“သားသားမီးမီးတို့ ကျောင်းသွားဖို့အတွက် လိုအပ်တာဝယ် KBZPay နဲ့ ရှင်းမယ် ” အစီအစဉ်၏ စည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်များ
5/14/2025
၁။ KBZPay သည် ၂၀၂၅ ခုနှစ် မေလ (၁၉) ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇွန်လ (၁) ၂၀၂၅ ခုနှစ် ရက်နေ့ အထိကို “သားသားမီးမီးတို့ ကျောင်းသွားဖို့အတွက် လိုအပ်တာဝယ် KBZPay နဲ့ ရှင်းမယ် ” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2နှင့် Youth Account အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZ မှသတ်မှတ်ထားသော မိတ်ဖက်ဆိုင်များတွင် ငွေကျပ် သုံးသောင်း (၃၀,၀၀၀)ကျပ် နှင့်အထက် KBZPay မှတစ်ဆင့် အောင်မြင်စွာ ငွေပေးချေ၍ ပစ္စည်းများဝယ်ယူပါက ပြန်အမ်းငွေ (၁,၀၀၀,၀၀၀၊ ၁၀,၀၀၀၊ ၅,၀၀၀၊၃,၀၀၀၊ ၁,၀၀၀) ကျပ် ကံစမ်းခွင့်ရရှိနိုင်ရန်ဖြစ်ပါသည်။ထို့အပြင် အောက်ဖော်ပြပါ ငွေပေးချေမှုများအတွက် လည်း ကူပွန်များကို ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၄။ ပြန်အမ်းငွေ ကံစမ်းခွင့်ရယူရန်အတွက် ဤအစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော မိတ်ဖက်ဆိုင်များတွင် ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံး ငွေပမာဏ သုံသောင်း (၃၀,၀၀၀) ကျပ် သတ်မှတ်ထားပြီး KBZPay နှင့် အောင်မြင်စွာ ငွေပေးချေမှုတိုင်းအတွက် Spin Wheel ကံစမ်းခွင့် တစ်(၁)ကြိမ် ရရှိမည်ဖြစ်သည်။ ပြန်အမ်းငွေနှင့် ကူပွန်များပေးမည့် အရေအတွက်သည် ကန့်သတ်ချက်များရှိပါသည်။ ဤအစီအစဥ် ကာလအတွင်း နေ့စဉ်အတွက် သတ်မှတ်ထား သော ပြန်အမ်းငွေ အရေအတွက် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။ ဤ အစီအစဥ် တွင် အသုံးပြုသူတစ်ယောက်သည် KBZPay Account တစ်ခုဖြင့် အစီအစဉ်ကာလအတွင်း ကူပွန်ရရှိခံစားခွင့် (၁) ကြိမ်သာ ရရှိနိုင်မည် ဖြစ်ပါသည်။
၅။အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော မိတ်ဖက်ဆိုင်များတွင် ငွေသုံးသောင်း (၃၀,၀၀၀) ကျပ်နှင့်အထက် KBZPay နှင့် အောင်မြင်စွာ ငွေပေးချေမှုပြုလုပ်ပါက ဤအစီအစဉ် တွင် ပါဝင်နိုင်မည်ဖြစ်သည်။
၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၇။ KBZPay မှသတ်မှတ်ထားသော မိတ်ဖက်ဆိုင်များတွင် ပေးချေမှုမဟုတ်သော ငွေပေးချေဝယ်ယူမှုများအတွက် ကံစမ်းခွင့် ရရှိနိုင်မည်မဟုတ်ပါ။
၈။ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
မိမိရရှိထားသော ကူပွန်အား KBZPay ရှိ “ကူပွန်များ” နေရာတွင် သွားရောက်ရယူ နိုင်မည်ဖြစ်ပါသည်။ ကူပွန်တစ်ခု၏ သက်တမ်းမှာ စတင်ရရှိသည့်ရက်မှ (၃)ရက်အထိ ဖြစ်ပါသည်။ လျော့စျေးကူပွန်အား သက်တမ်းမကုန်မီ သတ်မှတ်ထားသော မိတ်ဖက်ဆိုင်များ၌ KBZPay မှတစ်ဆင့် ငွေပေးချေ၍ ကုန်ပစ္စည်းများဝယ်ယူပါက ပြန်လည်အသုံးပြုနိုင်ပါသည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ကူပွန်များကို အသုံးပြုသူများ အနေဖြင့် ဤစည်းကမ်းသတ်မှတ်ချက်ပါ ကူပွန်သက်တမ်းကျန်ရှိသည့်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၉။ဤအစီအစဥ် ကာလအတွင်းသာလျှင်KBZPay Application version ၅.၅.၀ နှင့်အထက် အသုံးပြုသော KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူ များအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၈)တွင် ဖော်ပြချက်နှင့်အညီ ဆက်လက် အသုံးပြုနိုင်မည်ဖြစ်သည်။
၁၀။ Youth Account အသုံးပြုသူများအနေ့ဖြင့် ငွေပမာဏ ကန့်သတ်ချက် အရ အထူးဆု ၁,၀၀၀,၀၀၀ ကျပ်ပြန်အမ်းငွေကို ချက်ချင်းရရှိနိုင်မည်မဟုတ်ပါ။ သို့သော် အထူးဆု သိန်း (၁,၀၀၀,၀၀၀) ကျပ်ကို KBZPay မှ သတ်မှတ်ထားသော လုပ်ဆောင်ချက်ကန့်သတ်ချက်နှင့် အညီ ကံထူးပြီး (၁)လ အတွင်း အသုံးပြုသူ၏ KBZPay Wallet ထဲသို့ KBZ မှပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
၁၁။KBZPay အသုံးပြုသူများ အနေဖြင့် အခြားဘဏ်များ၏ MMQR အသုံးပြုထားသော ဆိုင်များတွင် ငွေပေးချေပါက ဤအစီအစဉ်တွင်ပါဝင်ခွင့်မရရှိနိုင်ပါ။
၁၂။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၄။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၅။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၆။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၇။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် မိတ်ဖက်ဆီဆိုင်များ ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။