ANNOUNCEMENTS

Please check our company latest news, promotions and updates product news.

Apr

3, 2026

"AppCube Developers Bootcamp with Hackathon"

ဆန်းသစ်တဲ့ Idea တွေကနေ တကယ့် Mini App တစ်ခုဖြစ်လာတဲ့အထိ ဖန်တီးနိုင်မယ့် "AppCube Developers Bootcamp with Hackathon" သင်တန်းကို အောင်မြင်စွာ တက်ရောက်ပြီးစီးခဲ့တဲ့ သင်တန်းသားများအတွက် ကျေးဇူးတင်ဂုဏ်ပြု ဆုချီးမြှင့်တဲ့ အခမ်းအနားကို မတ်လ ၃၁ ရက် ၂၀၂၆ ခုနှစ်၊ Lotte Hotel မှာ ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ သင်တန်းကာလတစ်လျှောက် ကြိုးစားအားထုတ်တက်ရောက်ခဲ့ကြတဲ့ အဖွဲ့ (၁၁) ဖွဲ့ထဲကမှ… 🏆 ပထမဆု ငွေကျပ် သိန်း ၂၀ ကို Swift Fix Mini App ကို ဖန်တီးခဲ့တဲ့ “Group 9” မှ လည်းကောင်း 🏆 ဒုတိယဆု ငွေကျပ် ၁၅ သိန်းကို EverAfter Mini App ကို ဖန်တီးခဲ့တဲ့ “Group 5” မှ လည်းကောင်း 🏆 တတိယဆု ငွေကျပ် ၁၀ သိန်းကို Go Pay Mini App ကို ဖန်တီးခဲ့တဲ့ “Group 6” မှ လည်းကောင်း လက်တွေ့ ထူးချွန်စွာ လုပ်ဆောင်နိုင်ခဲ့မှုတွေအတွက် အသီးသီး ဆုများ ချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့အပြင် နှစ်သိမ့်ဆုအနေနဲ့ သင်တန်းပြီးဆုံးတဲ့အထိ ကြိုးစားသင်ယူယှဥ်ပြိုင်ခဲ့ကြတဲ့ အဖွဲ့ (၈) ဖွဲ့ကို ငွေကျပ် တစ်သိန်းစီ ချီးမြှင့်ခဲ့ပါတယ်။ နည်းပညာကို အခြေခံတဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ဆိုရင် ထူးချွန်တဲ့ တီထွင် ဖန်တီးသူတွေ များစွာလိုအပ်တဲ့အတွက် KBZ Bank အနေနဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ စွမ်းရည်ကို အပြည့်အဝ ယုံကြည်ပြီးပံ့ပိုးပေးနိုင်မယ့် အခုလို အစီအစဥ်တွေကို ဆက်လက် အကောင်အထည်ဖော် လုပ်ဆောင်ပေးသွားဦးမှာ ဖြစ်ပါတယ်။

Mar

31, 2026

KBZPay Mini Apps Café event at Junction City

Junction City မှာ ကျင်းပခဲ့တဲ့ KBZPay Mini Apps Café ပွဲကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားခဲ့ပါပြီ။ ဒီပွဲဟာ Mini Apps ecosystem ကို အသုံးပြုပြီး Digital စနစ်နဲ့ ဈေးဝယ်ယူခြင်းက နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို ဘယ်လောက်ထိ လွယ်ကူမြန်ဆန်စေလဲဆိုတာကို လက်တွေ့ပြသနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။ ပွဲအတွင်းသို့ လာရောက်ပြီး Mini Apps ကတဆင့် ဝယ်ယူအားပေးခဲ့ကြတဲ့ Customer တစ်ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါတယ်။ ၁၀ သိန်းဆုကြီးကို အသီးသီးဆွတ်ခူးသွားကြတဲ့ ကံထူးရှင်နှစ်ဦးနဲ့တကွ ဆုငွေများစွာ ကံထူးခဲ့ကြသူအားလုံးကိုလည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ တစ်ဆက်တည်းမှာပဲ KBZPay Mini Apps နဲ့ အတူလက်တွဲလုပ်ကိုင်ဖို့ စိတ်ဝင်တစား လာရောက်ခဲ့ကြတဲ့ လုပ်ငန်းရှင်များကိုလည်း ကျေးဇူးတင်ရှိပါတယ်။ အသုံးပြုသူ ၂၁ သန်း ကျော်ရှိတဲ့ KBZPay Ecosystem ထဲမှာ အတူလက်တွဲပြီး လုပ်ငန်းတွေ ပိုမိုတိုးတက်အောင် ဖော်ဆောင်သွားဖို့ အစဉ်တစိုက် ကြိုးပမ်းသွားမှာပါ။ လာရောက်အားပေးခဲ့ကြသူအားလုံးကို ကျေးဇူးအထူးတင်ရှိပြီး နောင်လာမယ့် အစီအစဉ်သစ်တွေမှာလည်း ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ပါတယ်။

Mar

9, 2026

နိုင်ငံသားစိစစ်ရေးကတ် တုပအသုံးပြုမှုများသတိပြု

နိုင်ငံသားစိစစ်ရေးကတ် တုပအသုံးပြုမှုများသတိပြု မသမာသူတွေက နိုင်ငံသားစိစစ်ရေးကတ် (NRC) တွေကို မရိုးသားတဲ့သဘောနဲ့ တုပခြင်း၊ ပြုပြင်ခြင်း၊ပြောင်းလဲခြင်းတွေ ပြုလုပ်ပြီး လိမ်လည်မှု၊ မသမာမှုတွေ ကျူးလွန်နေကြပါတယ်။ မှတ်ပုံတင်ကို ဘယ်လို ပြောင်းလဲ ပြင်ဆင်ကြတာလဲ။ ⚠ မှတ်ပုံတင်နံပါတ်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း ⚠ မှတ်ပုံတင်ရှိ ဓာတ်ပုံနေရာတွင် အစားထိုးခြင်း ပြောင်းလဲ ပြင်ဆင်ထားတဲ့ မှတ်ပုံတင်အတုတွေကို မသမာသူတွေက… ❗ မှတ်ပုံတင်အတုများနှင့် ဘဏ်စာရင်းအကောင့်/ KBZPay အကောင့်များဖွင့်ခြင်း ❗ လိမ်လည်ရရှိသောခိုးယူငွေများကို အခြားငွေစာရင်းအကောင့်များသို့ လွှဲပြောင်းရယူခြင်း ❗ တရားမဝင်လုပ်ငန်းများတွင် ကိုယ်ရေးအချက်အလက်အမှန်များ ဖုံးကွယ်ရန် အသုံးပြုခြင်း ❗ နိုင်ငံသားစိစစ်ရေးကတ် (NRC) ကတ်များ တုပပြုလုပ်ရောင်းချခြင်းမှ ငွေကြေးအကျိုးအမြတ်များ ရယူခြင်းတို့မှာ အသုံးပြုကြပါတယ်။ အများပြည်သူတွေအနေနဲ့ ဒီလို မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့… ✅ အခြားသူတွေရဲ့ NRC ကို တွေ့ရှိ/ကောက်ရပါက သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးကို အပ်နှံပါ။ ✅ မိမိရဲ့ NRC ပျောက်ဆုံးပါက နီးစပ်ရာ ရဲစခန်းသို့ တိုင်ကြားပြီး မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးရုံးမှာ မိတ္တူထုတ်ပေးခွင့်ကို ကိုယ်တိုင်လျှောက်ထားပါ။ မိမိတို့ရဲ့ ကိုယ်ပိုင် နိုင်ငံသားစိစစ်ရေးကတ်၊ မိုဘိုင်းလ် SIM ကတ်၊ မိုဘိုင်းလ်ငွေလွှဲအကောင့်၊ ဘဏ် အကောင့်တွေကို တခြားတစ်ဦးဆီသို့ အခကြေးငွေနဲ့ ငှားရမ်းခြင်း (သို့) ရောင်းချခြင်းတွေ ပြုလုပ်မယ်ဆိုရင် နောက်ပြီး ထိုသို့ငှားထား ရောင်းထားသော အကောင့်များသည် လိမ်လည်မှုတစ်ခုခုနှင့် ပတ်သက်ခဲပါက တည်ဆဲဥပဒေတွေအရ တိုက်ရိုက်အရေးယူခြင်းခံရနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိကိုယ်ရေးကိုယ်တာအချက်အလက်တွေကို မိမိကိုယ်တိုင်ကာကွယ်ဖို့နဲ့ အခကြေးငွေနဲ့ ရောင်းချခြင်းမပြုလုပ်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Feb

25, 2026

ဆိုရှယ်မီဒီယာများမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုနှင့် ချေးငွေဆိုင်ရာ အုပ်စုဖွဲ့လိမ်လည်နေမှုများအား အထူးသတိပြုပါ

ဆိုရှယ်မီဒီယာများတွင် မက်လုံးပေး ရင်းနှီးမြှုပ်နှံစေခြင်းနှင့် ချေးငွေပေးခြင်းများပြုလုပ်ပြီး အုပ်စုဖွဲ့လိမ်လည်နေမှုများအား (အထူး) သတိပြုပါ။ လူမှုကွန်ယက်စာမျက်နှာများဖြစ်သည့် (Facebook, Messenger, Telegram, Viber) တို့တွင် - “အစုရှယ်ယာများဝယ်ယူစုဆောင်းခြင်းက အကျိုးအမြတ်များစွာပြန်လည်ရရှိနိုင်သည်” - “အတိုးနည်းနည်းဖြင့်ချေးငွေလွယ်ကူစွာရရှိနိုင်သည်” စသဖြင့် မက်လုံးပေးပြီး ငွေကြေး လိမ်လည်မှုများပြုလုပ်လာကြသည်ကို တွေ့ရှိနေရပါသည်။ အဆိုပါလိမ်လည်သူများသည် အစပိုင်းတွင် ရင်းနှီးကျွမ်းဝင်မှုရရှိရန် Customer များထံသို့ နည်းအမျိုးမျိုးဖြင့် ချဉ်းကပ်ပြီးနောက် ၎င်းတို့ကုမ္ပဏီတွင် ရှယ်ယာအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ပါက အကျိုးအမြတ် ရရှိနိုင်ကြောင်းနှင့် အကျိုးအမြတ်ရရှိထားသူများပုံစံ အတုအယောင်များဖန်တီး၍ ယုံကြည်လာစေရန်ပြသခြင်း၊ အမှန်တကယ်မရှိသော ကုမ္ပဏီလိပ်စာနှင့် လုပ်ငန်းများအားပြသကာ ယုံကြည်မှုရရှိစေရန် လိုက်လံစည်းရုံးခြင်း စသည့် နည်းလမ်းများကို အသုံးပြုလေ့ရှိကြပါသည်။ Customer များမှ ယုံကြည်ခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ကာ ပေးထားသောငွေများနှင့် အမြတ်ငွေများအား ပြန်လည်ထုတ်ယူရန် တောင်းဆိုသောအခါတွင်လည်း… !! Transaction Slip (စလစ်)အတုများကိုသာ ပေးပို့ပြသခြင်း၊ !! ရင်းနှီးမြှုပ်နှံငွေအား ပြန်လည်ထုတ်ယူရန် ငွေထပ်မံလွှဲပေးဖို့လိုကြောင်းပြော၍ ငွေထပ်မံ တောင်းခံခြင်း !! Customer များမှ ငွေထပ်မံလွှဲပေးပြီးသည်နှင့် အဆက်အသွယ်ဖြတ်တောက်ခြင်း စသည့် လုပ်ရပ်များပြုလုပ်ကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်နေကြပါသည်။ ထိုကဲ့သို့သော ငွေကြေးလိမ်လည်ခံရမှုများ မဖြစ်စေရန်အတွက်… ✔ အကျိုးအမြတ်များစွာ ရရှိမည်ဟု အာမခံပြောဆိုသော ရင်းနှီးမြှုပ်နှံမှုများကို လွယ်လွယ်မယုံပါနှင့်။ ✔ မည်သည့် ရင်းနှီးမြှုပ်နှံမှုကိုမဆို တရားဝင်ဖြစ်/မဖြစ် စိစစ်စစ်ဆေးပြီးမှသာ ဆုံးဖြတ်ပါ။ ✔ Social Media Group များမှတစ်ဆင့် ချေးငွေ (သို့မဟုတ်) ရင်းနှီးမြှုပ်နှံမှုများ ကမ်းလှမ်းလာပါက (အထူး) သတိထားပါ။ ✔ Transaction Slip Screenshot တစ်ခုတည်းဖြင့် ငွေလွှဲပြီးကြောင်း မယုံကြည်ပါနှင့်။ ✔ တရားဝင်ကြေညာထားသော ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှသာ ချေးငွေများ ရယူပါ။ မိမိကြုံတွေ့ရသောအခြေအနေတစ်ခုခုပေါ်တွင် အတည်ပြုရန်လိုအပ်ပါက KBZPay Call Center 3211 ကို အမြန်ဆုံးဆက်သွယ်မေးမြန်းနိုင်ပါသည်။

Sep

3, 2025

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အသိပေးအကြောင်းကြားခြင်း

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ၃၁ ဒီဇင်ဘာလ၊ ၂၀၂၄ တွင် ထုတ်ပြန်ထားသော မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ အသုံးပြု၍ လိမ်လည်မှုဖြစ်စဉ်များအား ကာကွယ်တားဆီးနိုင်ရေး အများပြည်သူသို့ အသိပေး ကြေညာချက်အား KBZPay အသုံးပြုသူများ သိရှိစေရန် ပြန်လည် မျှဝေအပ်ပါသည်။ ကြေညာချက် အပြည့်အစုံကို

Aug

21, 2025

ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ဖေးမကူ

ပြင်းထန်သည့် ငလျင်ကြောင့် ဖြစ်ပေါ်လာရသည့် ပျက်စီးဆုံးရှုံးမှုများတွင် တဖက်တလမ်းကနေ ပါဝင်ကူညီလိုတဲ့မြန်မာနိုင်ငံတစ်ဝန်းရှိ နိုင်ငံသူ/နိုင်ငံသားများအနေဖြင့်ငလျင်ဒဏ်သင့်ပြည်သူများအတွက် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းများရဲ့လိုအပ်ချက်တွေကို KBZPay ရဲ့ Donation (အလှူဒါန) ကိုအသုံးပြုကာပါဝင်လှုဒါန်းကူညီမှုများပြုလုပ်နိုင်ပြီဖြစ်ကြောင်းအသိပေးအကြောင်းကြားလိုပါတယ်။ KBZPay မှ တစ်ဆင့် လှုဒါန်းမှုများသည် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ၁၀၀% အချိန်နှင့်တပြေးညီ ပြန်လည် ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ကူညီမှုများပြုလုပ်ဖို့အတွက် စိတ်ဝင်စားပါက KBZPay ရဲ့ Home Page သို့ ဝင်ရောက်ပြီး Donation (အလှူဒါန) ကို ရွေးချယ်ကာ လှုဒါန်းနိုင်မှာ ဖြစ်ပါတယ်။ Donation (အလှူဒါန) ထဲရှိ Myanmar Red Cross Society -မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ – မန္တလေးတိုင်းဒေသကြီး ကော်မတီ Shwe Minn Tha Foundation(Myanmar) “နေ”လူထုကျန်းမာရေးစတဲ့အဖွဲ့အစည်းများထဲမှ မိမိလှုဒါန်းလိုတဲ့ အဖွဲ့အစည်းကို ရွေးချယ်ပြီး လှူဒါန်းလိုသောပမာဏကိုရိုက်ထည့်၍ လှုဒါန်းနိုင်မှာဖြစ်ပါတယ်။ လှူဒါန်းရန်- ငလျင်ဒဏ်သင့်ပြည်သူများအတွက် ဝိုင်းဝန်းလက်တွဲလို့ ဖေးမကူရင်းဖြင့် အတူတကွဒီအခက်အခဲများကို ကျော်ဖြတ်ကြပါစို့။

Aug

21, 2025

ပေါင်းစည်းချိတ်ဆက်မှုများနှင့် KBZPay

ငွေပေးချေမှုတွေအားလုံးချောမွေ့လွယ်ကူစေဖို့ ပေါင်းစည်းပေးချေမှု နဲ့ MMQR ကို ဖေဖော်ဝါရီလ ၂၅ ​ရက် ၂၀၂၅ ခုနှစ် မှာ စတင်ပြီး မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။ MMQR ဆိုတာ မိုဘိုင်းပိုက်ဆံအိတ်နဲ့ ငွေပေးချေတဲ့အခါတိုင်းမှာ အသုံးပြုနိုင်ပြီး ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ QR ဖြစ်တာကြောင့် သုံးစွဲသူတွေရော ရောင်းချသူတွေကြားမှာပါ အဆင်ပြေချောမွေ့မှုများစွာကို ပိုမို ရရှိစေမှာ ဖြစ်ပါတယ်။ ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ MMQR ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့ Customer တွေက မည်သည့် မိုဘိုင်းပိုက်ဆံအိတ်ကို မဆို အသုံးပြုပြီး ငွေပေးချေနိုင်မှာ ဖြစ်တဲ့အတွက် KBZPay အသုံးပြုတဲ့ Customer များ အနေနဲ့လည်း ဆိုင်တိုင်းမှာ KBZPay မိုဘိုင်းပိုက်ဆံအိတ်တစ်ခုတည်းနဲ့ ငွေအလွယ်တကူ ဆက်လက် ပေးချေနိုင်မှာ ဖြစ်ပါတယ်။ တိုးတက်ခေတ်မီစွာပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ငွေသားအသုံးပြုမှုမှသည် ခေတ်မီဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေကြေးအသုံးပြုမှုစနစ်ကိုပြောင်းလဲတိုးတက်ဖို့အတွက် MMQR ဟာပေါင်းစည်းချိတ်ဆက်ပေးသွားမှာ ပဲဖြစ်ပါတယ်။

Aug

21, 2025

“ဘဏ်တွေက ဒါမျိုး မေးမှာမဟုတ်ပါဘူး။”

ဘဏ်တွေက ကိုယ်ရေးကိုယ်တာအချက်အလက်တွေ၊ OTP ဒါမှမဟုတ် PIN နံပါတ်တို့ကိုမေးမြန်းမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီအချက်အလက်တွေကို ဘယ်သူ့ကိုမှ မပေးလိုက်ပါနဲ့။ တစ်ခုခု ဖြစ်ပြီဆိုတာနဲ့ သိသိချင်း KBZPay ရဲ့ Customer Service Call Center 3211 Ext: 4 ကိုပဲ ဖြစ်ဖြစ်၊ KBZ Bank Call Center 09-951018555 ဒါမှမဟုတ် နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲ (သို့) KBZPay Center သို့သွားရောက်၍ဖြစ်စေ၊ သို့ သွားရောက်ပြီး ဆက်သွယ်အကူအညီရယူလိုက်ပါ။ သတိရှိရှိနဲ့ နေထိုင်တာဟာ ဘေးကင်းလုံခြုံစေဖို့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။