မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် KBZ Bank ၊ KBZPay နှင့် KBZPay Market တို့မှ ဆောင်ရွက်ချက်များ (မေလ ၂၀၂၃)
မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။
“ ချိတ်ဆက်” နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုး
ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ − ‘ချိတ်ဆက်’ Freelancing Platform နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာလိုက်ပါသည်။ နားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှုများဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ငွေကြေးပေးချေမှုစနစ်ကို ပိုမိုအသုံးပြုလာနိုင်ရန်အတွက် KBZPay ၏ လိုအပ်သော နည်းပညာဆိုင်ရာ ထောက်ပံ့မှုများကို လွယ်ကူစွာ ရရှိနိုင်ရန်နှင့် Freelance Developer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ‘ချိတ်ဆက်’တွင် မှတ်ပုံတင်ထားသော အလွတ်တန်းပညာရှင် […]
KBZPay မှ Mobile Legends ပရော်ဖက်ရှင်နယ်လိဂ် Season 3 ဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်သည့် အသင်းများအား ဆုကြေးငွေများ
ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ – မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းပိုင်ဆံအိတ် KBZPay သည် Moonton ဂိမ်းကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် နိုင်ငံအတွင်း အကြီးဆုံး Mobile Legends ဂိမ်းပြိုင်ပွဲကြီး Mobile Legends Professional League (MPL) Season 3 တွင် အနိုင်ရရှိသူများအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲဝင်အသင်းရာကျော်တို့၏ ပွဲစဉ်များစွာဖြင့် သုံးလကြာ ကျင်းပလာခဲ့သည့် ဂိမ်းပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးအား Yangon Convention Centre တွင် ၂၀၁၉ အောက်တိုဘာလ ၂၇ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အဖွဲ့ (၆) ဖွဲ့သည် ပရိတ်သတ်ပေါင်း ထောင်သောင်းများစွာတို့၏ ရှေ့မှောက်တွင် […]
KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ
ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် – မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်သူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယယားပြည်နယ်၊ မန္တ္တ္တ္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေဟောပြောပွဲများသည် တက်ရောက်သူများအတွက် မိမိတို့ တစ်ကိုယ်ရည်သုံး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်နှင့် အသိပညာများ ရရှိစေနိုင်မည် […]
မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက် သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား
ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အင်အား (၁၈,၀၀၀) ရှိ ကမ္ဘောဇဘဏ် အဖွဲ့သားများက နေ့စဉ် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ရယူအသုံးမပြုနိုင်သေးသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ပထမဦးဆုံး အကြိမ်အဖြစ် စတင် လက်လှမ်းမီလာနိုင်စေရန် ကူညီပေးခဲ့ပါသည်။