“၁၀ သိန်း ၁၀ ဆုမှာ ကံထူးရှင်ဖြစ်ဖို့ ဆီဖြည့်ပြီးတိုင်း KBZPay နဲ့ရှင်းမယ်” အစီအစဉ်၏ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ
3/11/2025
၁။ KBZPay သည် ၂၀၂၅ ခုနှစ် မတ်လ (၁၇) ရက်နေ့ မှ မတ် လ ၂၆ ရက် နေ့အထိကို “၁၀ သိန်း ၁၀ ဆုမှာ ကံထူးရှင်ဖြစ်ဖို့ ဆီဖြည့်ပြီးတိုင်း KBZPay နဲ့ရှင်းမယ်” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် KBZPay Level 2 အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZ မှသတ်မှတ်ထားသော မိတ်ဖက်ဆီဆိုင်များတွင် ငွေကျပ် တစ်သိန်း (၁၀၀,၀၀၀)ကျပ် နှင့်အထက် KBZPay မှတစ်ဆင့် ငွေပေးချေ၍ ဆီဖြည့်ပါက ပြန်အမ်းငွေ (၁,၀၀၀,၀၀၀၊ ၁,၀၀၀၊ ၅၀၀) ကျပ် နှင့် (၁၀၀,၀၀၀၊ ၅၀,၀၀၀၊ ၁၀,၀၀၀)ကျပ်တန် ကူပွန် တို့ကို ကံစမ်းခွင့်ရရှိနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ပါသည်။
၄။ ပြန်အမ်းငွေ နှင့် ကူပွန်များ ကံစမ်းခွင့်ရယူရန်အတွက် ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော မိတ်ဖက်ဆီဆိုင်များတွင် ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံး ပမာဏ တစ်သိန်း (၁၀၀,၀၀၀) ကျပ် သတ်မှတ်ထားပြီး KBZPay နှင့် အောင်မြင်စွာ ငွေပေးချေပါက Spin Wheel ကံစမ်းခွင့် တစ်ကြိမ် ရရှိမည်ဖြစ်သည်။ ဤ အစီအစဥ် တွင် အသုံးပြုသူတစ်ယောက်သည် အစီအစဉ်ကာလအတွင်း စုစုပေါင်း ကံစမ်းခွင့် (၂) ကြိမ်သာ ရရှိနိုင်မည် ဖြစ်ပါသည်။ ပြန်အမ်းငွေနှင့် ကူပွန်များပေးမည့် အရေအတွက်သည် ကန့်သတ်ချက်များရှိပါသည်။ ဤအစီအစဥ် ကာလအတွင်း နေ့စဉ်အတွက် သတ်မှတ်ထား သော ပြန်အမ်းငွေ နှင့် ကူပွန်အရေအတွက် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။
၅။ အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော မိတ်ဖက်ဆီဆိုင်များတွင် တစ်သိန်း (၁၀၀,၀၀၀) ကျပ်နှင့်အထက် KBZPay နှင့် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ပါက အစီအစဉ် တွင် ပါဝင်နိုင်မည်ဖြစ်သည်။
၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၇။ KBZPay မှသတ်မှတ်ထားသော မိတ်ဖက်ဆီဆိုင်များတွင် ပေးချေမှုမဟုတ်သော ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။
၈။ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။