“Index Living Mallမှာ KBZPay နဲ့ ငွေရှင်းပြီး ပြန်အမ်းငွေများကို ရယူလိုက်ပါ” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ KBZPay နဲ့ Index Living Mallမှာ ငွေရှင်းပြီး ပြန်အမ်းငွေများကို ရယူလိုက်ပါ” အစီအစဉ်ကို  အောက်တိုဘာလ ၂၀ ရက်နေ့ ၂၀၂၂ခုနှစ်မှ နိုဝင်ဘာလ ၂၀ ရက်နေ့ ၂၀၂၂ ခုနှစ်အထိ ပြုလုပ်သွားမှာ ဖြစ်ပါသည်။ 

၂။ KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူများသာ ဤ ပရိုမိုးရှင်း တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay အဆင့် ၁ အသုံးပြုသူများ နှင့် KBZPay အသုံးပြုသူအသစ်များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပြန်အမ်းငွေ ရယူနိုင်မည်ဖြစ်သည်။ 

၃။ ယခု အစီအစဉ်တွင် ပါဝင်ရန် KBZPay အပ်ပလီကေးရှင်းအတွင်းသို့ ဝင်ရောက်ခြင်းဖြင့်ဖြစ်စေ၊ KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှဖြစ်စေ ဝင်ရောက်ပါဝင်နိုင်ပါသည်။

၄။ KBZPay နဲ့ Index Living Mallဆိုင်ခွဲတွေမှာ ၃၀၀,၀၀၀ ကျပ် ဖိုး နှင့် အထက် ဝယ်ယူပြီး KBZPay QR code နဲ့ငွေပေးချေခြင်းဖြင့် ကျပန်းပြန်အမ်းငွေများကို ချက်ချင်း ရယူနိုင်မှာ ဖြစ်သည်။ 

၅။ ပြန်အမ်းငွေ ပမာဏသတ်မှတ်ချက်များမှာ ၅၀၀၀ ကျပ်၊ ၁၀,၀၀၀ ကျပ်၊ ၁၅,၀၀၀ ကျပ်၊ ၂၀,၀၀၀ ကျပ်၊ ၂၅,၀၀၀ ကျပ် နှင့် ၃၀,၀၀၀ ကျပ် စသည်ဖြင့် ပြန်အမ်းငွေများပါဝင်ပါသည်။ 

၆။ KBZPay Account ဖုန်းနံပါတ် တစ်လုံးသည် တစ်နေ့လျှင် တစ်ကြိမ်သာ ပြန်အမ်းငွေ ရယူနိုင်မှာ ဖြစ်ပြီး နောက်ထပ်ပြန်အမ်းငွေ ရရှိလိုပါက နောက်တစ်ရက်တွင် ၃၀၀,၀၀၀ ကျပ်ဖိုးနှင့် အထက် ထပ်မံ ဝယ်ယူပါက ပြန်အမ်းငွေ ထပ်မံရရှိနိုင်မှာ ဖြစ်ပါသည်။ 

၇။ ပြန်အမ်းငွေသည် KBZPay အသုံးပြုသူ၏ KBZPay Wallet ထဲ သို့ ချက်ချင်း ထည့်ပေးမှာ ဖြစ်ပြီး မည်သည့် ငွေပေးချေမှုအတွက် မဆို အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

၈။ ဤ Campaignကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

 ၉။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။