၁။ KBZPay Pocket Money Giveaway ကာလသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၇) ရက်နေ့မှ ၂၀၂၀ ခုနှစ် နိုဝင်ဘာ လ (၃၀) ရက်နေ့အထိဖြစ်ပါသည်။

၂။ KBZPay Pocket Money Giveaway ၏ရည်ရွယ်ချက်မှာ KBZPay အဆင့် ၁၊ ၁.၅ နှင့် အဆင့်၂ သုံးစွဲသူများ အားလုံးအတွက် တန်ဆောင်တိုင်ကာလအတွင်း Pocket Money အစီအစဉ် ဖြင့် ကျပ်သိန်း ၅၀၀ အထိမျှဝေရယူနိုင်သည့်အခွင့်အရေးရရှိနိုင်မည် ဖြစ်ပါသည်။

၃။ KBZPay Pocket Money Giveaway အား အစီအစဉ်ကာလအတွင်း နေ့စဉ် ည ၈ နာရီတိုင်းတွင် KBZPay သုံးစွဲသူများ (အဆင့်အားလုံး)သည် ဦးရာလူစနစ် ဖြင့် မုန့်ဖိုးရယူနိုင်မည်ဖြစ်ပါသည်။ ဉီးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၄။ တရားဝင်ကြေငြာချက်အားလုံးကို KBZPay ၏ တရားဝင် Facebook စာမျက်နှာ တွင်ပြုလုပ်မည်ဖြစ်ပါသောကြောင့် စောင့်မျှော်ကြည့်ရှု့ရန်တိုက်တွန်းအပ်ပါသည်။ 

၅။ KBZPay Pocket Money Giveaway သည်၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၃၀ ရက်အထိ တစ်ဦးကို တစ်ရက်လျှင် ၁ ကြိမ် ပါဝင်ခွင့်ရရှိပါမည် ဖြစ်ပါသည်။

၆။ Pocket Money ဆုငွေကို ရယူပြီးနောက်၊ သင်၏ KBZPay ပိုက်ဆံအိတ်ထဲသို့ ဆုငွေရရှိရန်မိနစ် ၃၀ ခန့်ကြာမြင့်မည် ဖြစ်ပါသည်။

၇။ KBZPay Pocket Money ငွေသားဆု လက်ခံရရှိပြီးနောက် ၇ ရက်အတွင်း သင်၏ KBZPay အကောင့်ထဲသို့သေချာစွာဝင်ရောက်ပါရန် အကြံပြုလိုပါသည်။ သို့မဟုတ်ပါက KBZPay သည်အနိုင်ရငွေပမာဏကိုပြန်လည်သိမ်းဆည်းခွင့်ရှိပါသည်။

၈။ KBZPay ဝန်ထမ်းများသည် campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၉။ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဆုရရှိသူများသည် မိမိ၏ ဆုကို တစ်ခြားသူအား လွှဲပြောင်းပေးခွင့်မရှိပါ။

၁၁။ ဆုရရှိသူများနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့် ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

1. KBZPay Pocket Money Giveaway Campaign period is from November 27, 2020 to November 30, 2020.

2. The purpose of KBZPay Pocket Money Giveaway Campaign is for all KBZPay Level 1, Level 1.5, and Level 2 Customers to get a chance of grabbing up to 50,000,000 Kyats giveaway with KBZPay Pocket Money during Tazaungdaing.

3. KBZPay will share the pocket money to all KBZPay customers (all levels) on every 8:00 PM during the campaign period. It will be first come first serve only. As it is first come, first serve basis, customers are encouraged to log in to their KBZPay account prior to the start of the campaign to get the chance to open the KBZPay Pocket Money.

4. All announcements will be made on KBZPay’s official Facebook page, so please stay tuned and like and follow our KBZPay Official Facebook Page with Blue Mark.

5. You will get the chance to participate in the KBZPay Pocket Money Giveaway Campaign one time a day from November 27th to 30th, 2020.

6. Upon claiming your Pocket Money, it will take around 30 minutes for the winning cash amount to deposit into your KBZPay wallet.

7. You must make sure to log into the KBZPay account within 7 days upon receiving the pocket money otherwise KBZPay has the rights to claw back the winning cash amount.

8. KBZPay employees will not contact participants in the campaign to ask for OTP, PIN or account information.

9. Customers are strictly forbidden to cheat in any other form or manner during KBZPay Pocket Money Giveaway Campaign. KBZPay has the right to cancel and/or ban any customer who is suspected to be cheating in any form and/or manner.

10. All prizes are non-transferable.

11. Any dispute arises between the winners and KBZPay, if any, will be at the sole discretion of KBZPay.

12. Winners shall not be entitled to any indemnity as a result of such unilateral cancellation and / or on variation of these terms and conditions.

13. KBZPay reserves the right, at any time, and without any prior notice, to terminate and/or withdraw the prize and/or cancel and/or vary its benefits or features, and/or vary, add to or delete any of the terms and conditions.

14. All normal KBZPay terms and conditions apply.

15. These terms and conditions shall be governed by and construed in accordance with the laws of the Republic of the Union of Myanmar.

16. KBZ Bank reserves the right to revise initiatives introduced in response to COVID-19 at any time, as the situation evolves.