KBZPay နဲ့ အချင်းချင်း အခမဲ့ငွေလွှဲပြီး Spin Wheel မှာ ဆုလက်ဆောင်တွေ ကံစမ်းကြမယ် အစီစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay P2P Spin Wheel Campaign ကာလသည် ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ်လ ၃၁ ရက် ထိဖြစ်ပါသည်။ 

၂။ KBZPay P2P Spin Wheel Campaign ၏ရည်ရွယ်ချက် မှာ KBZPay application အား KBZPay အသုံးပြုသူ Level 1.5 နှင့် Level 2 Customer များ အချင်းချင်းအခမဲ့ ငွေလွှဲခခြင်းလုပ်ဆောင်ပြီး ငွေသားဆု နှင့် ကူပွန်ဆု များ ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၃။ KBZPay Customer များသည်အချင်းချင်း (အနည်းဆုံး ပမာဏ ၂၀၀၀ ကျပ်) အောင်မြင်သော ငွေလွှဲလုပ်ဆောင်ခြင်းအတွက် Spin Wheel အား  တစ်နေ့တာတွင် ပထမဆုံးအကြိမ်ပြုလုပ်သော (အချင်းချင်းမှတ်ပုံတင်ထားသော)ငွေလွှဲလုပ်ဆောင်ချက်အတွက် တစ်ဦးလျှင် တစ်ကြိမ် လှည့်လည်ကံစမ်းခွင့်ရရှိမည်ဖြစ်ပါသည်။ 

၄။ KBZPay Customerအနေဖြင့် ငွေလွဲပြောင်းခြင်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် Customer မှ Spin Wheel မလှည့်ဖြစ်ခဲ့ပါက နောက်ထပ် အစားထိုး Spin Wheel လှည့်ခွင့်ကိုရရှိမည်မဟုတ်သည့်အပြင် အဆိုပါအခွင့်အရေးကိုလည်း KBZPayအား တောင်းဆိုခွင့်ရှိမည်မဟုတ်ပါ။

၅။ P2P Spin Wheel ဆုလက်ဆောင် အစီအစဉ်များအဖြစ်  အောက်ပါအတိုင်း မြင်တွေ့ရမည် ဖြစ်ပါသည်။ 

  • လက်ဆောင်ကတ်ကူပွန် 
  • QR ဖြင့်ကုန်ပစ္စည်းဝယ်ယူရန်ကူပွန် 
  • ဆုငွေ
  • ကျေးဇူးတင်ပါသည် 

၆။ လက်ဆောင်ကတ် (Gift card) ကူပွန်ပြန်လည်အသုံးပြုရန်အတွက် – ၃၀ ကျပ်တန်ကူပွန်အား ၅၀၀ ကျပ်နှင့်အထက်ဝယ်ယူခြင်းအတွက်လည်းကောင်း၊ ၂၀၀ ကျပ်တန်ကူပွန် အား ၄၀၀၀ ကျပ်နှင့်အထက် ဝယ်ယူချင်းအတွက် လည်းကောင်း၊ ၅၀၀ ကျပ်တန်ကူပွန်အား ၁၀၀၀၀ ကျပ်နှင့်အထက်ဝယ်ယူခြင်းအတွက်လည်းကောင်း အသီးသီးအသုံးပြုနိုင်ပါသည်။ 

၇။ QR ဖြင့်ကုန်ပစ္စည်းဝယ်ယူရန်ကူပွန်များအား ၃၀ကျပ်တန်ကူပွန် အား ၁၀၀၀ ကျပ်နှင့်အထက်ဝယ်ယူခြင်းအတွက်လည်းကောင်း၊ ၉၀ကျပ်တန်ကူပွန်အား ငွေ၃၀၀၀ ကျပ်နှင့်အထက်ဝယ်ယူခြင်းအတွက်လည်းကောင်း အသီးသီးအသုံးပြုနိုင်ပါသည်။ 

၈။ အဆိုပါ လက်ဆောင်ကတ် ကူပွန် ( Gift Card ) နှင့် QR ဖြင့်ကုန်ပစ္စည်းဝယ်ယူရန်ကူပွန် များအား ပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ဝယ်ယူမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  Customer တစ်ဦးသည် ဝယ်ယူမှုတစ်ခုခြင်းစီ အတွက် တစ်စောင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၉။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး  ၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ 

၁၀။ KBZPay Customer များသည် ငွေသားဆု နှင့် ကူပွန်ဆု များအား ချက်ချင်းလက်ခံရရှိမည်ဖြစ်ပြီး ၊ ငွေသားဆုအား KBZPay wallet အကောင့် ထဲသို့လည်းကောင်း ကူပွန်ဆုများအား KBZPay “My coupon” ထဲသို့လည်းကောင်း အသီးသီးလက်ခံရရှိမည်ဖြစ်ပါသည်။ 

၁၁။ ဤ Campaign တွင်ပါဝင်ဆင်နွှဲ နိုင်ရန် KBZPay Customer များသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အဆင့်မြှင့်တင်ထားရန်လိုအပ်ပြီး အချင်းချင်းငွေလွှဲခြင်းအတွက် ပမာဏအနည်းဆုံး ၂၀၀၀ ကျပ် ဖြစ်ရန်လိုအပ်ပါသည်။ 

၁၂။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1.5 နှင့် Level 2 Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၃။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၄။ P2P Spin Wheel Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

 ၁၆။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

 ၁၇။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

(ဤ Campaign တွင်ပါဝင်ရန်  KBZPay  Customer များအနေဖြင့် KBZPay နောက်ဆုံး upgrade version အား အသုံးပြုရန်လိုအပ်ပါသည်။)