How can we help you?

Want to find out more about KBZPay? The answers to these and more can be found below.

“ KBZPay ဆိုသည်မှာ မိမိတို့၏ ဖုန်းအား ပိုက်ဆံအိတ်ကဲ့သို့ ငွေဖြည့်၍ ငွေပေးချေလွှဲပြောင်းမှုများ ပြုလုပ်နိုင်သည့် e-ပိုက်ဆံအိတ် (Mobile wallet) App တစ်ခု ဖြစ်ပါသည်။ ဤ e-ပိုက်ဆံအိတ် (Mobile wallet) App ထဲသို့ ငွေသား ထည့်သွင်း၍ QR ကုဒ် ဖြင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်း၊ တခြားသူထံ ငွေလွှဲပြောင်းပေးခြင်း နှင့် ဘဏ်မှ အသိအမှတ်ပြုထားသော KBZPay ကိုယ်စားလှယ်များထံမှ ငွေသား ထုတ်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။ မိမိ၏ ဘဏ်စာရင်းနှင့် ချိတ်ဆက်၍ နေရာတိုင်း၊ အချိန်တိုင်းတွင် ငွေသားကိုင်ဆောင်ရန်မလိုပဲ ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။

ဘဏ်မှအသိအမှတ်ပြုထားသော KBZPay ကိုယ်စားလှယ်များသည် ကမ္ဘောဇဘဏ်နှင့် စာချုပ်ချုပ်ထားသူများ ဖြစ်ပြီး ဘဏ်ကိုယ်စား ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

KBZPay App ကို Android ဖုန်းများ အတွက် Google Play Store၊ iPhone များအတွက် Apple App Store၊ www.kbzpay.com တို့မှတဆင့် Download ဒေါင်းလုပ် ပြုလုပ်နိုင်ပါသည်။”

အနီးစပ်ဆုံး ဘဏ်ခွဲ/ဘဏ်မှအသိအမှတ်ပြုထားသော ကိုယ်စားလှယ်များထံတွင် မိမိ၏ မှတ်ပုံတင်ကို ပြသပြီးသည်နှင့် e-ပိုက်ဆံအိတ် (mobile wallet) ကို စတင်အသုံးပြုနိုင်ရန် ၎င်းတို့မှ ကူညီသွားမည် ဖြစ်ပါသည်။

MPT၊ Telenor၊ Ooredoo နှင့် MyTel မိုဘိုင်းဖုန်းနံပါတ်များဖြင့် မှတ်ပုံတင်နိုင်ပါသည်။ MEC ဖုန်းနံပါတ်များဖြင့် မှတ်ပုံတင်၍ မရနိုင်ပါ။

KBZPay app အသုံးပြုရန် Android ဖုန်းများအတွက် OS ဗားရှင်း 4.4 နှင့်အထက်၊ iPhone ဖုန်းများအတွက် iOS ဗားရှင်း 8.3 နှင့် အထက် ရှိရန် လိုအပ်ပါသည်။ KBZPay app အသုံးပြုရန် Android ဖုန်းများအတွက် OS ဗားရှင်း 4.4 နှင့်အထက်၊ iPhone ဖုန်းများအတွက် iOS ဗားရှင်း 8.3 နှင့် အထက် ရှိရန် လိုအပ်ပါသည်။

Registered customers – မိမိ၏ ကိုယ်ရေးအချက်အလက်များကို ဘဏ်မှအသိအမှတ်ပြုထားသော ကိုယ်စားလှယ်(Agent) များထံတွင် မှတ်ပုံတင် အတည်ပြုချက် ရယူပြီးသော အသုံးပြုသူများ ဖြစ်ကြပါသည်။

KBZPay စာရင်းဖွင့်လှစ်ထားသော အသုံးပြုသူမှ အခြား KBZPay စာရင်းဖွင့်လှစ်ထားသော အသုံးပြုသူသို့ KBZPay App (အပြာရောင်) ကိုအသုံးပြုပြီး ငွေလွှဲသည့်လုပ်ငန်းစဉ် ဖြစ်သည်။ အသုံးပြုသူသည် KBZPay e-ပိုက်ဆံအိတ် အကောင့်ထဲရှိ e-ပိုက်ဆံကို အသုံးပြု၍ KBZPay နှင့် ချိတ်ဆက်ထားသော အရောင်းကုန်ဆိုင်များထံတွင် ဈေးဝယ်ခြင်းများ ပြုလုပ်နိုင်သည်။

KBZPay စာရင်းဖွင့်လှစ်ထားသူမှ KBZPay တွင် စာရင်းဖွင့်လှစ်ထားခြင်း မရှိသော e-ပိုက်ဆံအကောင့် မရှိသူထံသို့ ငွေလွှဲသော လုပ်ငန်းစဉ် ဖြစ်သည်။ ငွေပို့သူသည် ဂဏန်း ၆လုံးပါ လုံခြုံရေး ကုဒ်ကိုလည်းကောင်း၊ ငွေလက်ခံသူသည် ဂဏန်း ၄လုံးပါ လုံခြုံရေး ကုဒ်ကိုလည်းကောင်း SMS ဖြင့်ရရှိမည်ဖြစ်ပြီး ငွေပို့သူမှ ငွေလက်ခံသူထံသို့ ဂဏန်း ၆လုံးပါ လုံးခြုံရေး ကုဒ်ကိုပေးပို့ခြင်းဖြင့် ငွေလက်ခံသူသည် နီးစပ်ရာရှိ ကိုယ်စားလှယ်ထံတွင် လုံခြုံရေးကုဒ်နှစ်ခုလုံးကို ပြ၍ ငွေထုတ်ယူနိုင်မည် ဖြစ်သည်။

KBZPay စာရင်းမဖွင့်ထားသူမှ အခြား KBZPay စာရင်းမဖွင့်ထားသူထံသို့ ကိုယ်စားလှယ်မှတဆင့် ငွေသွင်း၍ ငွေလွှဲသော လုပ်ငန်းစဉ် ဖြစ်သည်။ ငွေပို့သူသည် ဂဏန်း ၆လုံးပါ လုံခြုံရေး ကုဒ်ကိုလည်းကောင်း၊ ငွေလက်ခံသူသည် ဂဏန်း ၄လုံးပါ လုံခြုံရေး ကုဒ်ကိုလည်းကောင်း SMS ဖြင့်ရရှိမည်ဖြစ်ပြီး ငွေပို့သူမှ ငွေလက်ခံသူထံသို့ ဂဏန်း ၆လုံးပါ လုံခြုံရေး ကုဒ်ကိုပေးပို့ခြင်းဖြင့် ငွေလက်ခံသူသည် နီးစပ်ရာရှိ ကိုယ်စားလှယ်ထံတွင် လုံခြုံရေးကုဒ်နှစ်ခုလုံးကို ပြ၍ ငွေထုတ်ယူနိုင်မည် ဖြစ်သည်။

KBZPay စာရင်းမဖွင့်ထားသူမှ KBZPay စာရင်းဖွင့်ထားသူထံသို့ ကိုယ်စားလှယ်မှတဆင့် ငွေလွှဲသော လုပ်ငန်းစဉ်ဖြစ်သည်။ KBZPay စာရင်းမရှိသူမှ ကိုယ်စားလှယ်တွင် ငွေသားပေးသွင်းပြီး၊ ကိုယ်စားလှယ်မှတဆင့် KBZPay စာရင်းရှိသူ၏အကောင့်သို့ e-ပိုက်ဆံအား ငွေလွှဲပေးပို့ပါမည်။

“ KBZPay ကို အသုံးပြုခြင်းအားဖြင့် –

(1) KBZPay e-ပိုက်ဆံအိတ်အတွင်းသို့ ငွေဖြည့်သွင်းခြင်း နှင့် ငွေထုတ်ခြင်းများကို နီးစပ်ရာ KBZPay ကိုယ်စားလှယ်များ နှင့် ကမ္ဘောဇဘဏ်ခွဲများတွင် ဆောင်ရွက်နိုင်ပါသည်။

(2) မိတ်ဆွေ သူငယ်ချင်းများသို့ ငွေလွှဲခြင်း၊ ငွေလက်ခံခြင်းများကို ငွေသားမပါဘဲ e-ပိုက်ဆံဖြင့် အလွယ်တကူ လုပ်ဆောင်နိုင်ပါသည်။

(3) ကိုယ်ကြိုက် နှစ်သက်ရာဆိုင်များတွင် နေ့စဉ် ဝယ်ယူမှုအများတွက် QR ကုဒ် ကို အသုံးပြုပြီး လွယ်ကူစွာ ငွေပေးချေ ဝယ်ယူနိုင်ပါသည်။

(4) အသုံးစရိတ် ပေးချေမှုများအတွက် Quickpay အသုံးပြုနိုင်ခြင်း။ ဥပမာ – လျှပ်စစ်မီး၊ ရေအသုံးပြုခများ

(5) KBZPay e-ပိုက်ဆံအိတ် ကို ၂၄နာရီပတ်လံုံး အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် လက်ကျန်ငွေကို ကြိုက်နှစ်သက်ရာ အချိန်တွင် စစ်ဆေးနိုင်မည် ဖြစ်သည်။

(6) ငွေအကြွေ လဲရန်/အမ်းရန် အတွက် ပူပန်ရန် မလိုအပ်တော့ပါ။

(7) KBZPay e-ပိုက်ဆံအိတ်သည် နိစ္စဓူ၀ ဈေးဝယ်မှုကဲ့သို့သော အသေးသုံး ငွေပေးချေမှုများကို ဆောင်ရွက်နိုင်ပါသည်။ ATM နှင့် Debit ကတ်များကဲ့သို့ ကိုယ်ရေးအချက်အလက်များကို Online အရောင်းကုန်ဆိုင် များထံသို့ ပေးရန်မလိုအပ်သည့်အတွက် ကိုယ်ရေးအချက်အလက်များကို ပိုမို ကာကွယ်ရာရောက်မည် ဖြစ်သည်။

(8) QR ကုဒ် ကိုသုံး၍ ငွေပေးချေခြင်းကြောင့် ဈေးဆိုင်နှင့် ဈေးဝယ်သူ နှစ်ဦးနှစ်ဘက်လုံးအတွက် ငွေကြေးရေတွက်ရခြင်း၊ တန်းစီစောင့်ဆိုင်းရခြင်း စသည့် အချိန်ကုန်ခြင်းများမှ သက်သာစေမည် ဖြစ်သည်။

(9) ငွေပေးချေမှု၊ ငွေလွှဲမှုများနှင့် ပတ်သက်သော အချိန်၊ နေ့ရက်နှင့် အမည်များအပါအဝင် အသေးစိတ်အချက်အလက် အပြည့်အစုံကို မြင်တွေ့ရသည့်အတွက် အငြင်းပွားမှုများကို ဖြေရှင်းရာတွင် ပိုမို လွယ်ကူစေလိမ့်မည် ဖြစ်သည်။

(10) မြန်မာနိုင်ငံတွင်း နေထိုင်သူ အချင်းချင်း မည်သူ့ထံမှမဆို (သို့) မည်သူထံသို့မဆို ငွေကြေး လွှဲပြောင်းခြင်း၊ ငွေကြေးလက်ခံခြင်း ပြုလုပ်နိုင်မည် ဖြစ်သည်။”

“ လုံခြုံမှုရှိပါသည်။ သင့်အနေဖြင့် ဗဟိုဘဏ်မှ တရားဝင်လုပ်ငန်းခွင့်ပြုချက် ပေးထားသော ကမ္ဘောဇဘဏ်၏ Digital e-ပိုက်ဆံအိတ်အတွင်းသို့ ငွေကြေးထည့်သွင်း၍ အသုံးပြုခြင်း ဖြစ်ပါသည်။ KBZPay သည် လက်ကိုင်အိတ် (သို့) ငွေသားခိုးယူခံရခြင်းနှင့် ပျောက်ဆုံးခြင်း ကဲ့သို့သော ကိစ္စများအတွက် ငွေကြေးဆုံးရှုံးမှုမရှိဘဲ ဘဏ်အကောင့်တစ်ခုကဲ့သို့ လုံခြုံမှုရှိနေပါမည်။ ကမ္ဘောဇဘဏ်သည် KBZPay e-ပိုက်ဆံအိတ် အတွက် လုံခြုံရေးအဆင့်ကို ဘဏ်အကောင့်များနှင့် အဆင့်တူသတ်မှတ်ထားသောကြောင့် လုံခြုံစိတ်ချရပါသည်။

KBZPay Appကို သင်တစ်ဦးတည်းသာသိသော လိျှု့ဝှက်နံပါတ်ဖြင့် သုံးရသောကြောင့် သင်၏ဖုန်းပျောက်စေကာမူ သင်၏ KBZPay e-ပိုက်ဆံအိတ် အတွင်းရှိ ငွေသားများလုံခြုံပါသည်။

သင့်ငွေကြေးလုံခြုံစိတ်ချရန် ကူညီပေးနိုင်သောအချက်အလက်များ။

(1) သင်၏ မိုဘိုင်းဖုန်း လျှို့ဝှက်နံပါတ် နှင့် KBZPay ၏ လျှို့ဝှက်PINနံပါတ် ကို မတူညီအောင် ထားပေးပါ။ မည်သူ့ကိုမျှ လျှို့ဝှက်PINနံပါတ် ကိုမပေးပါနဲ့။ ယခုကဲ့သို့ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သင်၏ ဖုန်း ခိုးယူခံရခြင်း ကြုံတွေ့စေကာမူ သင်၏ e-ပိုက်ဆံအိတ်ကို မည်သူမျှ အသုံးပြု၍ ရမည်မဟုတ်ပါ။

(2) သင့်အနေဖြင့် တစ်စုံတစ်ဦးမှ သင်၏ လျှို့ဝှက်PINနံပါတ် ကို သိရှိနိုင်သည်ဟု သံသယရှိသည်နှင့် လျှို့ဝှက်PINနံပါတ် ကိုချက်ချင်း ပြောင်းပါ။

(3) သင်၏ ငွေကြေးကဲ့သို့ပင် သင့်ကိုယ်ရေးအချက်အလက်များသည်လည်း ထပ်တူထပ်မျှ အရေးပါသည်။ သင်၏ အရေးကြီးသော စာရွက်စာတမ်းနှင့် ၎င်းတို့၏မိတ္ထူများကို မယုံကြည်ရသော လူများရှေ့တွင် လွယ်လင့်တကူ မထားသင့်ပါ။ မည်သည့် ကိုယ်ရေးအချက်အလက်ကိုမဆို လိုအပ်မှသာ ယုံကြည်ရသောသူများအား မျှဝေသင့်ပါသည်။

(4) မိမိ၏ လက်ကိုင်ဖုန်း ပျောက်ဆုံးပါက သင်၏ debit/credit ကတ် ပျောက်ဆုံးသကဲ့သို့ပင် ကမ္ဘောဇဘဏ်၏ ဆက်သွယ်ရေးစင်တာသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။

(5) ကောလာဟလများကို မယုံကြည်ပါနှင့်။ မလိုလားအပ်သော လုပ်ဆောင်မှုများကို သံသယဖြစ်ဖွယ် တွေ့ရှိပါက ထိတ်လန့်ခြင်း မဖြစ်ပဲ ဘဏ်သို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ ကိုဆက်သွယ်ပါ။”

“ (1) မိမိ၏ မိုဘိုင်းဖုန်း အင်တာနက်ကွန်ရက် ချိတ်ဆက်မှုအခြေအနေအား စစ်ဆေးပါ။

(2) မိမိ၏ အင်တာနက် ဒေတာ Data လက်ကျန်ကို စစ်ဆေးပါ။

(3) မိမိ၏ လက်ကိုင်ဖုန်း၏ storage ပမာဏကို စစ်ဆေးပါ။

(4) ဆက်လက်ဖြစ်ပေါ်နေသေးပါက ကျွနု်ပ်တို့ထံသို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ မှတဆင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။”

“ အကောင့်လျှို့ဝှက်PIN နံပါတ် ဆိုသည်မှာ သင်၏ KBZPay e-ပိုက်ဆံအိတ်သို့ ဝင်ရောက်ခွင့်ပြုမည့် လုံခြုံရေး နံပါတ် ဖြစ်သည်။ သင်၏ အကောင့် လုံခြုံရေးကို ပိုမိုကောင်းမွန်စေရန် e-ပိုက်ဆံအိတ်အသုံးပြုရာတွင် သင်၏ အကောင့်ကို ဂဏန်း ၆ လုံးပါ ကိုယ်ပိုင်လျှို့ဝှက်PINနံပါတ်ကိုအသုံးပြု ကာကွယ်ထားရန် လိုအပ်ပါသည်။ သင်၏ KBZPay appရှိ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် လျှို့ဝှက်PINနံပါတ်ကို ထည့်သွင်းရန် လိုအပ်ပါမည်။

အကောင့်လျှို့ဝှက်PINနံပါတ်ကို ပြောင်းလဲရန် – KBZPay App အတွင်းရှိ “လျှို့ဝှက်နံပါတ် ပြောင်းမည်” “Change PIN” သို့ “လျှို့ဝှက်PINနံပါတ် သတ်မှတ်မည်” “Reset PIN” ကို နှိပ်ပါ။”

PINနံပါတ်ကို မေ့လျော့သွားပါက

Account Security >> forgot PIN >> Reset nowသို့သွား၍ မိမိ၏ မှတ်ပုံတင်/နိုင်ငံကူးလက်မှတ်ကိုရေး၍ nextကို နှိပ်ပါ။ ထို့နောက် မိမိ မှတ်ပုံတင်ထားသော ဖုန်းသို့ ပေးပို့လာသည့် Pinနံပါတ်ကို ထည့်ပါ။ ထို့နောက် မိမိ ပြောင်းလဲလိုသော Pinနံပါတ်ကို နှစ်ကြိမ် ပြန်လည် ထည့်သွင်း၍ account pinနံပါတ်ကို ပြောင်းလဲ သတ်မှတ်နိုင်ပါသည်။

“ဘဏ်အကောင့်” သို့သွား၍ “+” ကိုနှိပ်ကာ သင်၏ ငွေစုဘဏ်စာရင်းနှင့် စာရင်းရှင်ဘဏ်စာရင်းများဖြင့် ချိတ်ဆက်နိုင်ပါသည်။ Corporate Account (သို့) Joint Account များဖြင့် မချိတ်ဆက်နိုင်ပါ။ ယင်းသို့ ဘဏ်အကောင့် နှင့် ချိတ်ဆက်ရာတွင် ဘဏ်အကောင့်ဖွင့်စဉ် မှတ်ပုံတင်ထားသော မိုဘိုင်းဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ် နှင့် မွေးနေ့ရက်စွဲ အချက်အလက်များသည် မိမိလက်ရှိ KBZPay တွင်အသုံးပြုနေသော အချက်အလက်များနှင့် တူညီရပါမည်။ အချက်အလက်များ တူညီပါက မိမိ၏ ဘဏ်အကောင့်တွင် မှတ်ပုံတင်ထားသော မိုဘိုင်းဖုန်းနံပါတ်သို့ SMS ဖြင့် အတည်ပြုဂဏန်း ၆လုံး ပေးပို့ပါမည်။

[email protected] သို့ email အီးမေးလ် ပေးပို့နိုင်ပြီး KBZPay Support မှ အမြန်ဆုံး ပြန်လည်ဆက်သွယ်မည် ဖြစ်ပါသည်။

သင့်အနေဖြင့် ကိုယ်စားလှယ် ဖြစ်လိုပါက +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့ ဆက်သွယ်၍ သော်လည်းကောင်း၊ [email protected] သို့ မိမိ၏ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများကို အီးမေးလ် ပေးပို့၍ သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့၏ အရောင်းကိုယ်စားလှယ်အဖွဲ့ မှ ဆက်သွယ်ပါလိမ့်မည်။

သင့်အနေဖြင့် အရောင်းကုန်ဆိုင် ဖြစ်လိုပါက +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့ ဆက်သွယ်၍ သော်လည်းကောင်း၊ [email protected] သို့ မိမိ၏ အမည်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာများကို အီးမေးလ်ပေးပို့၍ သော်လည်းကောင်း အကြောင်းကြားနိုင်ပါသည်။ ကျွန်ုပ်တို့၏ အရောင်းကုန်ဆိုင်အဖွဲ့ မှ ဆက်သွယ်ပါလိမ့်မည်။

KBZPay App ရှိ “နီးစပ်ရာ ကိုယ်စားလှယ်များ” ကို နှိပ်၍ မိမိ၏ အနီးတစ်ဝိုက်တွင် ရှိသော KBZPay အရောင်းကုန်ဆိုင် နှင့် ကိုယ်စားလှယ်များ စာရင်းကို ၎င်းတို့၏လိပ်စာ၊ ဖုန်းနံပါတ်များနှင့်တကွ ကြည့်ရှုနိုင်ပါသည်။

KBZPay customer များ အနေဖြင့် app ၏ ညာဖက် အောက်ထောင့်တွင် “ကျွနု်ပ်၏ QR” ကို တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ အခြား KBZPay အသုံးပြုသူမှ သင့်ထံသို့ ငွေလွှဲပြောင်းပေးပို့လိုပါက ၎င်း QR ကုဒ်ကို scan ဖတ်ခြင်းဖြင့် အလွယ်တကူ ဆောင်ရွက်နိုင်ပါသည်။

အရောင်းကုန်ဆိုင် ဈေးဆိုင်များတွင် ပြသထားသော QR ကုဒ်ကို scan ဖတ်ပြီး ပေးချေရမည့် ငွေပမာဏကို ရိုက်ထည့်ကာ အတည်ပြုခြင်းဖြင့် ငွေပေးချေမှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။

KBZPay app ရှိ “နီးစပ်ရာ ကိုယ်စားလှယ်များ” ကို နှိပ်၍ မိမိ၏ အနီးတစ်ဝိုက်တွင် ရှိသော KBZPay အရောင်းကုန်ဆိုင် နှင့် ကိုယ်စားလှယ်များစာရင်းကို ၎င်းတို့၏ လိပ်စာ၊ ဖုန်းနံပါတ်များနှင့်တကွ ကြည့်ရှုနိုင်ပါသည်။

စာရင်းဖွင့်ပြီး ဖြစ်သည့် အသုံးပြုသူ များသည် အနီးစပ်ဆုံး KBZPay ကိုယ်စားလှယ် ထံသို့ သွားရောက်၍ ငွေသွင်းခြင်း ငွေထုတ်ခြင်း ပြုလုပ်နိုင်ပါသည်။

(1) မိမိ၏ မိုဘိုင်းဖုန်း အင်တာနက်ကွန်ရက် ချိတ်ဆက်မှုအခြေအနေအား စစ်ဆေးပါ။

(2) မိမိ၏ အင်တာနက် ဒေတာ Data လက်ကျန်ကို စစ်ဆေးပါ။

(3) မိမိ လုပ်ဆောင်ပြီးသော transaction ၏ အတည်ပြုမှု သို့မဟုတ် မှားယွင်းနေကြောင်း အသိပေးချက်များ ရရှိခြင်း ရှိ၊ မရှိကို စစ်ဆေးပါ။

(4) သင်၏ နေ့စဉ် e-ပိုက်ဆံ အသုံးပြုနိုင်မှု ကန့်သတ်ချက် ပမာဏကို စစ်ဆေးပါ။

(5) ဆက်လက်ဖြစ်ပေါ်နေသေးပါက ကျွနု်ပ်တို့ထံသို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ မှတဆင့် တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်။

စာရင်းပေးသွင်းပြီးသော အသုံးပြုသူများအနေဖြင့် တစ်ရက်လျှင် အများဆုံး ကျပ် (၂၀) သိန်းအထိ ငွေထုတ်နိုင်ခြင်း၊ တစ်ရက်လျှင်အများဆုံး (၁၀) သိန်းကျပ်အထိ ငွေသွင်းနိုင်ခြင်းများ ပြုလုပ်နိုင်မည်။ ယင်းငွေပမာဏမှာ ငွေသွင်း၊ ငွေထုတ်ခြင်းနှင့် အခားသော ငွေပေးချေမှုများအတွက်ပါဝင်ပါသည်။ စာရင်းပေးသွင်းပြီးသော်လည်း မှတ်ပုံတင်ဖြင့် KBZPay ကိုယ်စားလှယ်ထံတွင် အတည်ပြု မှတ်ပုံတင်ခြင်း မရှိသေးသော အသုံးပြုသူများသည် တစ်ရက်လျှင် ငွေပမာဏအများဆုံး ငွေကျပ်(၅)သောင်း၊ တစ်လလျှင် ငွေပမာဏအများဆုံး ငွေကျပ် (၄) သိန်း အထိအသုံးပြုနိုင်ပါသည်။

KBZPay အသုံးပြုလိုသူ Customer များသည် ကမ္ဘောဇဘဏ် သို့မဟုတ် KBZPay ကိုယ်စားလှယ် (Agent) များထံတွင် မိမိ၏မှတ်ပုံတင်ပြ၍ Registered Customer ဖြစ်အောင် မပြုလုပ်မချင်း KBZPay app တွင်ပါဝင်သော ငွေကြေးဝန်ဆောင်မှုများ အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ပါ။

၀၉ ၉၆၉၉၆၃၂၁၁ သို့ ခေါ်ဆို၍ သော်လည်းကောင်း [email protected] သို့ အီးမေးလ် ပေးပို့၍ သော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။

(1) မိမိအနေဖြင့် ပြည်တွင်းရှိ မည်သည့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှု အော်ပရေတာများမှ မိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြုသော မည်သူ့ထံမဆို ငွေလွှဲပြောင်းပေးပို့နိုင်မည် ဖြစ်သည်။

(2) မိမိ၏မိတ်ဆွေများ ဆက်သွယ်ရန်စာရင်းအတွင်းမှ KBZPay e-ပိုက်ဆံအိတ် ရှိသော သူငယ်ချင်း ထံသို့လည်း လွှဲပြောင်းပေးပို့နိုင်မည် ဖြစ်သည်။

(3) KBZPay e-ပိုက်ဆံအိတ် ရှိသော မိမိ၏ သူငယ်ချင်းများ၏ QR ကုဒ်ကို scan ဖတ်၍ KBZPay ၏ “ ငွေလွှဲ” ဝန်ဆောင်မှုကို အသုံးပြု၍ ငွေလွှဲပြောင်းပေးပို့နိုင်မည် ဖြစ်သည်။

P2P (R2R) ငွေလွှဲမှုအတွက် အဖြေ

စာရင်းပေးသွင်းပြီးသော အသုံးပြုသူများ အနေဖြင့် တစ်ရက်လျှင် အများဆုံး ကျပ် (၅၀) သိန်းအထိ ငွေလွှဲပြောင်းပေးခြင်း၊ တစ်ရက်လျှင် အများဆုံး ကျပ် (၅၀) သိန်းအထိ ငွေသွင်းခြင်းများ ပြုလုပ်နိုင်မည်။ ယင်းငွေပမာဏမှာ ငွေထုတ်ခြင်း၊ ငွေသွင်းခြင်း နှင့် အခြားသော ငွေပေးချေမှုများအတွက်ပါဝင်ပါသည်။ စာရင်းပေးသွင်းပြီးသော်လည်း မှတ်ပုံတင်ဖြင့် KBZPay ကိုယ်စားလှယ်ထံတွင် အတည်ပြု မှတ်ပုံတင်ခြင်း မရှိသေးသော အသုံးပြုသူများသည် တစ်ရက်လျှင် ငွေပမာဏအများဆုံး ငွေကျပ်(၅)သောင်း၊ တစ်လလျှင် ငွေပမာဏအများဆုံး ငွေကျပ် (၄) သိန်း အထိအသုံးပြုနိုင်ပါသည်။