ပိုမိုကောင်းမွန်သော လုံခြုံရေးနှင့် Features အသစ်များအသုံးပြုရန်အတွက် KBZPay ၏ နောက်ဆုံး Version သို့ အဆင့်မြှင့်ပါ
9/1/2025
KBZPay အသုံးပြုရာတွင် ပိုမိုကောင်းမွန်သော အတွေ့အကြုံများကို ရရှိရန်အတွက် နောက်ဆုံးထွက် Version သို့အဆင့်မြှင့်တင်ရန်လိုအပ်ပါသည်။ ဗားရှင်းအသစ်တွင် မိုဘိုင်းပိုက်ဆံအိတ်အတွင်းရှိ ငွေသားများနှင့် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များအား အကောင်းဆုံးလုံခြုံရေးစနစ်များကို အသုံးပြုပြီး ထိန်းသိမ်းပေးမယ့်အပြင် အခြားသော စိတ်လှုပ်ရှားဖွယ်အသစ်များနှင့် စွမ်းဆောင်ရည် တိုးတက်မှုများကိုပါ ထည့်သွင်းထားပါသည်။
KBZPay App ကိုအမြန်ဆုံး Upgrade ပြုလုပ်သောအခါ ရရှိနိုင်မည့်အကျိုးကျေးဇူးများ
- နေ့စဥ်အသုံးပြုနေသော မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့်အတွက် လုံခြုံရေးစနစ်များအား ပိုမိုခိုင်မာစွာ တိုးမြှင့်ထားခြင်း နှင့် လူကြီးမင်း၏ KBZPay အကောင့်အားဖွင့်လှစ်ထားသည့် ကိုယ်ရေးအချက်အလက်များအား ကာကွယ်ပေးရန်အတွက် အရေးကြီးသောတိုးတက်မှုများ ပါဝင်ခြင်း။
- MMQR အသုံးပြုခြင်းဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်ခြင်း။
- ဘဏ်အကောင့်ချိတ်ဆက်မှုများအတွက် လုံခြုံရေးကောင်းမွန်လာစေရန် နည်းပညာအသစ်များကို ထည့်သွင်းအသုံးပြုထားခြင်း။
- စိတ်ဝင်စားဖွယ် အပန်းဖြေစရာ ကဏ္ဍများအားကြည့်ရှုခံစားနိုင်ခြင်း။
- Mini App သုံးစွဲမှုအတွေ့အကြုံပိုမိုကောင်းမွန်စေရန်နည်းပညာများတိုးမြှင့်ထားခြင်း
- ရိုးရှင်းလွယ်ကူစွာဖြင့် အသုံးပြုကြည့်ရှုနိုင်မည့်ဒီဇိုင်း
ပိုမိုလုံခြုံပြီး အသုံးပြုရလွယ်ကူတဲ့အတွေ့အကြုံများကို ရရှိဖို့အတွက် အခုပဲ KBZPay ရဲ့ နောက်ဆုံး Version သို့အဆင့်မြှင့်တင်လိုက်ပါ။