Medicare (၈) နှစ်ပြည့်မှာ KBZPay နဲ့ အတူ ပါဝင်ကာ ဆုကြီးတွေ ကံစမ်းလိုက်ပါ” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

8/29/2025

KBZPay မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၁၅) ရက်ထိ ကို “Medicare (၈) နှစ်ပြည့်မှာ KBZPay နဲ့ အတူ ပါဝင်ကာ ဆုကြီးတွေ ကံစမ်းလိုက်ပါ” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။

၂။ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာယခု အစီအစဥ်တွင် ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများအားလုံးသည် ဤအစီအစဥ်ကာလအတွင်း Medicare (ရန်ကုန်ဆိုင်ခွဲများမှ အပ) နယ်ဆိုင်ခွဲများ၌ ဈေးဝယ်ယူပြီး Medicare (ရန်ကုန်ဆိုင်ခွဲများမှ အပ) နယ်ဆိုင်ခွဲများ၏ KBZPay MMQR Code (သို့) KBZPay QR Code (သို့) မိမိ၏ KBZPay QR Code ကို scan ဖတ်ပြီး (သို့) Medicare နယ်ဆိုင်ခွဲများ၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ စုစုပေါင်းငွေ သုံးသောင်း (၃၀,၀၀၀) ကျပ်နှင့်အထက် KBZPay နှင့် အောင်မြင်စွာပေးချေခြင်းဖြင့် လက်ဆောင်ဘူး ဖွင့်ဖောက်ခွင့်များရရှိကာ ကျပန်းပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

၄။ ဤအစီအစဥ်တွင် ပါဝင်ရန် ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေ သုံးသောင်း (၃၀,၀၀၀) ကျပ်နှင့်အထက် ဝယ်ယူရန်လိုအပ်ပြီး Medicare (ရန်ကုန်ဆိုင်ခွဲများမှ အပ) နယ်ဆိုင်ခွဲများ၏ KBZPay MMQR Code (သို့) KBZPay QR Code (သို့) မိမိ၏ KBZPay QR Code ကို scan ဖတ်၍ ငွေပေးချေခြင်း (သို့) Medicareနယ်ဆိုင်ခွဲများ ၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ KBZPay နှင့် အောင်မြင်စွာ ငွေပေးချေပြီးပါက လက်ဆောင်ဘူးဖွင့်ဖောက်ခွင့်များရရှိကာ ကျပန်း ပြန်အမ်းငွေများ ပြန်လည် ရရှိမည်ဖြစ်သည်။ ဤအစီအစဥ်သည် Medicare (ရန်ကုန်ဆိုင်ခွဲများမှ အပ) နယ်ဆိုင်တွင်သာအကျုံးဝင်ပြီး လက်ဆောင်ဘူးဖွင့်ဖောက်ခွင့်ရရှိကာ ကျပန်းပြန်အမ်းငွေများကို ခံစားခွင့်ရရှိမည်ဖြစ်သည်။

၅။ KBZPay အသုံးပြုသူများသည် အစီအစဉ်ကာလအတွင်း KBZPay Applicationဖြင့် ငွေပေးချေမှုတစ်ကြောင်း စုစုပေါင်းငွေ သုံးသောင်း (၃၀,၀၀၀) ကျပ်နှင့်အထက် ပေးချေပြီးသည့် အကြိမ်တိုင်းတွင် ထိုငွေပေးချေမှုတစ်ကြောင်းအတွက် လက်ဆောင်ဘူး ဖွင့်ဖောက်ခွင့် တစ်(၁) ကြိမ်ရရှိမည်ဖြစ်ပါသည်။ ဤအစီအစဥ်ကာလအတွင်းလက်ဆောင်ဘူးဖွင့်ဖောက်ခြင်းဖြင့် ရရှိနိုင်သော ပြန်အမ်းငွေများမှာ –

တစ်ထောင် (၁,၀၀၀) ကျပ်ပြန်အမ်းငွေ

ငါးထောင် (၅,၀၀၀) ကျပ်ပြန်အမ်းငွေ

တစ်သောင်း (၁၀,၀၀၀) ကျပ်ပြန်အမ်းငွေ

တစ်သိန်း (၁၀၀,၀၀၀)ကျပ်ပြန်အမ်းငွေ နှင့်

ကျေးဇူးတင်ပါတယ်။ တို့ဖြစ်ပါသည်။

KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေပေးမည့် အကြိမ်အရေအတွက်ကန့်သတ်ချက် ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ဝယ်ယူငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့် ပြန်အမ်းငွေရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Medicare ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။