွန်များကို အသုံးပြုသူများ အနေဖြင့် ကူပွန်သက်တမ်းကျန်ရှိသည့်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၉။ ဤအစီအစဥ် ကာလအတွင်းသာလျှင်KBZPay Application version ၅.၅.၀ နှင့်အထက် အသုံးပြုသော KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူ များအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၈)တွင် ဖော်ပြချက်နှင့်အညီ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။
၁၀။ KBZPay ပင်မစာမျက်နှာရှိ Mini Appsအောက်မှ Travel Mini Apps များတွင် မဟုတ်သော ငွေပေးချေမှုများအတွက် ကံစမ်းခွင့်များ၊ ပြန်အမ်းငွေများ၊ အထူးလျော့ဈေးများ ရရှိနိုင်မည်မဟုတ်ပါ။
၁၁။ KBZPay အသုံးပြုသူများမှ ဤအစီအစဉ် ကာလအတွင်း ခရီးသွားလက်မှတ်များ၊ ဝယ်ယူထားသော အစားအသောက်များ နှင့် ပစ္စည်းများ နေ့ရက်အချိန်ပြောင်းလဲခြင်း၊ ပယ်ဖျက်ခြင်းနှင့် ပြန်အမ်းငွေ တောင်းခံခြင်း များ ကဲ့သို့သော တစ်စုံတစ်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက Mini Apps Merchant နှင့်သာ သက်ဆိုင်မည် ဖြစ်၍ အသုံးပြုသူအနေဖြင့် မိမိတို့ဝယ်ယူခဲ့သော Mini Apps Merchant ထံသို့ တိုက်ရိုက်ဆက်သွယ် ရမည်။ အသုံးပြုသူတို့က Mini Apps Merchant၏ စည်းမျဉ်းသတ်မှတ်ချက်များ အရ Mini Apps Merchant၏ ဆုံးဖြတ်ချက် အပေါ် လိုက်နာကြရမည်ဖြစ်သည်။
၁၂။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၄။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၅။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၆။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၇။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် သက်ဆိုင်ရာ Mini Apps Merchant၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြား မည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။