KBZPay ကိုယ်စားလှယ်များအတွက် အပိုဆုကြေးငွေအစီအစဉ်

လေးစားတန်ဖိုးထားရပါသော KBZPay ကိုယ်စားလှယ်ကြီးများခင်ဗျာ၊ 

၂၀၂၂ ခုနှစ် ဧပြီလ အတွက်  KBZPay ကိုယ်စားလှယ်ကြီးများအား OTC ငွေလွှဲခြင်းသတ်မှတ်ချက် ပြည့်မှီခြင်းအတွက် အပိုဆုကြေးငွေများ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဧပြီလ ၉ ရက်နေ့မှ ၁၇ ရက်နေ့အတွင်း  အထူးအစီအစဉ်အဖြစ် သတ်မှတ်ထားသော OTC ငွေလွှဲပမာဏ ပြည့်မှီခြင်းအတွက် အပိုဆုကြေးငွေ၏ ၂ ဆ အား ထပ်တိုးပေးအပ်သွားမည်ဖြစ်ပါသည်။ 

KBZPay ကိုအစဉ်တစိုက်အသုံးပြုပြီး သုံးစွဲသူအများပြည်သူအား ဝန်ဆောင်မှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။ 

၁။ ဧပြီလ  ဆုကြေးငွေအစီအစဉ် အတွက် သတ်မှတ်ပြည့်မှီ ရမည့် လုပ်ဆောင်ချက် သတ်မှတ်မှုများ

မှတ်ချက်။  ။သတ်မှတ် Txn များ၏ လုပ်ဆောင်ချက်ငွေပမာဏများမှာ အနည်းဆုံးငွေပမာဏ ၁၀,၀၀၁/-ကျပ် နှင့်အထက်ရှိမှသာ ဆုကြေးငွေအဖြစ် ထည့်သွင်းရေတွက်မည်ဖြစ်သည်။

၂။ သင်္ကြန်နှစ်သစ်ကူးပိတ်ရက် အတွက် “၂ဆထပ်တိုး” အထူးဆုကြေးငွေအစီအစဉ်

၂ဆထပ်တိုးငွေဆုကြေးရရှိခံစားမှုသတ်မှတ်ကာလ။

(ဧပြီလ ၉ ရက်နေ့ ၀၀:၀၀ နာရီ မှ ဧပြီလ ၁၇ ရက်နေ့ ၂၄:၀၀ နာရီ ထိ)

မှတ်ချက်။  ။သတ်မှတ် Txn များ၏ လုပ်ဆောင်ချက်ငွေပမာဏများမှာ အနည်းဆုံးငွေပမာဏ ၁၀,၀၀၁/-ကျပ် နှင့်အထက်ရှိမှသာ ဆုကြေးငွေအဖြစ် ထည့်သွင်းရေတွက်မည်ဖြစ်သည်။

ထပ်တိုးဆုကြေးငွေတွက်ချက်ပုံ-

၁။ သတ်မှတ် ငွေလွှဲလုပ်ဆောင်မှု ပမာဏအတွင်းဝင်သော အကြောင်းအရေများအတွက် ဆုကြေးငွေ”နစ်ဆ” ရရှိမည်ဖြစ်သည်။ ဥပမာ – ၁၀,၀၀၁ မှ ၂၅,၀၀၀ ကြား ရှိသော ငွေလွှဲလုပ်ဆောင်မှု အတွက် ပုံမှန် ၇၅ ကျပ်မှ ၁၅၀ ကျပ်(၇၅ ကျပ်ထပ်တိုး) ရရှိခံစားရမည်ဖြစ်သည်။

စည်းကမ်းသတ်မှတ်ချက်များ

၁။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် ပေးအပ်ရခြင်းရည်ရွယ်ချက်မှာ ကိုယ်စားလှယ်များ KBZPay လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း ဖြင့်စီးပွါးရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန်နှင့် KBZPay အားပိုမို အသုံးပြုလာနိုင်ဖို့မြှင့်တင်ပေးရန်ဖြစ်ပါသည်။

၂။ယခုပေးအပ်သောကိုယ်စားလှယ် အကျိုးခံစားခွင့်အစီအစဉ်သည် (၂၀၂၂ ခုနှစ် ၊ ဧပြီလ (၇) ရက်နေ့ ၊ ၀၀:၀၀ နာရီ) မှစတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး (၂၀၂၂ ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့ ၊၂၄ နာရီ) တွင်ပြီးဆုံးပါမည်။

၃။သတ်မှတ်ထားသော လုပ်ဆောင်ချက်အရေအတွက် ပြည့်မှီသော ကိုယ်စားလှယ်များကို SMS နှင့် ကိုယ်စားလှယ် Apps (In app notification) မှတဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ရရှိသောအကျိုးခံစားခွင့်ကို ကိုယ်စားလှယ်၏ KBZPay စာရင်းထဲ ( Agent wallet ) သို့ (လစဉ်) ပထမ အပါတ် သို့ ဒုတိယ အပါတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ အကျိုးခံစားခွင့်နှင့်ပက်သက်၍ မသမာမှု (သို့မဟုတ်) အငြင်းပွါးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ ထို့ပြင် KBZPay သည် ကိုယ်စားလှယ် များအားဆက်သွယ်ပြီး OTP,PIN သို့မဟုတ် Account နှင့်ပါတ်သက်သည့် မည်သည့် သတင်းအချက်အလက်များကိုမျှ တောင်းခံမည် မဟုတ်ပါ။

၅။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် အစီအစဉ်တွင် ကိုယ်စားလှယ်များမှ တဆင့်ငွေလွှဲခြင်း (OTC Only) လုပ်ဆောင်ချက်များသားအကျုံးဝင်ပြီးဘဏ်အကောင့်မှငွေလွှဲခြင်း၊ ဘဏ်အကောင့်သို့ ငွေလွှဲခြင်း နှင့် customer အကောင့်သို့ ငွေသွင်းခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များ အကျုံးဝင်မည် မဟုတ်ပါ။

၆။အကျိုးခံစားခွင့်ပေးအပ်သောကာလအတွင်းမည်သည့်လိမ်လည်လှည့်ဖျားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ကိုယ်စားလှယ်များအား တားဖြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးနှင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သည့်ကိုယ်စားလှယ်ကိုမဆို KBZPay ကပယ်ဖျက်ခြင်း နှင့် / သို့မဟုတ် ပိတ်ပင်ခြင်း၊ အကျိုးခံစားခွင့် ပေးအပ်မှုကိုငြင်းဆိုခြင်း လုပ်ပိုင်ခွင့်ရှိသည်။

၇။ ဤ Campaign နှင့်ပတ်သက်၍ KBZPay ကိုယ်စားလှယ်များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ ကိုယ်စားလှယ်၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၈။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay ကိုယ်စားလှယ်များ အနေဖြင့် လျော်ကြေးတစ်စုံတစ်ရာရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၉။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၀။ KBZPay ၏ကိုယ်စားလှယ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သောဆိုင်ရာပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်ပါသည်။

၁၁။ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများကအစိုးရပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၂။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။