

MMQR ဆိုတာ မိုဘိုင်းပိုက်ဆံအိတ်နဲ့ ငွေပေးချေတဲ့အခါတိုင်းမှာ အသုံးပြုနိုင်ပြီး ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ QR ဖြစ်တာကြောင့် သုံးစွဲသူတွေရော ရောင်းချသူတွေကြားမှာပါ အဆင်ပြေချောမွေ့မှုများစွာကို ပိုမို ရရှိစေမှာ ဖြစ်ပါတယ်။
ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ MMQR ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့ Customer တွေက မည်သည့် မိုဘိုင်းပိုက်ဆံအိတ်ကို မဆို အသုံးပြုပြီး ငွေပေးချေနိုင်မှာ ဖြစ်တဲ့အတွက် KBZPay အသုံးပြုတဲ့ Customer များ အနေနဲ့လည်း ဆိုင်တိုင်းမှာ KBZPay မိုဘိုင်းပိုက်ဆံအိတ်တစ်ခုတည်းနဲ့ ငွေအလွယ်တကူ ဆက်လက် ပေးချေနိုင်မှာ ဖြစ်ပါတယ်။
တိုးတက်ခေတ်မီစွာပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ငွေသားအသုံးပြုမှုမှသည် ခေတ်မီဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေကြေးအသုံးပြုမှုစနစ်ကိုပြောင်းလဲတိုးတက်ဖို့အတွက် MMQR ဟာပေါင်းစည်းချိတ်ဆက်ပေးသွားမှာ ပဲဖြစ်ပါတယ်။



ကုမ္ပဏီမှတ်ပုံတင်လက်မှတ် DICA (သို့မဟုတ်) လုပ်ငန်းလိုင်စင် (သို့မဟုတ်) မှတ်ပုံတင်မူရင်း

ကုမ္ပဏီဘဏ်အကောင့် ( Corporate / Business Current Account ) (သို့မဟုတ်) တစ်ဦးချင်းကိုယ်ပိုင်၊ဘဏ်အကောင့် (Individual Current Account)

အစည်အဝေးမှတ်တမ်း ( BOD Resolution) (သို့မဟုတ်) လျှောက်လွှာ

ကုမ္ပဏီ/လုပ်ငန်း တာဝန်ရှိသူ၏လိုင်စင်ဓာတ်ပုံနှင့် မှတ်ပုံတင်မိတ္တူ

ကုမ္ပဏီ(သို့) လုပ်ငန်း၏ အတွင်းအပြင်ပုံ

Agreement

Appplication Form