
Mini App သည် KBZPay Super Appအတွင်းမှ Appတစ်ခုဖြစ်သည်။ Super Applicationအတွင်း၊ အလွယ်တကူဝင်ရောက်နိုင်သော Widgetတစ်ခုရှိသည်။ Mini App တစ်ခု၏ runtime သည် Web-view တစ်ခုမျှသာဖြစ်သည်။ KBZPay ၏ Ecosystem အတွင်း လက်ခံထားရှိသော App များအား အသေးစား App များကဲ့သို့သော အတွေ့အကြုံများကိုပေးပါသည်။

Mini Apps များသည် သေးငယ်သော (အများအားဖြင့် 2-5 MB) ရှိသော Appများကို လုပ်ဆောင်ရန်အတွက် Super App တစ်ခု လိုအပ်ပါသည်။

KBZPay သုံးစွဲသူများ နေ့စဥ်နဲ့အမျှတိုးပွားလျက်ရှိရာ လက်ရှိတွင်သုံးစွဲသူပေါင်း သန်းနှင့်ချီရှိပြီး ကြီးမားကျယ်ပြန့်သောကွန်ရက်တွင်များပြားလှသော Customer များရရှိနိုင်ပါသည်။

အကျယ်ပြန့်ဆုံးကွန်ရက်တွေင် မြန်ဆန်လွယ်ကူစွာအသုံးပြုနိုင်ပြီး ငွေသားကိုင်ဆောင်စရာမလိုဘဲ ချက်ချင်းငွေလွှဲပို့နိုင်ကာ အချိန်နှင့်တပြေးညီအသိပေးချက်များရရှိနိုင်ပါသည်။

ကမ္ဘာ့အဆင့်မီ လုံခြုံရေးစနစ်နှင့် စိတ်ချရသော QR ကုတ်အသုံးပြုပြီး ငွေလွှဲပြောင်းမှုများအားလုံးကို OTP/PIN ဖြင့်သာခွင့်ပြုထားသည်။

KBZPay ရှိ Mini App များအား လွယ်ကူချောမွေ့သောအသုံးပြုသူအတွေ့အကြုံရဖို့အတွက် ဤလမ်းကြောင်းများမှတဆင့် Mini App များကို ရှာဖွေပြီး ဝင်ရောက်ကြည့်ရှုပါ။


အဆင့်-၁
လုပ်ငန်းလိုအပ်ချက်အသေးစိတ်အတွက် KBZPay သို့ ဆက်သွယ်ပါ။

အဆင့်-၂
နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ငွေကြေးဆိုင်ရာ ဖြေရှင်းမှုများပါဝင်သော လုပ်ငန်းလိုအပ်ချက် စာရွက်စာတမ်းကိုပြုလုပ်ပါ။

အဆင့်-၃
ပေါင်းစည်းမှု စမ်းသပ်ခြင်းကို လုပ်ဆောင်နေသည့် နည်းပညာဆိုင်ရာ အကောင်အထည်ဖော်မှု သို့မဟုတ် စနစ်ဖွဲ့စည်းမှုပုံစံကို စတင်ပါ။

အဆင့်-၄
ထုတ်ကုန်အဆင်သင့်ဖြစ်မှုသေချာစေရန် သက်ဆိုင်သူများနှင့်ပူးပေါင်းကာ သုံးစွဲသူလက်ခံမှုနှင့် အကြိုစမ်းသပ်မှုပြုလုပ်ပါ။

အဆင့်-၅
ထူးခြားသောအိုင်ကွန်ဖြင့် KBZPay တွင် Mini Appကို စတင်ပါ။

အဆင့်-၆
လူမှုကွန်ရက်များစွာတွင် Mini App အသစ်ကို ကြေညာပါ။