KBZPay Gift Card Spin Wheel စည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Gift Card Spin Wheel Campaign ကာလသည် ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Gift Card Spin Wheel Campaign ၏ရည်ရွယ်ချက် မှာ  KBZPay Level 1 ၊ Level 1.5 နှင့် Level 2 အသုံးပြုသူ အားလုံး KBZPay Application အတွင်းရှိ လက်ဆောင်ကဒ်များကို ဝယ်ယူမှုများအတွက် Spin Wheel လှည့်ခွင့် ရရှိပြီး ပြန်အမ်းငွေ၊ လက်ဆောင်ကဒ် လျှော့ဈေးကူပွန်များ နှင့် Samsung Tablet အား ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။ 

၃။ KBZPay အသုံးပြုသူများသည် ဤCampaignကာလအတွင်း KBZPay Application အတွင်းရှိ လက်ဆောင်ကဒ် များကို (အနည်းဆုံး ပမာဏ ၈၀၀ ကျပ်) ဝယ်ယူပြီးတိုင်း Spin Wheel တစ်ကြိမ်လှည့်ခွင့်ရရှိမည်ဖြစ်ပါသည်။ 
Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ပြန်အမ်းငွေ ၁၀၀ ကျပ်
  • ပြန်အမ်းငွေ ၂၀၀ ကျပ်
  • ၁၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၁၅၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၂၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • ကျေးဇူးတင်ပါသည် 

၄။ Spin Wheel လှည့်ခွင့်ရရှိရန် KBZPay အသုံးပြုသူများသည် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် အနည်းဆုံး ပမာဏ ၈၀၀ ကျပ် အသုံးပြုရမည်ဖြစ်ပြီး လက်ဆောင်ကဒ် လျှော့ဈေးကူပွန်များ အသုံးပြု၍ ဝယ်ယူသည့် ငွေပေးချေမှုများတွင် အနည်းဆုံး ငွေပမဏ ၈၀၀ ကျပ် ပေးချေရန် လိုအပ်ပါသည်။ ၈၀၀ ကျပ်အောက် လက်ဆောင်ကဒ်ဝယ်ယူမှုများအတွက် Spin Wheel လှည့်ခွင့်ရရှိမည်မဟုတ်ပါ။
( ဥပမာ – ၁၅၀၀ ကျပ်တန် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် ၅၀၀ ကျပ် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်အသုံးပြုပြီး ငွေပေးချေပါက ၁၀၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ထိုဝယ်ယူမှုသည် ၈၀၀ ကျပ်နှင့်အထက် ဝယ်ယူမှုဖြစ်သောကြောင့် Spin Wheel လှည့်ခွင့်ရရှိမည်ဖြစ်ပါသည်။) (ဥပမာ – ၁၀၀၀ ကျပ်တန် လက်ဆောင်ကဒ်ဝယ်ယူမှုအတွက် ၃၀၀ ကျပ် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်အသုံးပြုပြီး ငွေပေးချေပါက ၇၀၀ ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ထိုဝယ်ယူမှုသည် ၈၀၀ ကျပ်အောက် ဝယ်ယူမှုဖြစ်သောကြောင့် Spin Wheel လှည့်ခွင့်ရရှိမည် မဟုတ်ပါ။)

၅။  Spin Wheel အား ၅ ကြိမ် လှည့်ပြီးတိုင်း Premium Spin Wheel လှည့်ခွင့် ၁ ကြိမ် ရရှိမည်ဖြစ်ပါသည်။ Premium Spin Wheel တွင် ပါဝင်သော ဆုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  • ပြန်အမ်းငွေ ၅၀၀ ကျပ်
  • ပြန်အမ်းငွေ ၁,၀၀၀ ကျပ်
  • ၁,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၅,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန် 
  • ၁၀,၀၀၀ ကျပ်တန် လက်ဆောင်ကဒ် လျှော့ဈေးကူပွန်
  • Samsung Tablet 

၆။ KBZPay အသုံးပြုသူများအနေဖြင့် ၈၀၀ ကျပ်နှင့်အထက် လက်ဆောင်ကဒ်များအား အောင်မြင်စွာဝယ်ယူပြီးပါက ရရှိလာသော Spin Wheel လှည့်ခွင့်အား ဤCampaignကာလအတွင်းမည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။ 

၇။ Spin Wheel ၅ ကြိမ်အောင်မြင်စွာလှည့်ပြီးနောက် ရရှိလာမည့် Premium Spin Wheel လှည့်ခွင့်အား ဤCampaignကာလအတွင်းမည့်သည့်အချိန်မဆို လှည့်ခွင့်ရှိပါသည်။ 

၈။ KBZPay အသုံးပြုသူ များအနေဖြင့် ရရှိလာသော လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား ပြန်လည် အသုံးပြုရာတွင် ဝယ်ယူသည့် လက်ဆောင်ကဒ် ပမာဏသည် လျှော့ဈေးကူပွန် ပမာဏထက် ပိုမိုရန်လိုအပ်ပါသည်။ 

၉။ ရရှိလာသော လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များကို လက်ခံရရှိပြီး ရက် ၃၀ အတွင်း သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး သက်တမ်းမကုန်မီ အသုံးပြုနိုင်ပါသည်။ 

၁၀။ အဆိုပါ လက်ဆောင်ကဒ်ကူပွန် (Gift Card Coupon) ကိုပြန်လည်အသုံးပြုရာတွင် ကူပွန်တစ်စောင်လျှင် ဝယ်ယူမှုတစ်ကြိမ် အတွက်သာအသုံးပြုနိုင်မည်ဖြစ်ပါသည်။  KBZPay အသုံးပြု တစ်ဦးသည် ဝယ်ယူမှုတစ်ခုချင်းစီ အတွက် လက်ဆောင်ကဒ်လျှော့ဈေးကူပွန် တစ်စောင်သာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ 

၁၁။ KBZPay အသုံးပြုသူများသည် ပြန်အမ်းငွေ နှင့် လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား ချက်ချင်းလက်ခံရရှိမည်ဖြစ်ပြီး ပြန်အမ်းငွေအား မိမိတို့၏ KBZPay wallet အကောင့် ထဲသို့လည်းကောင်း လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များအား KBZPay “My Coupon” ထဲသို့လည်းကောင်း အသီးသီးလက်ခံရရှိမည်ဖြစ်သည်။ 

၁၂။ KBZPay Gift Card Spin Wheel Campaign ၏ အထူးဆုလက်ဆောင် ဖြစ်သည့် Samsung Tablet ဆုရရှိသူအား  KBZPay မှ SMS ဖြင့် ပေးပို့ဆက်သွယ်ပါမည်။ 

၁၃။ ဆုရရှိသူသည် KBZPay Call Center Number 3211 သို့ဆက်သွယ်ကာ [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် အဆိုပါ ရရှိထားသော SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံသို့ ဆုအား ရုံးဖွင့်ရက် ၁၀ ရက်အတွင်း ပေးပို့သွားမည်ဖြစ်ပါသည်။ 

၁၄။ ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၅။ ဆုရရှိသူသည် ၎င်းတို့ရရှိသာဆုအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။  KBZPay အသုံးပြုသူများသည် သတ်မှတ်ထားသော လက်ဆောင်ကဒ်များအား ဝယ်ယူပြီးသော်လည်း KBZPay အက်ပလီကေးရှင်း ကိုပိတ်လိုက်ခြင်း သို့မဟုတ် Campaign Page မှထွက်လိုက်ခြင်း ပြုလုပ်ပါက Spin Wheel လှည့်ခွင့်ကို ရရှိနိုင်မည် မဟုတ်ပါ။

၁၇။ ဤ Campaign တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား ဗာရှင်း ၃.၀.၃ နှင့်အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၁၈။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Level 1၊ Level 1.5 နှင့် Level 2 အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay အသုံးပြုသူ များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၃၀ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၉။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၂၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၂၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၂၇။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။