About Us

Corporate Profile

Corporate Profile

KBZPay သည်မြန်မာ့အလျင်မြန်ဆုံး လူသုံးများလာသည့် မိုဘိုင်းပိုက်ဆံအိတ်အက်ပလီကေးရှင်းဖြစ်သည်။ လွယ်ကူရိုးရှင်းပြီး လုံခြုံစိတ်ချရသည့်နည်းပညာဖြင့် KBZPay မှတစ်ဆင့် ပြည်သူများအားလုံး ငွေလွှဲ၊ ငွေလက်ခံ၊ ငွေရှင်းခြင်းများကို ကိုယ်ပိုင်စမတ်ဖုန်းမှတိုက်ရိုက်လုပ်ဆောင်နိုင်ပါသည်။ KBZ မှ တစ်နိုင်ငံလုံးရှိ လူတန်းစားအလွှာစုံလက်လှမ်းမီနိုင်သောငွေကြေးဆိုင်ရာဝန်ဆောင်မှုတစ်ရပ်အတွက် ကြိုးပမ်းခဲ့ပြီး သူငယ်ချင်းများ၊ မိသားစုများကြား ချိတ်ဆက်ပေးခြင်း၊ စီးပွားရေးလုပ်ငန်းများ၊ လူမှုပတ်ဝန်းကျင်များကို နိုင်ငံတစ်ဝန်းလုံးအတွက် ဒစ်ဂျစ်တယ်စီးပွားရေးပုံစံပြောင်းလဲတိုးတက်စေပြီး ဒစ်ဂျစ်တယ်လူနေမှုစနစ်အတွက်ကြီးမားသော ပြောင်းလဲမှုကို ဖြစ်စေရန် ကြိုးစား အားထုတ်လျက်ရှိပါသည်။

Financial Inclusion

Financial Inclusion

အသုံးပြုသူတိုင်းနှင့် ကိုယ်စားလှယ်ဝန်ဆောင်မှုပေးသူတိုင်းကို နိုင်ငံတကာအဆင့်မီတိကျသေချာသော KYC နည်းစနစ်ကိုဆောင်ကျဉ်းပေးနိုင်ခြင်းအတွက် KBZPay မှ မြောက်များစွာဂုဏ်ယူမိပါသည်။ KBZPay မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်ခြင်း KYC လုပ်ငန်းစဉ်တစ်ရပ်လုံးကို ဒစ်ဂျစ်တယ်စနစ်အသုံးပြုထားပြီး အချက်အလက်စစ်ဆေးခြင်း၊ biometric ID စစ်ဆေးခြင်းများကိုကျော်လွန်၍ သုံးစွဲသူ၏မျက်နှာကို မှတ်မိစေရန်သိမ်းဆည်းစစ်ဆေးခြင်းအဆင့်များကိုပါ စမတ်ဖုန်းတစ်လုံးဖြင့်ပြီးပြုလုပ်နိုင်သည်။ ထို့ကြောင့် KBZPay ဝန်ထမ်းများမှ onboarding ပြုလုပ်ရာတွင် အချိန်တိုင်း နေရာတိုင်းမှာ အဆင်ပြေလွယ်ကူစွာ ဒစ်ဂျစ်တယ်စနစ်ဖြင့် သုံးစွဲသူကို အကောင့်ဖွင့် ဝန်ဆောင်မှုပေးနိုင်ပါသည်။

KBZ Bank

KBZ Bank

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားသော မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်ပြီး ရုံးချုပ်သည် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင်အခြေစိုက်တည်ရှိပါသည်။ လက်လီနှင့် Corporate ဘဏ်လုပ်ငန်း နှစ်ခုစလုံးတွင် ဈေးကွက်ရှယ်ယာ ၄၀% ရာခိုင်နှုန်းခန့် ရရှိထားရုံသာမက အိမ်နီးချင်းနိုင်ငံများတွင် ရုံးခွဲများဖွင့်လှစ်ထားသည့် နိုင်ငံတကာအဆင့်ထိ တက်လှမ်းလာနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံးသောဘဏ်ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူလူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာ သဘောပေါက် နားလည်သည့် အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဌာရေးဝန်ဆောင်မှုကဏ္ဍကို ဒစ်ဂျစ်တယ်၊ နည်းပညာကဏ္ဍများတွင် ရှေ့ပြေး ဦးဆောင်လျက် ရှိပါသည်။ အထက်ပါ အားသာချက်များဖြင့် ကမ္ဘောဇဘဏ်သည် ဘဏ်လုပ်ငန်းမှတစ်ဆင့် လူနေမှုဘဝအဆင့်မြင့် တိုးတက်လာစေရန် ဖော်ဆောင်ရင်း မြန်မာနိုင်ငံအတွင်း ရာနှုန်းပြည့် ဘဏ္ဍာရေးတွင်ပါဝင်မှု ရည်မှန်းချက်မှာ ပိုမိုနီးစပ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး နယ်ပယ်ကျယ်ပြန့်လာမှု၊ တိုးတက်ပွင့်လင်းလာမှုများနှင့်အတူ ကမ္ဘောဇဘဏ်လီမိတက်သည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့်အတူ ပူးပေါင်းလက်တွဲ လုပ်ကိုင်ခြင်း၏ အခွင့်အလမ်းကောင်းများစွာကို မြင်တွေ့ထားပြီး မြို့ပြများ၊ စွန့်ဦးတီထွင်လုပ်ငန်းများနှင့် ဒေသတွင်း လူမှုအသိုင်းအဝိုင်းအသီးသီးကို လျင်မြန်စွာတိုးတက်ဖွံ့ဖြိုးလာစေရန် အရေးပါသော ပေါင်းကူးတံတားသဖွယ် ကူညီထောက်ပံ့လျက်ရှိပါသည်။