KBZPay မှာ ကူပွန်တွေကံစမ်းပြီး QR နဲ့ဈေးပြန်ဝယ်ရင်း လျော့ဈေးများရယူနိုင်မယ့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှာ ကူပွန်တွေကံစမ်းပြီးQR နဲ့ဈေးပြန်ဝယ်ရင်း လျော့ဈေးများရယူ ပါCampaign ကာလသည်  ဇူလိုင် ၂၂ ရက် ၂၀၂၁ မှ ဩဂုတ်လ ၁၉ ရက် ၂၀၂၁ ထိဖြစ်ပါသည်။ 

၂။ KBZPay မှာ ကူပွန်တွေကံစမ်းပြီးQR နဲ့ဈေးပြန်ဝယ်ရင်း လျော့ဈေးများရယူ ပါCampaign ၏ရည်ရွယ်ချက် မှာ KBZPay အသုံးပြုသူ Level 1, 1.5 နှင့် Level 2 Customer များ အားလုံး သည် ရေတွက်ချိန် ၀၀:၀၀:၀၀ ရောက်ရှိချိန် ( နံနက် ၉ နာရီ) တွင် Spin Wheel လှည့်လည်ကာ ဈေးဝယ် ကူပွန်များ ကံစမ်းနိုင်ရန်ဖြစ်ပြီး ၊ ၎င်းကူပွန်များအား KBZPay အရောင်းမိတ်ဖက်ဆိုင်များတွင် QR ဖြင့်ငွေပေးချေရာတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၃။ KBZPay Customers များသည် KBZPay Campaign Banner  မှတစ်ဆင့် Spin Wheel ကိုလှည့်လည်ကံစမ်းနိုင်မည်ဖြစ်ပါသည်။ 

၄။ နေ့စဉ်သတ်မှတ်ထားသော ကူပွန်အရေအတွက် ကန့်သတ်ချက်ကြောင့် Customers များအနေဖြင့် Campaign page မှ ရေတွက်ချိန် ၀၀:၀၀:၀၀ တွင် Spin Wheel အားလှည့်လည် ရန် လိုအပ်ပါသည်။ တစ်နေ့တာသတ်မှတ်ချက် ကူပွန် အရေအတွက်ပြည့်သွားပါက အဆိုပါအစီအစဉ်၏ တစ်နေ့တာပြီးဆုံးမည်ဖြစ်ပါသည်။ 

၅။ Customers များသည် တစ်နေ့လျှင် ကူပွန် ၁ စောင်နှုန်း နှင့် တစ်ပတ်လျှင် ကူပွန် ၃ စောင် အများဆုံးရရှိမည်ဖြစ်ပါသည်။ Customers များသည် တစ်ပတ်အတွင်း Spin Wheel အား ရေတွက်ချိန် ၀၀:၀၀:၀၀ တွင် ထပ်မံလှည့်လည်ရန် အခွင့်အရေး တစ် ကြိမ် ရရှိရန် ၎င်း၏ သူငယ်ချင်း ၃ ယောက်အား Campaign တွင်ပါဝင်ရန် SMS invitation ( SMS ဝန်ဆောင်ခအား Customer ဘက်မှ ကျခံရမည်ဖြစ်ပါသည်) ဖြင့် ဖိတ်ခေါ် ကာ အဆိုပါ သူငယ်ချင်း ၃ ယောက်မှCampaign တွင်ပါဝင်ပြီး Spin Wheel အား လှည့်လည် ရန်လိုအပ်ပါသည်။ ပထမဦးဆုံး အကြိမ် Spin Wheel အားလှည့်လည်ပြီးနောက် Customers တစ်ဦးလျှင် ထပ်မံအခွင့်အရေး ၂ ကြိမ်ထိ အများဆုံး ရရှိနိုင်မည်ဖြစ်ပြီး  ၊ အခွင့်အရေး ၂ ကြိမ်ရရှိရန် သူငယ်ချင်း ၆ ဦးအား ဖိတ်ခေါ်ရန်လိုအပ်ပါသည်။ Customers များသည် တစ်ပတ်အတွင်း မိမိ ဖိတ်ခေါ်ပြီးသော သူငယ်ချင်းများအား ထပ်မံဖိတ်ခေါ်၍ မရပါ။

၆။ ရေတွက်ချိန်သည် Customers များအတွက် ထပ်မံ လှည့်လည်ရန် အခွင့်အရေး မရရှိတော့သည့် အချိန်တွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ Customer သည် ဒုတိယအကြိမ် အခွင့်အရေး သို့မဟုတ် တတိယအကြိမ် အခွင့်အရေး အား ရေတွက်ချိန် ၀၀:၀၀:၀၀ ရောက်ရှိသည့်အချိန်တွင် လှည့်လည်ရန် လစ်ဟင်းခဲ့ပါက အဆိုပါအခွင့်အရေးကို တစ်ပတ်မကျော်ခင်အချိန်အတွင်း  ( တနင်္လာနေ့မှ တနင်္ဂနွေနေ့အထိ) နောက်တစ်ကြိမ် ရေတွက်ချိန် အားစောင့်ဆိုင်း ၍လှည့်လည်နိုင်ပါသည်။ 

၇။ Customers များသည် ရရှိထားသော ကူပွန်များအား KBZPay ၏ အရောင်းမိတ်ဖက်ဆိုင်များ တွင် QR ဖြင့် ပေးချေဝယ်ယူရာတွင် အသုံးပြုပြီး လျော့ဈေးရရှိမှာဖြစ်ပါသည်။ Customers များအနေဖြင့်ရရှိထားသော ကူပွန်များကို ရရှိပြီးနောက် ၇၂ နာရီအတွင်းအသုံးပြုရန်လိုအပ်ပါသည်။ 

KBZPay Customers များသည် Coupons များအား My profile အောက်ရှိ “My Coupons” ထဲသို့ ချက်ချင်းလက်ခံရရှိမည်ဖြစ်ပါသည်။ 

၈။ Spin Wheel ဆုလက်ဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  • ၁၀၀ ကျပ်တန် ကူပွန် 
  • ၁၅၀ ကျပ်တန် ကူပွန် 
  • ၂၀၀ ကျပ်တန် ကူပွန် 
  • ၃၀၀ ကျပ်တန် ကူပွန် 
  • ၅၀၀ ကျပ်တန် ကူပွန် 
  • ၇,၀၀၀ ကျပ်တန် ကူပွန် 

၉။ ကူပွန်များအား ပြန်လည်အသုံးပြုရာတွင် – 

၁၀၀ ကျပ်တန်ကူပွန်အား ၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၁၅၀ ကျပ်တန်ကူပွန်အား ၇၅၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊၂၀၀ ကျပ်တန်ကူပွန်အား    ၁၀၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၃၀၀ ကျပ်တန်ကူပွန်အား ၁၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၅၀၀ ကျပ်တန်ကူပွန်အား ၂၅၀၀ ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ ၇၀၀၀ ကျပ်တန်ကူပွန်အား  ၃၅၀၀၀  ကျပ်နှင့်အထက်ဝယ်ယူမှု အတွက်လည်းကောင်း၊ အသီးအသီးဖြစ်ပါသည်။ 

 Customer တစ်ဦးသည် ကူပွန် ၃ စောင်အား QR ဖြင့် ဈေးဝယ်ယူမှုတွင် တစ်ပြိုင်တည်း အသုံးပြု၍ မရနိုင်ပါ။ Customer တစ်ဦးသည် ပထမဆုံးရရှိထားသော  ကူပွန် ၂ စောင်အားစတင် အသုံးပြုနိုင်ပြီး ဝယ်ယူမှု့တစ်ခုခြင်းစီ အတွက် တစ်စောင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၁၀။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1 , 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၁၁။ ဤ Campaign တွင် KBZPay Level အားလုံး ပါဝင်နိုင်သော်လည်း Level 1 Customers များအနေဖြင့် ကူပွန်များအား အရောင်းမိတ်ဖက်ဆိုင်များတွင် ဈေးဝယ် ရန် ပြန်လှည် အသုံးပြုရာတွင်   KBZPay Level အဆင့် 1.5 သို့မဟုတ် 2 သို့မြှင့်တင် ထားရန်လိုအပ်ပါသည်။ 

၁၂။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၃။ KBZPay မှာ ကူပွန်တွေကံစမ်းပြီးQR နဲ့ဈေးပြန်ဝယ်ရင်း လျော့ဈေးများရယူ ပါ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင်KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၅။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၆။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၉။ KBZPay  သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။