KBZPay ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းများကိုပါ ဖိတ်ခေါ်ပြီး ဖုန်းဘေလ်လျှော့ဈေးကူပွန် ၁၀,၀၀၀ ကျပ်အထိ ရယူလိုက်ပါ အစီအစဉ်၏ စည်ကမ်းသတ်မှတ်ချက်များ

၁။ KBZPay Blue App ဗားရှင်းမြှင့်တင်ရန် သူငယ်ချင်းများကို ဖိတ်ခေါ်ပြီး ဖုန်းဘေလ်လျှော့ဈေးကူပွန် ၁၀,၀၀၀ ကျပ်အထိရယူနိုင်မည့် အစီအစဉ်ကာလ သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့အထိဖြစ်ပါသည်။ 

၂။ ဤအစီအစဉ်တွင် KBZPay အသုံးပြုသူအဆင့်အားလုံးသာမက KBZPay အားစတင်အသုံးပြုမည့်သူများ အားလုံးလည်းပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများသည်  KBZPay Blue App ဗားရှင်း ၅.၀ အောက်အသုံးပြုနေသည့် မိတ်ဆွေသူငယ်ချင်းများအား KBZPay Blue App ဗားရှင်း ၅.၀နှင့်အထက်သို့မြှင့်တင်ရန် ဖိတ်ခေါ်ပြီး အောင်မြင်စွာ ဗားရှင်းမြှင့်တင်နိုင်၍သော်လည်းကောင်း၊ KBZPay Blue App ဗားရှင်း ၅.၀ အောက်အသုံးပြုနေသူများသည် ကိုယ်တိုင် KBZPay Blue Appဗားရှင်း ၅.၀ နှင့်အထက် မြှင့်တင်၍သော်လည်းကောင်း၊ KBZPay အားစတင်အသုံးပြုမည့်သူများသည်လည်း KBZPay Blue App ဗားရှင်း ၅.၀ နှင့်အထက်အားရယူ အသုံးပြုပြီး  KBZPay အကောင့်ဖွင့်ခြင်းဖြင့်သော်လည်းကောင်း ပြုလုပ်ပြီး ၁၀,၀၀၀ ကျပ်တန်အထိ ဖုန်းဘေလ်ဖြည့် လျှော့ဈေးကူပွန်များ အားရယူနိုင်မည်ဖြစ်ပါသည်။   

၄။ KBZPay Blue App နောက်ဆုံးဗားရှင်းမြှင့်တင်ရန် ဖိတ်ခေါ်ရာတွင် ဖိတ်ခေါ်သူကိုယ်တိုင်သည် KBZPay Blue App ဗားရှင်း ၅.၀ နှင့်အထက်အသုံးပြုသူဖြစ်ရမည်ပြီး ဖိတ်ခေါ်ခြင်းခံရသူသည် KBZPay ဗားရှင်း ၅.၀ အောက် အသုံးပြုနေသူဖြစ်ရပါမည်။ ဖိတ်ခေါ်ခြင်းခံရသူသည် သတ်မှတ်ချက်များနှင့် ကိုက်ညီ၍ KBZPay Blue App ဗားရှင်း ၅.၀ နှင့်အထက်အားအောင်မြင်စွာမြှင့်တင်ပြီးပါက ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန် တစ်စောင် ရရှိမည်ဖြစ်ပြီး ဖိတ်ခေါ်သူသည်လည်း ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန် တစ်စောင်ရရှိမည်ဖြစ်ပါသည်။ ဖိတ်ခေါ်သူသည် အစီအစဉ်စာမျက်နှာထဲသို့ဝင်ရောက်၍ ဖိတ်ခေါ်ရန်လင့်ခ်အား ရယူပြီး မိတ်ဆွေသူငယ်ချင်းများအား ဖိတ်ခေါ်နိုင်ပါသည်။ သို့ရာတွင် ဖိတ်ခေါ်သူသည် KBZPay အက်ပလီကေးရှင်းအား မျှဝေနိုင်သော ဆော့ဖ်ဝဲ တခုခုအားအသုံးပြု၍ အသိမိတ်ဆွေများထံမျှဝေခြင်းအတွက် ကူပွန်ရရှိမည်မဟုတ်ပါ။  ဖိတ်ခေါ်သူနှင့် ဖိတ်ခေါ်ခြင်းခံရသူတို့သည် တူညီသော Device တစ်ခုထဲတွင် ဖိတ်ခေါ်ခြင်း နှင့် ဗားရှင်းမြှင့်တင်ခြင်းအား ပြုလုပ်ပါကလည်း ဤအစီအစဉ်တွင် အကျုံးမဝင်ပါ။ 

၅။ KBZPay Blue App ဗားရှင်း ၅.၀ နှင့်အထက်အား ကိုယ်တိုင်မြှင့်တင်ခြင်းဆိုရာတွင် အသုံးပြုသူသည် KBZPay Blue Appဗားရှင်း ၅.၀ အောက်အသုံးပြုနေသူဖြစ်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရ၍ဖြစ်စေ၊ KBZPay အက်ပလီကေးရှင်း အား တရားဝင်ရယူနိုင်သော ပလက်ဖောင်းများမှဖြစ်စေ (ဥပမာ KBZPay ၏ တရားဝင် website မှတစ်ဆင့်)၊ အက်ပလီကေးရှင်းမျှဝေနိုင်သော ဆော့ဖ်ဝဲတခုခုမှ KBZPay Blue Appဗားရှင်း ၅.၀ နှင့်အထက်အား ကိုယ်တိုင်ရယူ၍ မြှင့်တင်ခြင်းအတွက်ဖြစ်စေ ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန် တစ်စောင်သာ ရရှိနိုင်ပါမည်။ လက်ရှိအချိန်တွင် KBZPay Blue Appဗားရှင်း ၅.၀ နှင့်အထက် အသုံးပြုနေပြီး ထိုမှတဆင့် ပိုမြှင့်သော ဗားရှင်းများအား မည်သည့်နည်းလမ်းဖြင့်မဆိုမြှင့်တင်ခြင်းများ သည် ဤအစီအစဉ်တွင် အကျုံးမဝင်ပါ။  (ဉပမာ- KBZPay Blue Appဗားရှင်း ၅.၀ မှ ၅.၁ သို့မြှင့်တင်ခြင်းများ) 

၆။ KBZPay အားစတင်အသုံးပြုမည့်သူများသည် KBZPay အက်ပလီကေးရှင်း အား တရားဝင်ရယူနိုင်သော ပလက်ဖောင်းများမှဖြစ်စေ (ဥပမာ KBZPay ၏ တရားဝင် website မှတစ်ဆင့်)နှင့် အက်ပလီကေးရှင်းမျှဝေနိုင်သော ဆော့ဖ်ဝဲတခုခုမှ ကိုယ်တိုင်ရယူအသုံးပြု၍  KBZPay အကောင့်မှတ်ပုံတင်ခြင်းပြုလုပ်ပြီးမှသာ ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန်တစ်စောင် ရယူနိုင်မည်ဖြစ်ပါသည်။ KBZPay Blue Appဗားရှင်း ၅.၀ အောက် အား အသုံးပြု၍ အကောင့်မှတ်ပုံတင်ပါက ကူပွန်အား ရရှိနိုင်မည် မဟုတ်ပါ။ 

၇။ အစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူတစ်ဉီးလျှင် ဖုန်းဘေလ်ဖြည့်လျှော့ဈေးကူပွန်များအား ၅၀ ကျပ်မှ ၁၀,၀၀၀ ကျပ်တန်ထိ ကျပန်းပမာဏဖြင့် အများဆုံး ၁၅ စောင် အထိသာရယူနိုင်မည်ဖြစ်ပြီး ကူပွန်တစ်စောင်လျှင် မည်သည့်ဆက်သွယ်ရေးအော်ပရိတ်တာအတွက်မဆို ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက် တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။ 

၈။ KBZPay အသုံးပြုသူများသည် မိမိတို့ရရှိထားသော ကူပွန်များအား KBZPay အက်ပလီကေးရှင်းတွင် “ကျွန်ုပ်၏ပရိုဖိုင်” စာမျက်နှာရှိ “ကူပွန်များ” လုပ်ဆောင်မှုထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ရရှိထားသောကူပွန်အား ၇ ရက်အတွင်း အသုံးပြုရမည်ဖြစ်ပါသည်။ 

၉။ ကူပွန်များအား အသုံးပြုရာတွင် အောက်ပါသတ်မှတ်ချက်များအတိုင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

  • ၅၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၁,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၁၅၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၂,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၃၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၃,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၁,၀၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၃,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၅,၀၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၁၀,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ
  • ၁၀,၀၀၀ ကျပ်တန်ကူပွန်အား အနည်းဆုံး ၂၀,၀၀၀ ကျပ်တန်ဖိုးရှိ ဖုန်းဘေလ်(သို့) ဒေတာပက်ကေ့ချ် ဝယ်ယူမှုအတွက်သာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

၁၀။ အစီအစဉ်တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ ဤအစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် အစီအစဉ်ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိခဲ့ပါက အစီအစဉ်ကာလ ပြီးဆုံးသော်လည်း အပိုဒ် ၈ တွင် ဖော်ပြချက်နှင့်အညီ ကူပွန်လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၁၂။ KBZ  ဝန်ထမ်းများသည် ဤအစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၃။ ဤ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ KBZPay အသုံးပြုသူ များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZ တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၅။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၆။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။