“ KBZPay ဆိုသည်မှာ မိမိတို့၏ ဖုန်းအား ပိုက်ဆံအိတ်ကဲ့သို့ ငွေဖြည့်၍ ငွေပေးချေလွှဲပြောင်းမှုများ ပြုလုပ်နိုင်သည့် e-ပိုက်ဆံအိတ် (Mobile wallet) App တစ်ခု ဖြစ်ပါသည်။ ဤ e-ပိုက်ဆံအိတ် (Mobile wallet) App ထဲသို့ ငွေသား ထည့်သွင်း၍ QR ကုဒ် ဖြင့် အသုံးအဆောင်ပစ္စည်းများ ဝယ်ယူခြင်း၊ တခြားသူထံ ငွေလွှဲပြောင်းပေးခြင်း နှင့် ဘဏ်မှ အသိအမှတ်ပြုထားသော KBZPay ကိုယ်စားလှယ်များထံမှ ငွေသား ထုတ်ယူခြင်းများ ပြုလုပ်နိုင်ပါသည်။ မိမိ၏ ဘဏ်စာရင်းနှင့် ချိတ်ဆက်၍ နေရာတိုင်း၊ အချိန်တိုင်းတွင် ငွေသားကိုင်ဆောင်ရန်မလိုပဲ ငွေပေးချေမှုများကို ပြုလုပ်နိုင်ပါသည်။
ဘဏ်မှအသိအမှတ်ပြုထားသော KBZPay ကိုယ်စားလှယ်များသည် ကမ္ဘောဇဘဏ်နှင့် စာချုပ်ချုပ်ထားသူများ ဖြစ်ပြီး ဘဏ်ကိုယ်စား ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။
KBZPay App ကို Android ဖုန်းများ အတွက် Google Play Store၊ iPhone များအတွက် Apple App Store၊ www.kbzpay.com တို့မှတဆင့် Download ဒေါင်းလုပ် ပြုလုပ်နိုင်ပါသည်။”