“ အချစ်များစွာယူ KBZPay နဲ့အတူ ” အစီအစဥ် စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ
2/5/2026
၁။ KBZPayသည် “အချစ်များစွာယူ KBZPayနဲ့အတူ” အစီအစဥ်ကာလကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ(၁၀) ရက်နေ့မှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၄)ရက်နေ့ အထိ သတ်မှတ်ထား ပါသည်။
၂။ ဤ အစီအစဥ်တွင်KBZPay အဆင့် ၁.၅၊ အဆင့် ၂နှင့် Youth Account အသုံးပြုသူများသာ ပါဝင်နိုင်မည် ဖြစ်သည်။ KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ဤအစီအစဥ်တွင်ပါဝင်နိုင်မည် ဖြစ်ပါသည်။ Youth Account အသုံးပြုသူများအနေဖြင့် သက်ဆိုင်ရာ အုပ်ထိန်းသူ၏ ခွင့်ပြုချက်ဖြင့်သာပါဝင်နိုင်မည်ဖြစ်ပြီး Youth Account အသုံးပြုသူများမှ ဤ Campaign တွင်ပါဝင်ခြင်းသည် သက်ဆိုင်ရာအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရရှိ၍ ပါဝင်ခြင်းဖြစ်သည်ဟုမှတ်ယူမည်ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသော KBZPay အသုံးပြုသူများအနေဖြင့် KBZPay ၏ သတ်မှတ်ထားသော ဝန်ဆောင်မှုများတွင် သတ်မှတ်ထားသောငွေပမာဏ အတိုင်း ငွေပေးချေခြင်းဖြင့် အသည်းလေးကိုနှိပ်ကာ ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုများသည် အချစ်များစွာယူ KBZPay နဲ့အတူ ကမ်ပိန်းမှတစ်ဆင့် ပြန်အမ်းငွေ လက်ဆောင်များ ရရှိစေရန် KBZPay အတွင်းရှိ သတ်မှတ်ထားသော ဝန်ဆောင်မှုများတွင် ငွေပေးချေမှု လုပ်ဆောင်ပြီး ကမ်ပိန်းစာမျက်နှာရှိ အသည်းလေးကို နှိပ်ကာ ပြန်အမ်းငွေနှင့် ကူပွန်များ ကံစမ်းနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။
၄။ KBZPay အသုံးပြုသူများသည် အချစ်များစွာယူ KBZPayနဲ့အတူ အစီအစဉ်တွင် ဆုလက်ဆောင်များကံထူးနိုင်ရန် KBZPay အတွင်းရှိ အောက်ပါဝန်ဆောင်မှုများတွင် ငွေပေးချေမှုပြုလုပ်ရန် လိုအပ်ပါသည်။
- KBZPay MMQR ဖြင့် ငွေပေးချေခြင်း (၁၀,၀၀၀ ကျပ်နှင့်အထက်)
- ဖုန်းဘေလ်ဖြည့်ခြင်း (၁,၀၀၀ ကျပ်နှင့်အထက်)
- ဘေလ်ပေးဆောင်ခြင်း( ၁၀,၀၀၀ ကျပ်နှင့်အထက်)
- KBZPay Market တွင် ငွေပေးချေဝယ်ယူခြင်း (၅၀၀ ကျပ်နှင့်အထက်)
- KBZPay Mini Apps တွင် ငွေပေးချေဝယ်ယူခြင်း (၅၀၀ ကျပ်နှင်အထက်)
- လက်ဆောင်ကတ် ငွေပေးချေဝယ်ယူခြင်း(၅,၀၀၀ ကျပ်နှင့်အထက်)
- ပြည်ပငွေလွှဲလက်ခံခြင်း (၁၀၀,၀၀၀ ကျပ်နှင့် အထက်)
- ချစ်သူများနေ့အထူးပရိုမိုးရှင်းများကို ၁၀,၀၀၀ ကျပ်နှင့်အထက် ဝယ်ယူခြင်းဖြင့်လည်း ဆုလက်ဆောင် ကံစမ်းခွင့် ရယူနိုင်ပါသည်။
၅။ ဤအစီအစဉ် စာမျက်နှာသို့ ပထမဦးဆုံးအကြိမ်ဝင်ရောက်ခြင်းဖြင့်လည်း ဆုလက်ဆောင် ကံစမ်းခွင့်(၁)ကြိမ် ရရှိနိုင်ပါသည်။
၆။ အစီအစဉ်ကို သူငယ်ချင်းများထံ (သို့မဟုတ်) ဆိုရှယ်မီဒီယာတွင်မျှဝေခြင်းဖြင့်လည်း ဆုလက်ဆောင်ကံစမ်းခွင့် တစ်ရက်လျှင် တစ်ကြိမ် ရရှိနိုင်ပါသည်။
၇။ ဤအစီအစဥ် ကာလတစ်လျှောက်လုံးတွင် KBZPay အသုံးပြုသည့် ပါဝင်သူတစ်ဦးလျှင် အများဆုံး (၂၆) ကြိမ်အထိပါဝင်ကံစမ်းခွင့်ရှိပါသည်။
၈။ အစီအစဉ်မှ ကံထူးနိုင်သော ဆုလက်ဆောင်များမှာ
(၁) ၅၀ ကျပ် ပြန်အမ်းငွေ
(၂) ၈၀ ကျပ် ပြန်အမ်းငွေ
(၃) ၂,၉၈၀ ကျပ် ပြန်အမ်းငွေ
(၄) ၉,၈၃၄ ကျပ် ပြန်အမ်းငွေ
(၅) ၅၄၂,၉၈၀ ကျပ် ပြန်အမ်းငွေ
(၆) ၅၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
(၇) ၅၀၀ ကျပ်တန် လျှော့စျေးကူပွန်
(၈) ၅၀ ကျပ်တန် ကူပွန်
(၉) ၈၀ ကျပ်တန် ကူပွန်
(၁၀) ၁၀၀ ကျပ်တန် ကူပွန်
(၁၁) ၂၀၀ ကျပ်တန် ကူပွန်
(၁၂) ၅၀၀ ကျပ်တန် ကူပွန်
(၁၃) ၁,၀၀၀ ကျပ်တန် ကူပွန်
(၁၄) ၁,၅၀၀ ကျပ်တန် ကူပွန်
(၁၅) ကျေးဇူးတင်ပါသည်။
၉။ ဤအစီအစဥ်မှ ရရှိလာသော ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ၎င်းရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ရရှိထားသော ကူပွန်များကို KBZPay MMQR ဖြင့် ငွေပေးချေခြင်း ၊ဖုန်းဘေလ်ဖြည့်ခြင်း၊ ဘေလ်ပေးဆောင်ခြင်း ၊KBZPay Market တွင် ငွေပေးချေဝယ်ယူခြင်း ၊ KBZPay Mini Apps တွင် ငွေပေးချေဝယ်ယူခြင်း ၊ လက်ဆောင်ကတ် ငွေပေးချေဝယ်ယူခြင်း တို့တွင် အသုံးပြုနိုင်မည်ဖြစ်သည်။
ကူပွန်များ နှင့် ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့်ကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။
၁၀။ ဤအစီအစဥ်အရ ဆုလက်ဆောင်ရရှိသူများနှင့် ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်/ ကူပွန် အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။
၁၁။ ဤအစီအစဥ်တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။
၁၂။ အစီအစဥ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။
၁၃။ ဤအစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။
၁၄။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၅။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၆။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၇။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၈။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၉။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၁။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။