KBZPay အကောင့်အား မည်သည့် MPU ကတ်နဲ့မဆို ချိတ်ဆက်ပြီးအခမဲ့ ငွေဖြည့်နိုင်မည့် အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay အကောင့်အား မည်သည့် MPU ကတ်နဲ့မဆို ချိတ်ဆက်ပြီးအခမဲ့ ငွေဖြည့်နိုင်မည့် အစီအစဉ် ကာလသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ   ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay Level 2 အသုံးပြုသူများအားလုံး  ဤအစီအစဉ်တွင် ပါဝင်ခွင့်ရှိပါသည်။

၃။ အစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုသူ  Customer များသည် မည်သည့် MPU ကတ် ဖြင့်မဆို KBZPay  အကောင့်ထဲသို့ လွှဲပြောင်းခ အခမဲ့ဖြင့် ငွေဖြည့်သွင်းနိုင်မည်ဖြစ်ပါသည်။ 

၄။ ဤ   အစီအစဉ်ကာလအား သတ်မှတ်ထားသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ သို့မဟုတ် KBZPay မှ သတ်မှတ်ထားသည့် ကန့်သတ်ချက်ထက် ကျော်လွန်သည့်အခါမျိုးတွင်ဖြစ်စေ မည်သည့်အချိန်တွင်မဆို KBZPay Customer များအား ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ KBZ မှ  အစီအစဉ်ကာလအား ပြင်ဆင်ခြင်း သို့မဟုတ် အစီအစဉ် အား ရပ်စဲခြင်းများအား KBZ ၏ တစ်ဉီးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

၅။ MPU မှ KBZPay အကောင့် ထဲသို့ ငွေဖြည့်သွင်းခြင်းအား တစ်နေ့လျှင် လုပ်ဆောင်မှု ၁၀ ကြိမ် အထိသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး KBZPay မှ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်နိုင်မည်ဖြစ်သည် (အသေးစိတ်အား KBZPay အပ်ပလီကေးရှင်း၏ ကျွန်ုပ်၏ပရိုဖိုင်ရှိ ‘သတ်မှတ်ချက်နှင့် ဝန်ဆောင်ခများ’ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

၆။ ငွေဖြည့်သွင်းရန်အတွက် မိမိ၏ MPU ကတ်အား e-commerce register ပြုလုပ်ထားရန်လိုအပ်ပါသည်။

၇။ ဤ  အစီအစဉ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ Level 2 Customer များအနေဖြင့် MPU ကတ်မှ KBZPay အကောင့်ထဲသို့ လွှဲပြောင်းခ အခမဲ့ဖြင့် ငွေဖြည့်သွင်းခွင့်ရှိမည်ဖြစ်ပြီး အစီအစဉ် ကာလပြီးဆုံးသည်နှင့်တစ်ပြိုင်နက် KBZPay၏ နဂိုမူလကောက်ခံမှုနှုန်းထားများအတိုင်းသာ ပြန်လည်ကောက်ခံသွားမည်ဖြစ်ပါသည်။

၈။ KBZPay ရဲ့ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များကို ပိုမိုကျယ်ပြန့်စွာ သိရှိအသုံးပြုနိုင်ရန် KBZPay နောက်ဆုံးဗားရှင်းအား မြှင့်တင်ပြီး အသုံးပြုမှုအတွေ့အကြုံအသစ်များကို ရယူရန်တိုက်တွန်းပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၀။ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။KBZPay အသုံးပြုသူများနှင့် KBZPay တို့အကြား ဤအစီအစဉ်နှင့်ပတ်သက်၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

 ၁၃။ KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အားရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများနှင့် သတ်မှတ်ချက်များအား ပြင်ဆင်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

 ၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

 ၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ၊ KBZ  အနေဖြင့်ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။