လေးစားတန်ဖိုးထားရပါသော KBZPay ကိုယ်စားလှယ်ကြီးများခင်ဗျာ၊
၂၀၂၂ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ KBZPay ကိုယ်စားလှယ်ကြီးများအတွက် အထူးအစီအစဉ်အဖြစ် OTC ငွေလွှဲ KPI ပြည့်မှီခြင်း နှင့် ငွေလက်ကျန် ထိန်းသိမ်းမှု သတ်မှတ်ချက်များ ပြည့်မှီခြင်းတို့အတွက် အပိုဆုကြေးငွေများ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
KBZPay ကိုအစဉ်တစိုက်အသုံးပြုပြီး သုံးစွဲသူအများပြည်သူအား ဝန်ဆောင်မှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။
၁။ ကိုယ်စားလှယ် အပိုဆုကြေးငွေ များအတွက် ပြည့်မှီရမည့် KPI များ (လစဉ်)
၂၀၂၂ ခုနှစ် ၊ မတ်လအတွက် ကိုယ်စားလှယ်များ၏ KBZPay လုပ်ဆောင်ချက်များအနက် ငွေလွှဲခြင်း ( OTC only ) လုပ်ငန်းစဉ်အပေါ်မူတည်၍ အောက်ဖော်ပြပါ သတ်မှတ် KPI များပြည့်မှီ မှုရရှိပါက ရရှိမည့် အပိုဆုကြေးငွေ အစီအစဉ်များအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။
မှတ်ချက် ။ ။ သတ်မှတ် Txn များ၏လုပ်ဆောင်ချက် သတ်မှတ် ချက်မှာ အနည်းဆုံး ငွေပမာဏ ၁၀,၀၀၁/- ကျပ်နှင့် သတ်မှတ် Txn အကြောင်းရေ ( ၅-၄၉ ကြောင်း) အတွင်း အနည်းဆုံး လုပ်ဆောင်မှုရှိမှသာ ဆုကြေးငွေအဖြစ်ထည့်သွင်း ရေတွက်မည်ဖြစ်သည်။
ဆုကြေးငွေတွက်ချက်မှု။
၁။ ငွေလွှဲပမာဏ ၁၀,၀၀၁ ကျပ်နှင့်အထက်ရှိသော်လည်း ငွေလွှဲလုပ်ဆောင်မှု အကြောင်းရေ (၄) ကြောင်းအထိသာရရှိလျှင် ဆုကြေးငွေမရရှိနိုင်ပါ။
၂။ငွေလွှဲပမာ ဏ ၁၀,၀၀၁ ကျပ်နှင့်အထက် ငွေလွှဲလုပ်ဆောင်မှု အကြောင်းရေ (၅) ကြောင်း ( သတ်မှတ်ဆုကြေးငွေ ပမာဏ ၅၀ x အကြောင်းရေ ၅ = ဆုကြေးငွေ ၂၅၀ ကျပ်)
၃။ ငွေလွှဲပမာ ဏ ၁၀,၀၀၁ ကျပ်နှင့်အထက် ငွေလွှဲလုပ်ဆောင်မှု အကြောင်းရေ (၅၀) ကြောင်း ( သတ်မှတ်ဆုကြေးငွေ ပမာဏ ၇၅ x အကြောင်းရေ ၅၀ = ဆုကြေးငွေ ၃,၇၅၀ ကျပ်)
၂။ ငွေလက်ကျန် ထိန်းသိမ်းမှု ဆုကြေးငွေ
ဆုကြေးငွေတွက်ချက်မှု။
၁။ သတ်မှတ်ငွေပမာဏ အတွင်းငွေလက်ကျန် ထိန်းသိမ်းထားနိုင်သော်လည်း သတ်မှတ် ငွေလွှဲအကြောင်းရေ မပြည့်မှီပါက ဆုကြေးငွေမရရှိနိုင်ပါ။ ငွေလက်ကျန်ပမာဏ (၁၀၀,၀၀၀ – ၂၀၀,၀၀၀ ) ကျပ်နှင့် ငွေလွှဲအကြိမ်ရေ အနည်းဆုံး ၂၅ ကြိမ် နှင့်အထက်တိုင်းအတွက် ဆုကြေးငွေခံစားမှာ ၅,၀၀၀ ကျပ်ဖြစ်ပါသည်။
၂။ ငွေလက်ကျန် ထိန်းသိမ်းပမာဏ (၂၀၀,၀၀၁ – ၃၀၀,၀၀၀ ) ကျပ်အတွင်းဝင်ရောက်သော်လည်း ငွေလွှဲပမာဏ ၃၅ ကြိမ်ထိမရောက်ရှိခြင်း (သို့) ၂၅ ကြိမ်သာရှိလျှင် ဆုကြေးငွေ ပမာဏ ၅,၀၀၀ ကျပ်သာရရှိခံစားရမည်ဖြစ်သည်။
စည်းကမ်းသတ်မှတ်ချက်များ
၁။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် ပေးအပ်ရခြင်းရည်ရွယ်ချက်မှာ ကိုယ်စားလှယ်များ KBZPay လုပ်ဆောင်ချက်များ ပြုလုပ်ခြင်း ဖြင့်စီးပွါးရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန်နှင့် KBZPay အားပိုမို အသုံးပြုလာနိုင်ဖို့မြှင့်တင်ပေးရန်ဖြစ်ပါသည်။
၂။ယခုပေးအပ်သောကိုယ်စားလှယ် အကျိုးခံစားခွင့်အစီအစဉ်သည် (၂၀၂၂ ခုနှစ် ၊ မတ်လ (၈) ရက်နေ့ ၊ ၀၀:၀၀ နာရီ) မှစတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး (၂၀၂၂ ခုနှစ် ၊ မတ်လ ၃၁ ရက်နေ့ ၊၂၄ နာရီ) တွင်ပြီးဆုံးပါမည်။
၃။သတ်မှတ်ထားသော လုပ်ဆောင်ချက်အရေအတွက် ပြည့်မှီသော ကိုယ်စားလှယ်များကို SMS နှင့် ကိုယ်စားလှယ် Apps (In app notification) မှတဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ရရှိသောအကျိုးခံစားခွင့်ကို ကိုယ်စားလှယ်၏ KBZPay စာရင်းထဲ ( Agent wallet ) သို့ ပထမ အပါတ် သို့ ဒုတိယ အပါတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။
၄။ အကျိုးခံစားခွင့်နှင့်ပက်သက်၍ မသမာမှု (သို့မဟုတ်) အငြင်းပွါးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ ထို့ပြင် KBZPay သည် ကိုယ်စားလှယ် များအားဆက်သွယ်ပြီး OTP,PIN သို့မဟုတ် Account နှင့်ပါတ်သက်သည့် မည်သည့် သတင်းအချက်အလက်များကိုမျှ တောင်းခံမည် မဟုတ်ပါ။
၅။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် အစီအစဉ်တွင် ကိုယ်စားလှယ်များမှ တဆင့်ငွေလွှဲခြင်း (OTC Only) လုပ်ဆောင်ချက်များသားအကျုံးဝင်ပြီးဘဏ်အကောင့်မှငွေလွှဲခြင်း၊ ဘဏ်အကောင့်သို့ ငွေလွှဲခြင်း နှင့် customer အကောင့်သို့ ငွေသွင်းခြင်းနှင့် အခြားသောလုပ်ဆောင်ချက်များ အကျုံးဝင်မည် မဟုတ်ပါ။
၆။အကျိုးခံစားခွင့်ပေးအပ်သောကာလအတွင်းမည်သည့်လိမ်လည်လှည့်ဖျားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် ကိုယ်စားလှယ်များအား တားဖြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးနှင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သည့်ကိုယ်စားလှယ်ကိုမဆို KBZPay ကပယ်ဖျက်ခြင်း နှင့် / သို့မဟုတ် ပိတ်ပင်ခြင်း၊ အကျိုးခံစားခွင့် ပေးအပ်မှုကိုငြင်းဆိုခြင်း လုပ်ပိုင်ခွင့်ရှိသည်။
၇။ တစ်ဖက်သက်ပယ်ဖျက်ခြင်းကြောင့် လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များအရလည်းကောင်း ကိုယ်စားလှယ် များအနေဖြင့်မည်သည့် လျှော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။
၈။ KBZPay သည် မည်သည့်အချိန်တွင်မဆို ၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှ မလုပ်ဘဲ၊ မည်သည့် စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့်နှင့်/သို့မဟုတ် အကျိုးခံစားခွင့် အစီအစဉ်ကိုရုပ်သိမ်းခွင့်နှင့် / သို့မဟုတ် ပယ်ဖျက်ခွင့်နှင့် /သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာ များအားပြောင်းလဲခွင့်နှင့် /သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက် ၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
၉။ KBZPay ၏ကိုယ်စားလှယ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သောဆိုင်ရာပုံမှန်စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်ပါသည်။
၁၀။ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများကအစိုးရပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။