“DeeMoney မှ ငွေလွှဲများစွာ KBZPay မှာလက်ခံကာ ဆုလက်ဆောင်များကံစမ်းပါ Campaign” ၏ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ
12/22/2025
၁။ International Remittance ငွေလွှဲဝန်ဆောင်မှုဖြစ်သည့် Dee Money ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ KBZPay Wallet သို့ ပြည်ပမှ ငွေလက်ခံရရှိသော Customer များအတွက် “ပြည်ပမှ ငွေလွှဲများစွာ KBZPay မှာလက်ခံကာ ဆုလက်ဆောင်များကံစမ်းပါ Campaign” ကာလကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့မှစတင်၍ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့အထိ ကျင်းပမည်ဖြစ်ပါသည်။
၂။ ဤ Campaign ၏ရည်ရွယ်ချက်မှာ Dee Money ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ KBZPay Wallet မှ ငွေ ၅၀၀,၀၀၀ကျပ် နှင့် အထက် ပြည်ပမှငွေလွှဲလက်ခံရရှိသော KBZPayCustomer များ အတွက် Spin Wheel Lucky Draw Chance များရရှိနိုင်စေရန်ဖြစ်ပါသည်။ ဤ Campaign ကာလအတွင်း Customer တစ်ဦးသည် အထက်ပါ ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ ငွေ ၅၀၀,၀၀၀ကျပ် နှင့် အထက် ပြည်ပမှငွေလွှဲလက်ခံရရှိမှုတစ်ခုလျှင် Spin Wheel Lucky Draw Chance တစ်ကြိမ်စီရရှိမည်ဖြစ်သည်။ Campaign ကာလအတွင်း Customer တစ်ဦးလျှင် Spin Wheel Lucky Draw Chance အများဆုံး (၅) ကြိမ် အထိသာ ရရှိနိုင်မည် ဖြစ်ပါသည်။
၃။ ယခု Campaignတွင် KBZPay Level 2 အသုံးပြုသူများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၄။ ဤ Campaign ကာလအတွင်း Customer များသည် ရရှိထားသော Spin Wheel Lucky Draw Chance အခွင့်အရေးများအား KBZPay Wallet အတွင်း ရှိ Campaign Page တွင် ဝင်ရောက်စစ်ဆေးနိုင်ပါသည်။
၅။ ဤ Campaign ကာလအတွင်း Customer များ၏ ရရှိထားသော Spin Wheel Lucky Draw Chance များသည် Campaign ကာလပြီးဆုံးသည်နှင့် တပြိုင်နက် သက်တမ်းကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၆။ ဤ Campaign တွင် SpinWheelလှည့်ပြီး ကံထူးနိုင်သည့် ဆုလက်ဆောင် များမှာအောက်ပါ အတိုင်းဖြစ်ပါသည်။
- ၃၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
- ၁၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
- ၅၀,၀၀၀ကျပ် ပြန်အမ်းငွေ
- ၃၀,၀၀၀ကျပ် ပြန်အမ်းငွေ
- ၁၀,၀၀၀ကျပ် ပြန်အမ်းငွေ
- ၅,၀၀၀ကျပ် ပြန်အမ်းငွေ
- ၃,၀၀၀ကျပ် ပြန်အမ်းငွေ
- ၁,၀၀၀ကျပ် ပြန်အမ်းငွေ
- ၅၀၀ကျပ် ပြန်အမ်းငွေ
- ကျေးဇူးတင်ပါတယ် တို့ဖြစ်ပါသည်။
၇။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ ချက်ချင်းတိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် ကမ္ဘောဇဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၈။ ဤ Campaign ကာလအတွင်းသာလျှင် ကမ္ဘောဇဘဏ်၏ Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။
၉။ ကမ္ဘောဇဘဏ်ဝန်ထမ်းများသည် ဤ Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP၊ PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။
၁၀။ ဤCampaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို ကမ္ဘောဇဘဏ် က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ Customer နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၂။ ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်/သို့မဟုတ် Campaignအား ပယ်ဖျက်ခွင့် နှင့် Campaignနှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေများပေါ် မူတည်၍ ပြောင်းလဲဆောင်ရွက်နိုင်သည်။
၁၃။ ကမ္ဘောဇဘဏ်အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြား နိုင်ခြင်းမရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၄။ ကမ္ဘောဇဘဏ် နှင့် သက်ဆိုင်သော ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် လည်း အကျုံးဝင်စေရမည်။
၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့် အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၆။ ကမ္ဘောဇဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် ကမ္ဘောဇဘဏ် အနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ် ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ်ကာလအတွင်း ကမ္ဘောဇဘဏ်မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများ အတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကမ္ဘောဇဘဏ်ဝန်ထမ်း အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။